ချမ်းသာဖို့အတွက် ငွေသုံးပါ နည်းနည်း ထူးဆန်းသွားလား သူငယ်ချင်း

0
152

နည်း နည်း ထူးဆန်းသွားလား သူငယ်ချင်း…??ငါတို့က ချမ်းသာဖို့ ပိုက်ဆံစု ပါပဲ သိခဲ့တာလေ …။

သူဌေးဆိုတဲ့ လူတန်းစားတွေကို ကြည့်လိုက်စမ်း ပါ သူငယ်ချင်း …။သူတို့ဘဝတွေဟာ ချမ်းသာပြီးရင်း ချမ်းသာနေကြတယ် …။

ငါတို့ သာမာန် အလုပ်သမားဘဝတွေကို ကြည့်လိုက်စမ်းပါ သူငယ်ချင်း …။ငါတို့တွေဟာ ဆင်းရဲပြီးရင်း ဆင်းရဲနေကြတယ် …။

အဲ့တာ ဘာဖြစ်လို့လဲ …??

ငါတို့လို သာမာန်အလုပ်သမားတွေရဲ့ ဝင်ငွေဟာ ငါတို့ရဲ့ အသုံး စရိတ်ဖြစ်သွားတယ်။ ဒါပေမဲ့ သူဌေးတွေရဲ့ အသုံးစရိတ်ဟာ သူတို့ရဲ့ ဝင်ငွေပြန်ဖြစ်သွားလို့ပဲ သူငယ်ချင်း …။

Workers spend what they get, Rich men get what they spend. တဲ့ …။

အလုပ်သမား= ဝင်ငွေ to အသုံးစရိတ်

သူဌေး = အသုံးစရိတ် to ဝင်ငွေ

ဒါဆို သူဌေးတွေ ဘယ်လို ဘယ်လို ပိုက်ဆံသုံးတာလဲ?

သူဌေးတွေဟာ investment spending လို့ခေါ်တဲ့ ရင်နှီးမြုပ်နှံ ဖို့အတွက် ပိုက်ဆံ သုံးကြပါတယ် …။

သူတို့ ရဲ့ ပိုက်ဆံတွေကို

စီးပွားရေး တိုးတက်ဖို့၊ လုပ်ငန်းတွေချဲ့ထွင်ဖို့၊ ပညာသစ်တွေ ရဖို့ အတွက်သုံးကြတယ်။ ဒီတော့ သူတို့ သုံးသမျှက သူတို့အတွက် ဝင်ငွေ ပြန်ဖြစ်လာတယ် …။

များများသုံးလေ များများဝင်ငွေရလေပေါ့။ ဒီလိုနဲ့ သူတို့ဟာ ချမ်းသာပြီးရင်း ချမ်းသာတော့တာပဲ။ သာမာန် အလုပ်သမားတွေ ဘယ်လို ပိုက်ဆံသုံးကြလဲ? ရသမျှကို သုံးဖို့ပဲစဉ်းစားကြတယ်….. လစာလေးရပြီဆိုပါစို့ …။

အဝတ်အစားလေးပြေးဝယ်…. ဆိုင်ကောင်းလေးပြေးထိုင် အရက်လေးသောက်…. ဖုန်းအသစ်လေးကိုင်….. သာမာန်အလုပ်သမားတွေဟာ ဝင်ငွေကို ဘယ်လိုသုံးမလဲပဲ စဉ်းစားတယ် …။

အသုံးစရိတ်ကနေ ဘယ်လိုဝင်ငွေ ရအောင် လုပ်မလဲ မစဉ်းစားကြဘူး …။

ဒီလိုနဲ့ ဆင်းရဲပြီးရင်းဆင်းရဲ လာတာပေါ့။ သူဌေးတွေဟာ ပိုက်ဆံရှာဖို့ သုံးတယ် အလုပ်သမားတွေဟာ ပိုက်ဆံသုံးဖို့ရှာတယ်။ သူဌေးတွေရဲ့ အသုံးစရိတ်ဟာ သူတို့အတွက် ဝင်ငွေပြန်ဖြစ်တယ် …။(များများသုံး.. များများချမ်းသာ)

အလုပ်သမားတွေရဲ့ ဝင်ငွေဟာတော့ သူတို့အတွက် အသုံး စရိတ်ပဲဖြစ်သွားတယ်…. (များများသုံး .. များများဆင်းရဲ)ဒီမှာ သူငယ်ချင်း…. မင်းရဲ ပိုက်ဆံကို ဆင်းရဲဖို့အတွက် သုံးမလား? ချမ်းသာဖို့အတွက် သုံးမလား?

ဆင်းရဲဖို့သုံးမယ် ဆိုရင်တော့ မင်းလိုချင်တာတွေ လျှောက်ဝယ်ပေါ့ ချမ်းသာဖို့ သုံးမယ်ဆိုရင်တော့ ရင်နှီးမြုပ်နှံပေါ့ကွာ …။

လေးစားစွာဖြင့်





အဲ့တာ ဘာဖြစ်လို့လဲ …??















လေးစားစွာဖြင့်