ကိုဗစ်ရောဂါကာကွယ်ဆေးပေါ်သည်အထိ ကျောင်းများပိတ်ထားရန် မဖြစ်နိုင်၍ကျောင်းများပြန်ဖွင့် ရမည်ဟု အတိုင်ပင်ခံ ပြောကြား

0
159

ကိုဗစ် ၁၉ရောဂါ ကာကွယ်ဆေး ပေါ်သည့်အထိ ကျောင်းများပိတ်ထားရန် မဖြစ်နိုင်သည့်အတွက် ပြန်ဖွင့်ရမည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ပြုလုပ်သည့် အွန်လိုင်း တိုက်ရိုက်ဆွေးနွေးပွဲတွင် ပြောဆိုသည်။

“ ကျောင်းတွေက အမြဲပိတ်ထားလို့လည်းမရဘူး။ ကျောင်းတွေပြန်ဖွင့်ရမယ် ဖွင့်တဲ့အခါကျရင် ကလေးတွေကို ခွာခွာထားဖို့ဆိုရင် ဒီနိုင်ငံက ကျောင်းတွေက တစ်တန်းတစ်တန်းမှာဆိုရင် ကျောင်းသူကျောင်းသားတွေများတယ်။

များတဲ့အခါကျတော့ ကပ်ပြီးတော့ ထိုင်ကျတယ်။ အဲတာခွဲလိုက်မယ်ဆိုရင် ဘယ်နှတန်းပိုလွယ်မလဲ။ အရင်တုန်းက တစ်တန်းထဲမှာဝင်တဲ့ ကလေးတွေကို သုံးတန်းလောက်လိုမှာလား။

သုံးခန်းလောက်လိုမှာလား။ အဲတာဘယ်လောက်မြန်မြန် စီစဉ်နိုင်မလဲ။ ဒီဟာတွေ ဒီဟာတွေပေါ့နော်။ အားလုံးစဉ်းစားရတာပေါ့။ စဉ်းစားတဲ့အခါကျတော့ ရေတိုရေရှည်လည်း စဉ်းစားရတယ်။

နောက်ပြီးတော့ ဖြစ်နိုင်ခြေကိုလည်း ထည့်ပြီးတွက်ရတယ်။ ဒီကာကွယ်ဆေးက မြန်မြန်ရမှာ မဟုတ်ဘူးဆိုရင် ကျောင်းတွေကပြန်ဖွင့်ရမှာပဲကာကွယ်ဆေးပေါ်တဲ့ထိ ကျောင်းစောင့်ဖို့ဆိုတာတော့ မလွယ်ဘူး” ဟု ၎င်းကပြောဆိုသည်။

လက်ရှိတွင် ကိုဗစ် ၁၉ရောဂါ ကာကွယ်ဆေးပေါ်ပေါက်ရန်အတွက် နိုင်ငံတော်တော်များက ကြိုးစားနေကြပြီး လာမည့် ၂လကျော် ကာ လအတွင်းလူတွင် စမ်းသပ်ထိုးရန် လုပ်ဆောင်သည်ကို ကြားသိရ ကြောင်း၊

ထိုသို့ ကာကွယ်ဆေး မပေါ်ပေါက်သေးလျှင် လက်ရှိနေထိုင်နေသော ပုံစံသစ်ဖြင့် ဆက်လက်နေထိုင် သွားရမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောဆိုသည်။

“ အိမ်ကျဉ်းကျဉ်းထဲမှာ နေရတယ်ဆိုရင် အိမ်ခန်းလေးတစ်ခန်း နှစ်ခန်းထဲမှာပဲ နေရတယ်။

မိသားစုက ၄၊၅ ယောက်ရှိတယ်ဆိုရင်ခွာခွာနေလို့ ဘယ်လိုပြောမလဲ။

တစ်ယောက်ကနေပြီးတော့များ အပြင်မှာထွက်ပြီးတော့ အလုပ်လုပ်ရလို့ ရောဂါပိုးများရလာမလား စိုးရိမ် ပေမယ့်လည်း ဘယ်လိုလုပ် သက်သက်ကြီးသွားထားမလဲ။

နေရာမှမရှိဘဲ အဲလိုလက်တွေ့မကျတဲ့ဟာတွေလည်း ရှိပါတယ်။လက်တွေ့ကျကျ ခွာခွာမနေနိုင်တဲ့ အခြေအနေမှာ ဘယ်လိုနေမလဲဆိုတာ အကြီးဆုံးစိန်ခေါ်မှုပဲ ဘယ်လိုပုံစံနဲ့ စီစဉ်မလည်းပေါ့။ ဈေးကဆိုရင် တစ်ခဏနော်။ အိမ်မှာနေရတာကကြာတယ်” ဟု ၎င်း က ပြောဆိုသည်။

ထို့ပြင် ပြီးခဲ့သည့် မေလ ၇ ရက်နေ့က ရန်ကုန်တိုင်းအတွင်းရှိ အင်းစိန်မြို့နယ် နှင့် တာမွေမြို့နယ်အတွင်း ရောဂါပိုးတွေ့ရှိသူ ၁၄ဦးရှိခဲ့ပြီး စံချိန်တင်မြင့်တက်ခဲ့ကာ လက်ရှိ မြန်မာနိုင်ငံတွက် ကိုဗစ်၁၉ ရောဂါ ကူးစက်ခံရသူ ၁၈ဝဦး၊ သေဆုံး ၆ဦးနှင့် ဆေးရုံဆင်းခွင့်ရရှိသူ ၅၉ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါ ကူးစက်ခံရသူ များပြားလာသည့်အပေါ် အစိုးရကထုတ်ပြန်ထားသော Mask ဝတ်ဆင်ရေး မလိုက်နာသူများကို ဒဏ်ငွေရိုက်ကာ အလေ့အကျင့်ဖြစ်အောင် လုပ်ဆောင်သင့်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ဆက်လက်ပြောဆိုသည်။

“ စျေးတွေနဲ့ ပတ်သက်လို့ အခုဆိုရင် စျေးတွေက နည်းနည်းစိုးရိမ်ရတာပေါ့။ စောစောကအမေပြောသလို လူစုလူဝေးဖြစ်နိုင်တယ်။

စျေးမဝယ်လို့လည်း မဖြစ်ဘူး။ စားရေးသောက်ရေးဆိုတာ ရှိသေးတာကို ဒီစျေးတွေမှာ မြိုင်စျေးလည်း မရောက်ဖူးဘူး။

ကလောကိုလည်း မရောက်ဖူးဘူး။ အရင်တုန်းကရောက်ဖူးတယ်ပေါ့။ အခုအ ခြေအနေမှာပြောတာ ဒါပေမယ့် ရောက်ဖူးတာက နေပြည်တော်က စျေးတွေကို နည်းနည်းလှည့်ပြီးတော့ ကြည့်လိုက်တယ်။

လှည့်ပြီးတော့ ကြည့်လိုက်တဲ့အခါမှာ နေပြည်တော်က ဟိုတစ်နေ့ တုန်းက မြို့မစျေးမှာတော့ အခြေအနေ သိပ်မကောင်းဘူး ဆိုတာတွေ့ရတယ်။

အခြေအနေသိပ်မကောင်းဘူးဆိုတာ လူတွေစုစု စုစုနဲ့ ရှိကျတယ်။ တချို့တွေကလည်း mask မတတ်ထားဘူး။

နောက်ပြီးတော့ သမီးပြောသလိုပေါ့။ mask ကိုတတ်ပြီးတော့ အောက်ကိုချထားတယ်။

အဲဒီဟာကတော့ အဲတာလည်း ဒဏ်ငွေလေးဘာ လေး ရိုက်ပြီးတော့ အလေ့အကျင့် ဖြစ်သွားအောင်လုပ်ရမယ်။ အလေ့အကျင့်ဖြစ်သွားရင် နေနိုင်တယ်” ဟု ၎င်းကပြောဆိုသည်။

ထိုသို့ mask ဝတ်ဆင်ခြင်းကြောင့် အသက်ရှုကြပ်ခြင်း၊ ပူအိုက်ခြင်းဟု ပြောဆိုခြင်းများသည် ဝတ်လေ့ဝတ်ထမရှိခြင်း ကြောင့်ဖြစ်ပြီး ဝတ်လေ့ဝတ်ထရှိသွားလျှင် အသက်ရှုရအဆင်ပြေသွားမည်ဖြစ် ကြောင်း၊

လက်ရှိချိန်တွင် မြန်မာနိုင်ငံ၌ ပူပြင်းလှသော ရာသီဥတုဖြစ်သော်လည်း ပူပြင်းချိန်တွင် mask ဝတ်ဆင်သော အလေ့အကျင့်ရှိသွားလျှင် မည်သည့်အချိန်တွင်မဆို mask ဝတ်ဆင်ခြင်းအခက်အခဲမရှိတော့ကြောင်း

မြန်မာနိုင်ငံ၏ မြို့တော်ဖြစ်သော နေပြည် တော်ရှိ စျေးများတွင်ပင် စည်းကမ်းမလိုက်နာသည်ကို တွေ့နေရကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောဆိုသည်။

လက်ရှိချိန်တွင် မြန်မာနိုင်ငံ၌ ကိုဗစ် ၁၉ ရောဂါ ကူးစက်ခံရသူ ၁၈ဝ၊ သေဆုံးသူ ၆ ဦးနှင့် ဆေးရုံဆင်းခွင့်ရရှိသူ ၅၉ ဦးရှိကြောင်းအစိုးရက ထုတ်ပြန်ထားသည်။

ခရက်ဒစ် သတင်းထူးသတင်းဦးများ

ကိုဗစ္ေရာဂါ ကာကြယ္ေဆးေပၚသည္အထိ ေက်ာင္းမ်ားပိတ္ထားရန္ မျဖစ္နိုင္၍ ေက်ာင္းမ်ားျပန္ဖြင့္ ရမည္ဟု အတိုင္ပင္ခံ ေျပာႀကား

ကိုဗစ္ ၁၉ေရာဂါ ကာကြယ္ေဆး ေပၚသည့္အထိ ေက်ာင္းမ်ားပိတ္ထားရန္ မျဖစ္နိုင္သည့္အတြက္ ျပန္ဖြင့္ရမည္ျဖစ္ေၾကာင္း နိုင္ငံေတာ္အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ယေန႔ျပဳလုပ္သည့္ အြန္လိုင္း တိုက္ရိုက္ေဆြးေႏြးပြဲတြင္ ေျပာဆိုသည္။

“ ေက်ာင္းေတြက အျမဲပိတ္ထားလို့လည္းမရဘူး။ ေက်ာင္းေတြျပန္ဖြင့္ရမယ္ ဖြင့္တဲ့အခါက်ရင္ ကေလးေတြကို ခြာခြာထားဖို့ဆိုရင္ ဒီနိုင္ငံက ေက်ာင္းေတြက တစ္တန္းတစ္တန္းမွာဆိုရင္ ေက်ာင္းသူေက်ာင္းသားေတြမ်ားတယ္။

မ်ားတဲ့အခါက်ေတာ့ ကပ္ၿပီးေတာ့ ထိုင္က်တယ္။ အဲတာခြဲလိုက္မယ္ဆိုရင္ ဘယ္ႏွတန္းပိုလြယ္မလဲ။ အရင္တုန္းက တစ္တန္းထဲမွာဝင္တဲ့ ကေလးေတြကို သုံးတန္းေလာက္လိုမွာလား။

သုံးခန္းေလာက္လိုမွာလား။ အဲတာဘယ္ေလာက္ျမန္ျမန္ စီစဥ္နိုင္မလဲ။ ဒီဟာေတြ ဒီဟာေတြေပါ့ေနာ္။ အားလုံးစဥ္းစားရတာေပါ့။ စဥ္းစားတဲ့အခါက်ေတာ့ ေရတိုေရရွည္လည္း စဥ္းစားရတယ္။

ေနာက္ၿပီးေတာ့ ျဖစ္နိုင္ေျခကိုလည္း ထည့္ၿပီးတြက္ရတယ္။ ဒီကာကြယ္ေဆးက ျမန္ျမန္ရမွာ မဟုတ္ဘူးဆိုရင္ ေက်ာင္းေတြကျပန္ဖြင့္ရမွာပဲကာကြယ္ေဆးေပၚတဲ့ထိ ေက်ာင္းေစာင့္ဖို့ဆိုတာေတာ့ မလြယ္ဘူး” ဟု ၎ကေျပာဆိုသည္။

လက္ရွိတြင္ ကိုဗစ္ ၁၉ေရာဂါ ကာကြယ္ေဆးေပၚေပါက္ရန္အတြက္ နိုင္ငံေတာ္ေတာ္မ်ားက ႀကိဳးစားေနၾကၿပီး လာမည့္ ၂လေက်ာ္ ကာ လအတြင္းလူတြင္ စမ္းသပ္ထိုးရန္ လုပ္ေဆာင္သည္ကို ၾကားသိရ ေႀကာင္း၊

ထိုသို့ ကာကြယ္ေဆး မေပၚေပါက္ေသးလၽွင္ လက္ရွိေနထိုင္ေနေသာ ပုံစံသစ္ျဖင့္ ဆက္လက္ေနထိုင္ သြားရမည္ျဖစ္ေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္က ဆက္လက္ေျပာဆိုသည္။

“ အိမ္က်ဥ္းက်ဥ္းထဲမွာ ေနရတယ္ဆိုရင္ အိမ္ခန္းေလးတစ္ခန္း ႏွစ္ခန္းထဲမွာပဲ ေနရတယ္။

မိသားစုက ၄၊၅ ေယာက္ရွိတယ္ဆိုရင္ခြာခြာေနလို့ ဘယ္လိုေျပာမလဲ။

တစ္ေယာက္ကေနၿပီးေတာ့မ်ား အျပင္မွာထြက္ၿပီးေတာ့ အလုပ္လုပ္ရလို့ ေရာဂါပိုးမ်ားရလာမလား စိုးရိမ္ ေပမယ့္လည္း ဘယ္လိုလုပ္ သက္သက္ႀကီးသြားထားမလဲ။

ေနရာမွမရွိဘဲ အဲလိုလက္ေတြ႕မက်တဲ့ဟာေတြလည္း ရွိပါတယ္။လက္ေတြ႕က်က် ခြာခြာမေနနိုင္တဲ့ အေျခအေနမွာ ဘယ္လိုေနမလဲဆိုတာ အႀကီးဆုံးစိန္ေခၚမွုပဲ ဘယ္လိုပုံစံနဲ႔ စီစဥ္မလည္းေပါ့။ ေဈးကဆိုရင္ တစ္ခဏေနာ္။ အိမ္မွာေနရတာကၾကာတယ္” ဟု ၎ က ေျပာဆိုသည္။

ထို့ျပင္ ၿပီးခဲ့သည့္ ေမလ ၇ ရက္ေန႔က ရန္ကုန္တိုင္းအတြင္းရွိ အင္းစိန္ၿမိဳ့နယ္ ႏွင့္ တာေမြၿမိဳ့နယ္အတြင္း ေရာဂါပိုးေတြ႕ရွိသူ ၁၄ဦးရွိခဲ့ၿပီး စံခ်ိန္တင္ျမင့္တက္ခဲ့ကာ လက္ရွိ ျမန္မာနိုင္ငံတြက္ ကိုဗစ္၁၉ ေရာဂါ ကူးစက္ခံရသူ ၁၈ဝဦး၊ ေသဆုံး ၆ဦးႏွင့္ ေဆး႐ုံဆင္းခြင့္ရရွိသူ ၅၉ဦးရွိေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားသည္။

ျမန္မာနိုင္ငံတြင္ ကိုဗစ္ေရာဂါ ကူးစက္ခံရသူ မ်ားျပားလာသည့္အေပၚ အစိုးရကထုတ္ျပန္ထားေသာ Mask ဝတ္ဆင္ေရး မလိုက္နာသူမ်ားကို ဒဏ္ေငြရိုက္ကာ အေလ့အက်င့္ျဖစ္ေအာင္ လုပ္ေဆာင္သင့္ေၾကာင္း နိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ ဆက္လက္ေျပာဆိုသည္။

“ ေစ်းေတြနဲ႔ ပတ္သက္လို့ အခုဆိုရင္ ေစ်းေတြက နည္းနည္းစိုးရိမ္ရတာေပါ့။ ေစာေစာကအေမေျပာသလို လူစုလူေဝးျဖစ္နိုင္တယ္။

ေစ်းမဝယ္လို့လည္း မျဖစ္ဘူး။ စားေရးေသာက္ေရးဆိုတာ ရွိေသးတာကို ဒီေစ်းေတြမွာ ၿမိဳင္ေစ်းလည္း မေရာက္ဖူးဘူး။

ကေလာကိုလည္း မေရာက္ဖူးဘူး။ အရင္တုန္းကေရာက္ဖူးတယ္ေပါ့။ အခုအ ေျခအေနမွာေျပာတာ ဒါေပမယ့္ ေရာက္ဖူးတာက ေနျပည္ေတာ္က ေစ်းေတြကို နည္းနည္းလွည့္ၿပီးေတာ့ ၾကည့္လိုက္တယ္။

လွည့္ၿပီးေတာ့ ၾကည့္လိုက္တဲ့အခါမွာ ေနျပည္ေတာ္က ဟိုတစ္ေန႔ တုန္းက ၿမိဳ့မေစ်းမွာေတာ့ အေျခအေန သိပ္မေကာင္းဘူး ဆိုတာေတြ႕ရတယ္။

အေျခအေနသိပ္မေကာင္းဘူးဆိုတာ လူေတြစုစု စုစုနဲ႔ ရွိက်တယ္။ တခ်ိဳ့ေတြကလည္း mask မတတ္ထားဘူး။

ေနာက္ၿပီးေတာ့ သမီးေျပာသလိုေပါ့။ mask ကိုတတ္ၿပီးေတာ့ ေအာက္ကိုခ်ထားတယ္။

အဲဒီဟာကေတာ့ အဲတာလည္း ဒဏ္ေငြေလးဘာ ေလး ရိုက္ၿပီးေတာ့ အေလ့အက်င့္ ျဖစ္သြားေအာင္လုပ္ရမယ္။ အေလ့အက်င့္ျဖစ္သြားရင္ ေနနိုင္တယ္” ဟု ၎ကေျပာဆိုသည္။

ထိုသို့ mask ဝတ္ဆင္ျခင္းေၾကာင့္ အသက္ရွုၾကပ္ျခင္း၊ ပူအိုက္ျခင္းဟု ေျပာဆိုျခင္းမ်ားသည္ ဝတ္ေလ့ဝတ္ထမရွိျခင္း ေၾကာင့္ျဖစ္ၿပီး ဝတ္ေလ့ဝတ္ထရွိသြားလၽွင္ အသက္ရွုရအဆင္ေျပသြားမည္ျဖစ္ ေႀကာင္း၊

လက္ရွိခ်ိန္တြင္ ျမန္မာနိုင္ငံ၌ ပူျပင္းလွေသာ ရာသီဥတုျဖစ္ေသာ္လည္း ပူျပင္းခ်ိန္တြင္ mask ဝတ္ဆင္ေသာ အေလ့အက်င့္ရွိသြားလၽွင္ မည္သည့္အခ်ိန္တြင္မဆို mask ဝတ္ဆင္ျခင္းအခက္အခဲမရွိေတာ့ေၾကာင္း

ျမန္မာနိုင္ငံ၏ ၿမိဳ့ေတာ္ျဖစ္ေသာ ေနျပည္ ေတာ္ရွိ ေစ်းမ်ားတြင္ပင္ စည္းကမ္းမလိုက္နာသည္ကို ေတြ႕ေနရေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္က ဆက္လက္ေျပာဆိုသည္။

လက္ရွိခ်ိန္တြင္ ျမန္မာနိုင္ငံ၌ ကိုဗစ္ ၁၉ ေရာဂါ ကူးစက္ခံရသူ ၁၈ဝ၊ ေသဆုံးသူ ၆ ဦးႏွင့္ ေဆး႐ုံဆင္းခြင့္ရရွိသူ ၅၉ ဦးရွိေၾကာင္းအစိုးရက ထုတ္ျပန္ထားသည္။

ခရက္ဒစ္ သတင္းထူးသတင္းဦးမ်ား