ယားနာနှင့် ပြည်ဝတ်ပါတဲ့ အနာအဖုသေးသေးလေးတွေ ထွက်လာရင်

0
159

အယားဖုလေးတစ်ဖု ပေါက်လာပါတယ်၊ ယားလို့ကုတ်လိုက်တာ အရည်ကြည်လေးတွေ ထွက်လာပြီး

နောက်ထပ် အယားဖုတွေပါ ထပ်ထွက်လာတယ်။ ယားလို့ကုတ်တယ်၊ ကုတ်လို့ ပွားလာတယ်။

နွေရာသီနဲ့ မိုးဦးကျအချိန် မိတ်ထွက်လို့ ကုတ်ပြီး လက်သည်းပူလောင်ကာ အသားနီလန်ပြီးစပ်နေတယ်။

ပြည်ဝတ်ပါတဲ့ အနာအဖုသေးသေးလေးတွေ နဲနဲထွက်လာပြီး ပြည်ပေါက်ကာ ပြည်ထိတဲ့နေရာမှန်သမျှ အနာလေးတွေထပ်ထွက်လာတယ်။

အဲ့ဒီလို ယားနာများ၊ လက်သည်းပူလောင်နာများ၊ ချိုင်းပွန်း ပေါင်ပွန်းနာများ၊ အနာစက်များ၊ မသန့်သောရေ အညစ်အကြေးများကြောင့် ယားယံခြင်းများဖြစ်ပါက တကယ်သေချာပျောက်တဲ့ ဆေးနည်းလေးကို ပေးချင်ပါတယ်။

ဆေးနည်းလေးက အင်မတန်လွယ်ကူပါတယ်။ အိမ်တိုင်းလိုလိုရှိကြတဲ့ မြန်မာ့ရိုးရာ သနပ်ခါးနှင့် ကျောက်ချဉ်အနည်းငယ်ကို ရောသွေးပြီးလိမ်းရုံပါပဲ။

ကျောက်ချဉ်များရင် အလွန်စပ်ပါတယ်။အနည်းငယ် ထည့်ရုံနဲ့ လုံလောက်ပါတယ်။

ဆေးနည်းလေးက လွယ်ကူလွန်းပေမယ့် တစ်ခါလိမ်းရုံနဲ့တင် သိသိသာသာ သက်သာစေတာမို့ စေတနာနှင့် ဝေငှပေးလိုက်တာပါ။

အားလုံးပဲ ကျန်းမာချမ်းသာကြပါစေ။

ယားနာႏွင့္ ျပည္ဝတ္ပါတဲ့ အနာအဖုေသးေသးေလးေတြ ထြက္လာရင္

အယားဖုေလးတစ္ဖု ေပါက္လာပါတယ္၊ ယားလို႔ကုတ္လိုက္တာ အရည္ၾကည္ေလးေတြ ထြက္လာၿပီး

ေနာက္ထပ္ အယားဖုေတြပါ ထပ္ထြက္လာတယ္။ ယားလို႔ကုတ္တယ္၊ ကုတ္လို႔ ပြားလာတယ္။

ေႏြရာသီနဲ႔ မိုးဦးက်အခ်ိန္ မိတ္ထြက္လို႔ ကုတ္ၿပီး လက္သည္းပူေလာင္ကာ အသားနီလန္ၿပီးစပ္ေနတယ္။

ျပည္ဝတ္ပါတဲ့ အနာအဖုေသးေသးေလးေတြ နဲနဲထြက္လာၿပီး ျပည္ေပါက္ကာ ျပည္ထိတဲ့ေနရာမွန္သမွ် အနာေလးေတြထပ္ထြက္လာတယ္။

အဲ့ဒီလို ယားနာမ်ား၊ လက္သည္းပူေလာင္နာမ်ား၊ ခ်ိဳင္းပြန္း ေပါင္ပြန္းနာမ်ား၊ အနာစက္မ်ား၊ မသန႔္ေသာေရ အညစ္အေၾကးမ်ားေၾကာင့္ ယားယံျခင္းမ်ားျဖစ္ပါက တကယ္ေသခ်ာေပ်ာက္တဲ့ ေဆးနည္းေလးကို ေပးခ်င္ပါတယ္။

ေဆးနည္းေလးက အင္မတန္လြယ္ကူပါတယ္။ အိမ္တိုင္းလိုလိုရွိၾကတဲ့ ျမန္မာ့႐ိုးရာ သနပ္ခါးႏွင့္ ေက်ာက္ခ်ဥ္အနည္းငယ္ကို ေရာေသြးၿပီးလိမ္း႐ုံပါပဲ။

ေက်ာက္ခ်ဥ္မ်ားရင္ အလြန္စပ္ပါတယ္။အနည္းငယ္ ထည့္႐ုံနဲ႔ လုံေလာက္ပါတယ္။

ေဆးနည္းေလးက လြယ္ကူလြန္းေပမယ့္ တစ္ခါလိမ္း႐ုံနဲ႔တင္ သိသိသာသာ သက္သာေစတာမို႔ ေစတနာႏွင့္ ေဝငွေပးလိုက္တာပါ။

အားလုံးပဲ က်န္းမာခ်မ္းသာၾကပါေစ။