မတန်တဲ့သူတွေအတွက် မပေးဆပ်ပါနဲ့

0
56

ကိုယ့်ကို နာကျင်စေတဲ့သူအတွက် မကာကွယ်ပေးပါနဲ့

ကိုယ့်ကို မျက်ရည်ကျအောင်လုပ်တဲ့သူအတွက် ပျော်ရွှင်အောင် မဖန်တီးပေးပါနဲ့

ကိုယ့်အပေါ် မကောင်းတဲ့သူအတွက် ပေးဆပ်ဖို့ မကြိုးစားပါနဲ့

တချို့ Relationship တွေမှာ ကြည့်လိုက်ရင် တယောက်တည်းကပဲ ခံစား တယောက်တည်းကပဲ ငိုရ

အဲ့ဒီတယောက်တည်းကပဲ ကိုယ့် Rs သာယာအောင် ဖန်တီး နာကျင်မှုတွေ ကြိတ်မှိတ်သည်းခံ ကိုယ့်ဘဝတစ်ခုလုံးကို စတေးထား

မေးချင်တယ် တန်လို့လားလို့

ကိုယ်ချစ်တဲ့သူအတွက်ပဲလေ ခံစားရတာ တန်ပါတယ်လို့ ခင်ဗျားတို့ ဖြေချင်လိမ့်မယ်

ဘာပဲဖြစ်ဖြစ် ကိုယ့်အပေါ် မကောင်းချင်တဲ့သူဟာ တသက်လုံးလည်း ကောင်းလာမှာ မဟုတ်တဲ့အတွက် အချိန်တန်ရင်တော့ အပြတ်ပြတ်နဲ့ နှာခေါင်းသွေးထွက်ပြီး ခွာပြဲကြရမှာပဲ

ကိုယ့်ကို အရမ်းကို ချစ်ခင်မြတ်နိုးပြီး အရိပ်တကြည့်ကြည့်နဲ့ တန်ဖိုးထားတတ်တဲ့သူမျိုး ခင်ဗျားဘဝထဲ ဝင်လာတဲ့အခါ

ကိုယ်နာကျင်ခဲ့ရတာ ပေးဆပ်ခဲ့ရတာတွေဟာ မတန်ဘူးဆိုတာမှန်း သိလာလိမ့်မယ်

ကိုယ့်မျက်နှာ တချက်အညှိုးမခံတဲ့သူ ကိုယ်ဘာလိုအပ်လဲ ထုတ်ပြောစရာ မလိုတဲ့သူ ကိုယ့်ကိုအနိုင်မယူတတ်တဲ့သူ

အဲဒီလူက ကိုယ့်ကို မထိရက် မတို့ရက် မြတ်နိုးတန်ဖိုးထားလေလေ သူ့ရဲ့အချစ်က ကိုယ်နဲ့ မထိုက်တန်ပါဘူးဆိုပြီး ဝမ်းနည်းရလေလေ ဖြစ်လိမ့်မယ်

ကိုယ့်အပေါ်မကောင်းတဲ့သူအတွက် ပေးဆပ်ခဲ့ရလို့ နာကျင်ရတာထက်

ကိုယ့်ကိုတကယ်ချစ်တဲ့သူကို ကိုယ့်ရဲ့ပထမဦးဆုံး ချစ်ခြင်းတွေ ခံစားမှုတွေ မပေးနိုင်ခဲ့တဲ့ ဝမ်းနည်းမှုက ပိုပြီးခံစားရလိမ့်မယ်

ဒါ့ကြောင့် မတန်တဲ့သူအတွက် မငိုနဲ့ မခံစားနဲ့ ဆွဲမထားနဲ့

ကိုယ်နဲ့တန်တဲ့သူအတွက် နေရာချန်ထားပါ

အချစ်တွေချန်ထားပါ ခံစားချက်တွေချန်ထားပါ

မူရင်းရေးသားသူ

မတန္တဲ့သူေတြအတြက္ မေပးဆပ္ပါနဲ႔

ကိုယ့္ကို နာက်င္ေစတဲ့သူအတြက္ မကာကြယ္ေပးပါနဲ႔

ကိုယ့္ကို မ်က္ရည္က်ေအာင္လုပ္တဲ့သူအတြက္ ေပ်ာ္ရႊင္ေအာင္ မဖန္တီးေပးပါနဲ႔

ကိုယ့္အေပၚ မေကာင္းတဲ့သူအတြက္ ေပးဆပ္ဖို႔ မႀကိဳးစားပါနဲ႔

တခ်ိဳ႕ Relationship ေတြမွာ ၾကည့္လိုက္ရင္ တေယာက္တည္းကပဲ ခံစား တေယာက္တည္းကပဲ ငိုရ

အဲ့ဒီတေယာက္တည္းကပဲ ကိုယ့္ Rs သာယာေအာင္ ဖန္တီး နာက်င္မႈေတြ ႀကိတ္မွိတ္သည္းခံ ကိုယ့္ဘဝတစ္ခုလုံးကို စေတးထား

ေမးခ်င္တယ္ တန္လို႔လားလို႔

ကိုယ္ခ်စ္တဲ့သူအတြက္ပဲေလ ခံစားရတာ တန္ပါတယ္လို႔ ခင္ဗ်ားတို႔ ေျဖခ်င္လိမ့္မယ္

ဘာပဲျဖစ္ျဖစ္ ကိုယ့္အေပၚ မေကာင္းခ်င္တဲ့သူဟာ တသက္လုံးလည္း ေကာင္းလာမွာ မဟုတ္တဲ့အတြက္ အခ်ိန္တန္ရင္ေတာ့ အျပတ္ျပတ္နဲ႔ ႏွာေခါင္းေသြးထြက္ၿပီး ခြာျပဲၾကရမွာပဲ

ကိုယ့္ကို အရမ္းကို ခ်စ္ခင္ျမတ္နိုးၿပီး အရိပ္တၾကည့္ၾကည့္နဲ႔ တန္ဖိုးထားတတ္တဲ့သူမ်ိဳး ခင္ဗ်ားဘဝထဲ ဝင္လာတဲ့အခါ

ကိုယ္နာက်င္ခဲ့ရတာ ေပးဆပ္ခဲ့ရတာေတြဟာ မတန္ဘူးဆိုတာမွန္း သိလာလိမ့္မယ္

ကိုယ့္မ်က္ႏွာ တခ်က္အညႇိုးမခံတဲ့သူ ကိုယ္ဘာလိုအပ္လဲ ထုတ္ေျပာစရာ မလိုတဲ့သူ ကိုယ့္ကိုအနိုင္မယူတတ္တဲ့သူ

အဲဒီလူက ကိုယ့္ကို မထိရက္ မတို႔ရက္ ျမတ္နိုးတန္ဖိုးထားေလေလ သူ႔ရဲ့အခ်စ္က ကိုယ္နဲ႔ မထိုက္တန္ပါဘူးဆိုၿပီး ဝမ္းနည္းရေလေလ ျဖစ္လိမ့္မယ္

ကိုယ့္အေပၚမေကာင္းတဲ့သူအတြက္ ေပးဆပ္ခဲ့ရလို႔ နာက်င္ရတာထက္

ကိုယ့္ကိုတကယ္ခ်စ္တဲ့သူကို ကိုယ့္ရဲ့ပထမဦးဆုံး ခ်စ္ျခင္းေတြ ခံစားမႈေတြ မေပးနိုင္ခဲ့တဲ့ ဝမ္းနည္းမႈက ပိုၿပီးခံစားရလိမ့္မယ္

ဒါ့ေၾကာင့္ မတန္တဲ့သူအတြက္ မငိုနဲ႔ မခံစားနဲ႔ ဆြဲမထားနဲ႔

ကိုယ္နဲ႔တန္တဲ့သူအတြက္ ေနရာခ်န္ထားပါ

အခ်စ္ေတြခ်န္ထားပါ ခံစားခ်က္ေတြခ်န္ထားပါ

မူရင္းေရးသားသူ

LEAVE A REPLY

Please enter your comment!
Please enter your name here