မစားဘဲ လမ်းဘေးလွှင့်ပစ်ထားတဲ့ ငုံးဥတွေကနေ ငုံးပေါက်လေးတွေအများကြီးပေါက်လာတဲ့(ဗီဒီယိုဖိုင်)
0
243
အဲတာကတော့ မစားဘဲ လွှင့်ပစ်ထားတဲ့ ငုံးဥတွေကနေ ငုံးလေးတွေ အများကြီးပေါက်လာတဲ့ ဗီဒီယိုဖိုင်အကြောင်းပါပဲ …။
ရှမ်းပြည်နယ် မြောက်ပိုင်းမှာရှိတဲ့ မိုင်းရယ် – လားရှိုး လမ်းဘေးမှာ မစားဘဲနဲ့ စွန့်ပစ်ထားတဲ့ ငုံးဥတွေကနေ
ငုံးကလေးလေးတွေ အများအပြားပေါက်လာပြီး လမ်းမပေါ်ကို တက်လာခဲ့ပါတယ် …။
ကားတွေဆိုင်ကယ်တွေ ယာဉ်တွေဖြတ်သန်းအသွားတက်နင်းပီး သေကုန်မှာစိုးတဲ့အတွဲ့ ကောက်ပီးတောင်းထဲ ထည့်ပြီး
တစ်ခုခုလုပ်မယ်လို့ယူဆရပါတယ်။ သနားစရာပါဗျာ၊ ထူးလည်းထူးဆန်းပါတယ်။ မိဘလည်းမရှိ အကောင်ပေါက်ကလေးတွေ
တောထဲလျှောက်သွားတော့လည်း တစ်ခြားသတ္တဝါတွေရဲ့ သတ်ဖြတ်ခြင်း ခံရအုံးမှာပါပဲ …။
ပြေးလည်းမပြေးနိုင် အစာလည်းရှာမစားတတ်သေး ဥကပေါက်ခါစလေးတွေပါ …။
ဒီလို စွန့်ပစ်ငုံးဥကနေ ငုံးပေါင်းများစွာ ပေါက်လာတဲ့ ဗီဒီယိုဖိုင်ကို
K o n K h a y K e H s i ဆိုတဲ့ လူမှုကွန်ရက် အကောင့်ပိုင်ရှင် လွှင့်တင်ပေးထားတာ ဖြစ်ပြီး …၊
အတော့်ကို ရေးပန်းစားနေတာပါ….။ ဒီကမ္ဘာလောကကြီးကို အလှဆင်နိုင်တာဟာလည်း လူသားတွေဖြစ်သလို
ဒီကမ္ဘာကြီး ဖျက်စီးကြမယ့် သက်ရှိဟာလည်း လူသားတွေပဲဖြစ်ပါတယ် …။ ကျွန်တော်တို့ပတ်ဝန်းကျင်က ရေမြေတောတောင်တွေ
သစ်ပင်ဝါးပင်တွေ၊ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက်သယံဇာတတွေ၊ သားရဲ့ကြေးငှက်တိရစ္ဆာန်တွေဆိုလည်း
လူသားတွေရဲ့ အတ္တရှေ့တန်းတင် အလွန်အကျူးထုတ်ယူကြ စည်းမဲ့ကမ်းမဲ့ သုံးစွဲကြတဲ့အတွက်
ကမ္ဘာကြီးရဲ့ ဟန်ချက်ညီမှုတွေလည်း ယိုယွင်းပျက်စီးလာခဲ့ကြပါပြီ …။
အဲဒီအတွက်လည်း အပြန်အလှန်အားဖြင့် လူသားတွေကိုပဲထိခိုက်စေပါတယ် …။
ရာသီဥတုတွေဖောက်ပြန်ခြင်း၊ ရောဂါဘယများထူပြောလာခြင်း၊ အစားရေစာရှားပါးလာခြင်းနဲ့အတူ
လူသားတို့နှလုံးသားထဲက အကြင်နာတရားတွေ လူသားဆန်မှုတွေဟာ တစ်နေ့ထက်တစ်နေ့ လျှော့ပါးပျောက်ကွယ်လာပြီး
နောက်ဆုံး အချင်းချင်းသတ်ကြဖြတ်ကြနဲ့ ကမ္ဘာကြီးဟာ အကျည်းတန်အရုပ်ဆိုးလာခဲ့ပါပြီ …။
အဲဒီအတွက်ကမ္ဘာကြီးသာယာလှပဖို့ တစ်ဦးတစ်ယောက်ကအစ အားလုံးပါဝင်ပီး အကြင်နာတရား၊ မေတ္တာတရား များနဲ့
ကိုယ်တတ်စွမ်းသလောက် အလှဆင်ပေးကြပါလို့မေတ္တာရပ်ခံရင်း ငုံးကောင်ပေါက်လေးတွေရဲ့ ဗွီယိုကိုကြည့်ကြည့်လိုက်ပါအုံးဗျာ …။
မူရင်းစာသားကို ဖြည့်စွက်ရေးသားထားတဲ့အတွက် မူရင်းပို့ပိုင်ရှင်နှင့် မူရင်းဗွီယိုပိုင်ရှင်ကို လေးစားစွာခရက်ဒစ် ပေးလိုက်ပါတယ်နော် …။ ။
#သာဂိ
#သာဂိ