မန္တလေးမြို့က ကိုဗစ် ပိုးတွေ့လူနာအားလုံး ရောဂါကင်းစင်

0
75

မန္တလေးမြို့က ကိုဗစ်-၁၉ ပိုးတွေ့လူနာဖြစ်တဲ့ (Case – 82) ရဲ့ ဆေးစစ်ရလဒ်အဖြေဟာ နှစ်ခါ Negative ထွက်တာကြောင့် မန္တလေးမြို့မှာ ပိုးတွေ့လူနာကင်းစင်သွားပြီဖြစ်လို့ မန္တလေးအထွေထွေရောဂါကု ဆေးရုံအုပ်ကြီး ဒေါက်တာစုစုဒွေးက ပြောပါတယ်။

မန္တလေးမှာ ကိုဗစ်-၁၉ပိုးတွေ့လူနာ ၃ ယောက်ရှိခဲ့ပြီး ၃ ယောက်စလုံး ကျန်းမာရေး ကောင်းမွန်ကာ ၂ ယောက်က ဆေးရုံဆင်းခွင့်ရရှိခဲ့ပါတယ်။

နောက်ဆုံးကျန်တစ်ယောက်ဖြစ်တဲ့ Case-82 ဟာလည်း ဆေးစစ်ရလဒ်အဖြေ Negative နှစ်ခါဖြစ်တာကြောင့် ဆေးရုံဆင်းပြီး Facility Quarantine နဲ့ ဆက်လက်စောင့်ကြည့်တာတွေ လုပ်သွားရမှာပါ။

Case 82 ဟာ တူရကီနိုင်ငံက ပြန်လာသူဖြစ်ပြီး ရန်ကုန်မြို့မှာ ၁၄ ရက် Quarantine ဝင်ခဲ့ကာ ဧပြီလ ၇ ရက်က လေယာဉ်နဲ့ မန္တလေးမြို့ကို ပြန်လည်ရောက်ရှိခဲ့သူဖြစ်ပါတယ်။

သံသယဖြစ်စရာ ရောဂါလက္ခဏာပြလာတာကြောင့် ဧပြီ ၁၂ ရက်က မန္တလေးဆေးရုံကြီးကို ပို့ဆောင်စစ်ဆေးခဲ့ရာ ဧပြီလ ၁၆ ရက်နေ့က ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိခဲ့တာပါ။

မန္တလေးမြို့မှာ အရင်က အပြင်ထွက်သူနည်းပေမယ့် အခုအခါ အပြင်ထွက်သူ ပိုများလာပြီ ဖြစ်တဲ့အပြင် Mask စနစ်တကျမတပ်တာတွေလည်း တွေ့ရှိနေရပါတယ်။

လက်တလောအနေအထားအရ မန္တလေးမှာ Positive လူနာသစ်ထပ်မတွေ့သေးပေမဲ့ တရုတ်နဲ့ ထိုင်းက ဝင်လာသူတွေရဲ့ အခြေအနေကို စောင့်ကြည့်ရမယ်လို့ ချမ်းမြသာစည်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုးက ပြောပါတယ်။

မန္တလေးတိုင်း တစ်တိုင်းလုံးမှာ Quarantine center ၁၅၇၄ ခုရှိပြီး မေလ ၁၁ ရက်နေ့အထိ Quarantine ဝင်နေသူ ၇၅၇၃ ယောက်ရှိကာ Quarantine ဝင်ပြီးသူ ၈၁၀၆ ယောက်ရှိပါတယ်။

နိုင်လင်းဦး DVB TV News

မႏၲေလးၿမိဳ႕က ကိုဗစ္-၁၉ ပိုးေတြ႕လူနာျဖစ္တဲ့ (Case – 82) ရဲ႕ ေဆးစစ္ရလဒ္အေျဖဟာ ႏွစ္ခါ Negative ထြက္တာေၾကာင့္ မႏၲေလးၿမိဳ႕မွာ ပိုးေတြ႕လူနာကင္းစင္သြားၿပီျဖစ္လို႔ မႏၲေလးအေထြေထြေရာဂါကု ေဆး႐ုံအုပ္ႀကီး ေဒါက္တာစုစုေဒြးက ေျပာပါတယ္။

မႏၲေလးမွာ ကိုဗစ္-၁၉ပိုးေတြ႕လူနာ ၃ ေယာက္ရွိခဲ့ၿပီး ၃ ေယာက္စလုံး က်န္းမာေရး ေကာင္းမြန္ကာ ၂ ေယာက္က ေဆး႐ုံဆင္းခြင့္ရရွိခဲ့ပါတယ္။

ေနာက္ဆုံးက်န္တစ္ေယာက္ျဖစ္တဲ့ Case-82 ဟာလည္း ေဆးစစ္ရလဒ္အေျဖ Negative ႏွစ္ခါျဖစ္တာေၾကာင့္ ေဆး႐ုံဆင္းၿပီး Facility Quarantine နဲ႔ ဆက္လက္ေစာင့္ၾကည့္တာေတြ လုပ္သြားရမွာပါ။

Case 82 ဟာ တူရကီႏိုင္ငံက ျပန္လာသူျဖစ္ၿပီး ရန္ကုန္ၿမိဳ႕မွာ ၁၄ ရက္ Quarantine ဝင္ခဲ့ကာ ဧၿပီလ ၇ ရက္က ေလယာဥ္နဲ႔ မႏၲေလးၿမိဳ႕ကို ျပန္လည္ေရာက္ရွိခဲ့သူျဖစ္ပါတယ္။

သံသယျဖစ္စရာ ေရာဂါလကၡဏာျပလာတာေၾကာင့္ ဧၿပီ ၁၂ ရက္က မႏၲေလးေဆး႐ုံႀကီးကို ပို႔ေဆာင္စစ္ေဆးခဲ့ရာ ဧၿပီလ ၁၆ ရက္ေန႔က ကို႐ိုနာဗိုင္းရပ္စ္ပိုးေတြ႕ရွိခဲ့တာပါ။

မႏၲေလးၿမိဳ႕မွာ အရင္က အျပင္ထြက္သူနည္းေပမယ့္ အခုအခါ အျပင္ထြက္သူ ပိုမ်ားလာၿပီ ျဖစ္တဲ့အျပင္ Mask စနစ္တက်မတပ္တာေတြလည္း ေတြ႕ရွိေနရပါတယ္။

လက္တေလာအေနအထားအရ မႏၲေလးမွာ Positive လူနာသစ္ထပ္မေတြ႕ေသးေပမဲ့ တ႐ုတ္နဲ႔ ထိုင္းက ဝင္လာသူေတြရဲ႕ အေျခအေနကို ေစာင့္ၾကည့္ရမယ္လို႔ ခ်မ္းျမသာစည္ၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္ (၂) လႊတ္ေတာ္ကိုယ္စားလွယ္ ဦးျမင့္ေအာင္မိုးက ေျပာပါတယ္။

မႏၲေလးတိုင္း တစ္တိုင္းလုံးမွာ Quarantine center ၁၅၇၄ ခုရွိၿပီး ေမလ ၁၁ ရက္ေန႔အထိ Quarantine ဝင္ေနသူ ၇၅၇၃ ေယာက္ရွိကာ Quarantine ဝင္ၿပီးသူ ၈၁၀၆ ေယာက္ရွိပါတယ္။

ႏိုင္လင္းဦး DVB TV News

LEAVE A REPLY

Please enter your comment!
Please enter your name here