ချောက်မြို့ဆေးရုံတွင် HEAT STROKE ကြောင့် ကလေးငယ် ၁ ဦး ဆေးကုသမှုခံယူနေ

0
138

မြန်မာနိုင်ငံမှာ အပူချိန်အမြင့်ဆုံးဖြစ်တဲ့ မကွေးတိုင်းဒေသကြီး ချောက်မြို့ခုတင် ၅၀ ပြည်သူဆေးရုံမှာ Heat stroke အပူဒဏ်သင့် လူနာ ကလေးငယ်တစ်ဦး မနေ့က ညပိုင်းက ကုသမှုခံယူနေတယ်လို့ မြို့နယ်ဆရာဝန်ကြီးက ပြောပါတယ်။

Heat Stroke ကြောင့်ဆေးကုသမှုခံယူနေတဲ့ အသက် တစ်နှစ်ခွဲအရွယ် ကလေးငယ်ဟာ မနေ့ညက အဖျား ၁၀၆ ဒီဂရီ ရှိနေရာက ဒီကနေ့မနက်မှာ ၁၀၁ ဒီဂရီ ကျပြီးသက်သာလာပြီလို့လည်း ဆိုပါတယ်။

“အရမ်းဖျားတယ်၊ အရေပြားတွေခြောက်သွေ့နေပြီး ချွေးမထွက်ဘူးဆိုရင် ဆေးရုံဆေးခန်းကို အမြန်ဆုံးပြစေချင်တယ်။ ပိုက်ဆံမရှိဘူးဆိုပြီးလည်းမနေနဲ့ ကျန်တဲ့ဆေးခန်းဆိုတာ ပိုက်ဆံရှိမှ သွားလို့ရပေမဲ့ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ပိုက်ဆံ ပါတာ မပါတာထက် လူလာဖို့က အရေးကြီးတယ်၊ လူလာရင် ကုပေးမယ်” လို့ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးသက်ဦးက ပြောပါတယ်။

မနှစ်က ချောက်မြို့အပူချိန် စံချိန်တင်ပြီးနောက်မှာ Heat Stroke အပူဒဏ်သင့် ရောဂါကြောင့် ၃ ဦးသေဆုံးခဲ့ပြီး သေဆုံးသူအားလုံးဟာ ဆေးရုံအရောက် နောက်ကျခဲ့လို့ ဖြစ်ပါတယ်။

မြို့နယ်ကျန်မာရေးဦးစီးဌာနကလည်း မနက် ၁၀ နာရီမှ ညနေ ၅ နာရီအတွင်းရေမချိုးကြဖို့ အသိပေးတားမြစ်ထားပါတယ်။

ချောက်မြို့မှာ ၂၀၁၉ ခုနှစ် မေလ ၉ ရက်က အပူချိန် စံချိန် 47.1°စင်တီဂရိတ်နဲ့ စံချိန်သစ်တင်ခဲ့ပြီးနောက် အခုနှစ် မေလ ၈ ရက်ကလည်း အပူချိန် စံချိန်သစ် 47.5°အထိ ဆက်လက်မြင့်တက်လာသလို ခုရက်ပိုင်းမှာလည်း နေစဉ်အပူချိန် 45° နဲ့ အထက်အမြဲရှိနေ ပါတယ်။

သတင်း- ကိုလင်း(ချောက်) DVB TV News

ျမန္မာႏိုင္ငံမွာ အပူခ်ိန္အျမင့္ဆုံးျဖစ္တဲ့ မေကြးတိုင္းေဒသႀကီး ေခ်ာက္ၿမိဳ႕ခုတင္ ၅၀ ျပည္သူေဆး႐ုံမွာ Heat stroke အပူဒဏ္သင့္ လူနာ ကေလးငယ္တစ္ဦး မေန႔က ညပိုင္းက ကုသမႈခံယူေနတယ္လို႔ ၿမိဳ႕နယ္ဆရာဝန္ႀကီးက ေျပာပါတယ္။

Heat Stroke ေၾကာင့္ေဆးကုသမႈခံယူေနတဲ့ အသက္ တစ္ႏွစ္ခြဲအ႐ြယ္ ကေလးငယ္ဟာ မေန႔ညက အဖ်ား ၁၀၆ ဒီဂရီ ရွိေနရာက ဒီကေန႔မနက္မွာ ၁၀၁ ဒီဂရီ က်ၿပီးသက္သာလာၿပီလို႔လည္း ဆိုပါတယ္။

“အရမ္းဖ်ားတယ္၊ အေရျပားေတြေျခာက္ေသြ႕ေနၿပီး ေခြၽးမထြက္ဘူးဆိုရင္ ေဆး႐ုံေဆးခန္းကို အျမန္ဆုံးျပေစခ်င္တယ္။ ပိုက္ဆံမရွိဘူးဆိုၿပီးလည္းမေနနဲ႔ က်န္တဲ့ေဆးခန္းဆိုတာ ပိုက္ဆံရွိမွ သြားလို႔ရေပမဲ့ ရွိသည္ျဖစ္ေစ မရွိသည္ျဖစ္ေစ ပိုက္ဆံ ပါတာ မပါတာထက္ လူလာဖို႔က အေရးႀကီးတယ္၊ လူလာရင္ ကုေပးမယ္” လို႔ ၿမိဳ႕နယ္ဆရာဝန္ႀကီး ေဒါက္တာမ်ိဳးသက္ဦးက ေျပာပါတယ္။

မႏွစ္က ေခ်ာက္ၿမိဳ႕အပူခ်ိန္ စံခ်ိန္တင္ၿပီးေနာက္မွာ Heat Stroke အပူဒဏ္သင့္ ေရာဂါေၾကာင့္ ၃ ဦးေသဆုံးခဲ့ၿပီး ေသဆုံးသူအားလုံးဟာ ေဆး႐ုံအေရာက္ ေနာက္က်ခဲ့လို႔ ျဖစ္ပါတယ္။

ၿမိဳ႕နယ္က်န္မာေရးဦးစီးဌာနကလည္း မနက္ ၁၀ နာရီမွ ညေန ၅ နာရီအတြင္းေရမခ်ိဳးၾကဖို႔ အသိေပးတားျမစ္ထားပါတယ္။

ေခ်ာက္ၿမိဳ႕မွာ ၂၀၁၉ ခုႏွစ္ ေမလ ၉ ရက္က အပူခ်ိန္ စံခ်ိန္ 47.1°စင္တီဂရိတ္နဲ႔ စံခ်ိန္သစ္တင္ခဲ့ၿပီးေနာက္ အခုႏွစ္ ေမလ ၈ ရက္ကလည္း အပူခ်ိန္ စံခ်ိန္သစ္ 47.5°အထိ ဆက္လက္ျမင့္တက္လာသလို ခုရက္ပိုင္းမွာလည္း ေနစဥ္အပူခ်ိန္ 45° နဲ႔ အထက္အၿမဲရွိေန ပါတယ္။

သတင္း- ကိုလင္း(ေခ်ာက္) DVB TV News