လူနာ ၂၆ ရဲ့ နောက်ဆက်တွဲ ပြဿနာကလည်း မသေးပါဘူး

0
1064

လှိုင်သာယာ ပန်းလှိုင်က Case 26 ရဲ့ အကြောင်းကိုတော့အားလုံးသိပြီး ဖြစ်လို့ အကျယ်မပြောတော့ပါဘူး။

Case 26 က သူဌေးမပါ။ နေတာက ပန်းလှိုင် Golf အိမ်ယာမှာ နေပါတယ်။ သူက လေဖြတ်နေပြီး အိမ်ထဲက အိမ်ပြင် မထွက်နိုင်တဲ့ သူပါ။ သူ့ယောင်္ကျားဖြစ်သူက မင်္ဂလာဒုံမှာ Scopion CPlus စက်ရုံပိုင်ရှင်ပါ။ သမီး ၂ ယောက် သားတစ်ယောက်ရှိပါတယ်။ ဦးလေးဖြစ်သူက သူတို့နဲ့ အတူ နေပါတယ်။ ဒရိုင်ဘာ (၂)၊ မာလီ (၂)၊ အိမ်အကူ (၂) စုစုပေါင်း အိမ်မှာ ၁၂ ယောက်ရှိပါတယ်။

၂၀.၃.၂၀၂၀ မှာ ယောင်္ကျားဖြစ်သူက စင်္ကာပူကနေ ပြန်လာတဲ့ မိတ်ဆွေနဲ့ သွားတွေ့ခဲ့ဖူးပါတယ်။ ၂၉.၃.၂၀၂၀ မှာ ယောင်္ကျားဖြစ်သူဖျားပြီး ပန်းလှိုင်ဆေးရုံမှာ ပြခဲ့ပါတယ်။ သောက်ဆေးနဲ့ သက်သာသွားတယ်။ သူဖျားပြီး မကြာခင်မှာ အမျိုးသမီးဖြစ်သူက ဖျားပါတယ်။ သူ့ကိုလည်း ပန်းလှိုင်ဆေးရုံမှာပဲ ၄.၄.၂၀၂၀ နဲ့ ၇.၄.၂၀၂၀ နေ့တွေမှာ နှစ်ကြိမ်သွား ပြပေမယ့် မသက်သာလို့ သူ့ကို ရန်ကုန်ဆေးရုံကြီးကို လွှဲလိုက်ပါတယ်။

ရန်ကုန်ဆေးရုံကြီးမှာတော့ သူ့ရဲ့ ရောဂါလက္ခဏာက COVID 19 နဲ့ ဆင်တူတဲ့အတွက် ဆေးစစ်ရာမှာ Positive ဖြစ်သွားပါတယ်။ ပြောချင်တာက ခုမှ စပါပြီ။

အမျိုးသမီးဖြစ်သူက လေဖြတ်နေတဲ့ မသန်စွမ်းသူတစ်ယောက်။ သူ့ဆီကို ဒီရောဂါ ယူလာသူကတော့ သူနဲ့အနီးဆုံးက သူ့မိသားစု ဖြစ်ဖို့များပါတယ်။ အများခန့်မှန်းတာကတော့ ယောင်္ကျားဖြစ်သူကိုပါ။ အကယ်၍သာ ယောင်္ကျားမှာ ဒီရောဂါရှိရင် သူ့ရဲ့စက်ရုံက ဝန်ထမ်းတွေဆီကိုပါ ကူးစက်သွားနိုင်ပါတယ်။ စက်ရုံကိုတော့ Case 26 မှာ ပိုးရှိကြောင်း ကြေညာတဲ့ ၁၀ ရက်နေ့မှာပဲ ပိတ်လိုက်ပြီး စက်ရုံဝန်ထမ်းတွေ Home Stay နေကြရပါတယ်။

ပြဿနာက ယောင်္ကျားဖြစ်သူက ဖျားနေချိန်မှာလည်း စက်ရုံကို လာပါတယ်။ ဒါပေမယ့် ဆေးရုံမှာတော့ စက်ရုံကို မသွားဘူးလို့ ပြောထားပါတယ်။ Case 26 မှာ ရောဂါရှိနေပေမယ့် အမျိုးသားဖြစ်သူကိုတော့ အိမ်ပြန်လွှတ်ပြီး Home Stay နေခိုင်းထားပါတယ်။ ဒီရက်ပိုင်း သူက ချောင်းပိုဆိုးလာပါတယ်။ ဒီညနေမှာတော့ သူ့တို့အိမ်က ၁၁ ယောက်လုံးကို ဆေးရုံက ဆေးစစ်ဖို့ လာခေါ်သွားပါပြီ။

အကယ်၍သာ Case ၂၆ ရဲ့ ယောင်္ကျားဖြစ်သူထံမှာ ရောဂါဖြစ်ရင် တစ်သီကြီး ထိကြတော့မှာပါ။ ပန်လှိုင်ဆေးရုံက ဆရာဝန်တွေ၊ သူနဲ့ အနီးကပ် နေခဲ့တဲ့ စက်ရုံက မန်နေဂျာတွေ၊ သူတက်နေတဲ့ ဘုရားကျောင်း၊ သူနဲ့ဆက်ဆံနေတဲ့ လုပ်ငန်းရှင်တွေ၊ သူ့အိမ်က မိသားစု၊ သူ့အိမ်က အလုပ်သမားတွေ အားလုံး ဘုရားတ ဆုတောင်းနေကြရပါပြီ။ စက်ရုံက အနီးကပ် နေခဲ့သူတွေက သူတို့မိသားစုအတွက် စိတ်ပူလို့ ဆေးရုံမှာ ဆေးသွားစစ်ကြပေမယ့် စစ်မပေးပါဘူးတဲ့။ ဖျားမှ စစ်ပေးပါ့မယ်တဲ့။

Case 26 ရဲ့ မိသားစု ဆေးစစ်တဲ့ အဖြေရလဒ်ကို သိရနိုင်ပါလိမ့်မယ်။ အားလုံးပဲ ဘေးကင်းကြပါစေလို့ပဲ ဆုတောင်းပေးလိုက်ပါတယ်။

ZN.H 🇦🇺

credit