အပြင်မထွက်ရတဲ့ ပရိသတ်တွေအတွက် ” အိမ်တွင်းသင်္ကြန် ” ဆိုတဲ့ ဟာသဇာတ်လမ်းတို

0
1586

အပြင်မထွက်ရတဲ့ ပရိသတ်တွေအတွက် ” အိမ်တွင်းသင်္ကြန် ” ဆိုတဲ့ ဟာသဇာတ်လမ်းတိုလေးကို ဖန်တီးခဲ့တဲ့ ဝတ်မှုံရွှေရည်

ပရိသတ်ကြီးရေ.. ဒီနေ့ကတော့ မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော် အကြိုနေ့ကို ရောက်ရှိနေပြီဖြစ်ပေမယ့် ကျန်းမာရေးအခြေအနေတွေကြောင့် ကျင်းပခွင့်မရပါဘူး။ ဒါပေမယ့် အိမ်ထဲမှာပဲ ကိုယ့်မိသားစုနဲ့အတူတူ သင်္ကြန်စာမုန့်လေးတွေ လုပ်စားရင်း ပျော်ရွှင်အေးချမ်းစွာ ဖြတ်သန်းစေချင်ပါတယ်။ နိုင်ငံကျော် အနုပညာရှင်များဖြစ်တဲ့ ဝတ်မှုံရွှေရည်၊ ခင်လှိုင်နဲ့ K ညီ တို့ကလည်း ” အိမ်တွင်းသင်္ကြန် ” ဆိုတဲ့ ဟာသဇာတ်လမ်းတိုလေးကို ပရိသတ်တွေအတွက် ရိုက်ကူးပေးခဲ့ပါတယ်

” အိမ်တွင်းသင်္ကြန် ” ဇာတ်လမ်းတိုလေးမှာ ဝတ်မှုန်ရွှေရည်၊ ခင်လှိုင် ၊ ကေညီ ၊ ခင်ဇာခြည်ကျော်၊ အုပ်စိုးခန့် ၊ ဘုန်းမင်းနေလ ၊ ထွန်းဝီ​ရ တို့က ပျော်ပျော်ပါးပါး သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ” အိမ်တွင်းသင်္ကြန် ” ဇာတ်လမ်းတိုလေးကို မျှဝေပေးလိုက်ပါတယ်နော်။

ပရိသတ်တွေလည်း ဒီနှစ်သင်္ကြန်တော့ အိမ်မှာပဲနေပြီး မိသားစုတွေနဲ့အတူတူ အချိန်ဖြုန်းကာ နောက်နှစ်မှာပဲ အတိုးချပျော်ဖို့ အကြံပေးပါရစေနော်။ Cele Connections ပရိသတ်ကြီးအားလုံး နှစ်သစ်ကို ကျန်းမာပျော်ရွှင်စွာနဲ့ ဖြတ်သန်းနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Wutt Hmone Shwe Yi’s fb

Bilie – Cele Connections





