သူများနိုင်ငံတွေက ဒီလိုဆက်ဆံကြပေမယ့် မန်မာပြည်မှာ ကျန်းမာရေးဝန်ထမ်းတစ်ချို့ အဆောင်တွေက နှင်ချခံရတယ်ကြားတော့ ရှက်မိတယ်

0
1113

“We Stand With Our National Heros”

…ကျမတို့ မြန်မာလူမျိုးတွေရဲ့ စိတ်နေသဘောထားနဲ့ ဗြဟ္မစိုရ်တရားလက်ကိုင်ထားနိုင်မှုတွေကို ဒီလို crisis ဖြစ်တဲ့အ​ခြေအနေ မျိုးတွေမှာ ဖြစ်ပေါ်လာတဲ့ တုံ့ပြန်မှုတွေကိုကြည့်ပြီး အင်မတန်မှ အကဲခတ်နိုင်ပါတယ်….

…ခုလိုအခြေအနေမျိုးမှာ နိုင်ငံခြားတိုင်းပြည်တွေကပြန်လာပြီး quarantine ကို နည်းမျိုးစုံနဲ့ မလိမ့်တပတ်လုပ်ပြီးရှောင်နေတဲ့သူတွေ…

Covid-19 test စစ်ဆေးဖို့ တာဝန်ရှိသူတွေ လာခေါ် တာတောင် ဓားနဲ့ပြန်ခုတ်တဲ့သူတွေ…

အားလုံးအတွက် ရှေ့တန်းကနေတိုက်ပွဲဝင်နေကြတဲ့ ဆရာဝန်၊ ဆရာမတွေကို အဆောင်တွေကနေနှင်ချ၊ တွေ့ရင် မသတီသလို ဆက်ဆံကြတဲ့သူတွေကိုယ်စား ကျမဖြင့် အတော့်ကိုရှက်မိပါရဲ့…

…ကိုယ့်မြန်မာပြည်သူပြည်သားတွေရဲ့ အဆင့်အတန်းကတော့ ဒီလောက်တောင်နိမ့်ကျပါတယ်လို့ ကိုယ့်ပေါင်ကိုလှန်ထောင်းနေလိုပါပဲ…

…ဒီလိုအချိန်မှာ တခြားနိုင်ငံကြီးတွေက နိုင်ငံကြီးသားပီသသူတွေကတော့ ရှေ့တန်းက တိုက်ပေးနေကြတဲ့ ဆရာဝန် ၊ ဆရာမတွေ၊ healthcare workers တွေ ကို ဦးညွှတ်အလေးပြုကြ…စားသောက်ဆိုင်ကြီးတွေကလည်း ဆေးကုသပေးနေကြတဲ့ ဆရာဝန် ၊ ဆရာမတွေအတွက် အစားအသောက်တွေ free of charge နဲ့ supply လုပ်ကြ၊ beauty saloon တွေကလည်း ဆရာဝန် ၊ ဆရာမတွေနဲ့ frontliner တွေအားလုံးကို shampooing ၊ massage တွေ free ပေးကြ…england မှာ ဆိုရင်လည်း royal family အပါအဝင် တစ်နိုင်ငံလုံးက တပြိုင်နက် လက်ခုပ်သြောဘာတီးပြီး တလေးတစား တနိုင်ငံလုံးက ဝိုင်းဝန်းဂုဏ်ပြုပေးနေကြတာပါ…

….သေနိုင်တဲ့ရောဂါ၊ အင်မတန် ကူးစက်လွယ်တဲ့ရောဂါမှန်းသိပါရက်နဲ့ အားလုံးအတွက်အနစ်နာခံပြီးရှေ့တန်းကနေကုသပေးနေကြတဲ့ ဆရာဝန် ၊ ဆရာမတွေကို တခြားနိုင်ငံတွေမှာလို ဦးညွှတ်ဂုဏ်ပြုမနေချင်နေကြပါ…အသိအမှတ်လေးတော့ပြုပေးစေချင်ကြပါတယ်…

…ဆရာဝန် ၊ ဆရာမတွေဟာ အားလုံးထက်ပိုပြီး ကာကွယ်ရမယ့် နည်းနာနိဿယတွေကို သိတဲ့လူတွေမို့ community ထဲမှာ မပြန့်နှံ့ရအောင်သေချာကြိုတင်ကာကွယ်တတ်ကြသူတွေဆိုတာကိုလည်း သတိရစေချင်ပါတယ် ။….

…တကယ့်တကယ်ကူးစက်နိုင်တဲ့ ကြောက်ဖို့ကောင်းတဲ့သူတွေက ခုနကပြောတဲ့ စည်းကမ်းတွေကိုသေချာမလိုက် နာကြပဲ လူစုလူဝေးရှိတဲ့နေရာတွေလည်းမရှောင်၊ လူရှေ့လူရှေ့ အကာအကွယ်မလုပ်ပဲ ချောင်းတွေတဟွတ်ဟွတ်ဆိုး ၊ ဟိုနားထွီထွမ်ဘ၊ ဒီနားထွီထွမ်နဲ့ တံတွေး တပျစ်ပျစ်ထွေးနေကြတဲ့ သူတွေပါပဲ ။…

…ပြီတော့ ဆရာဝန် ၊ ဆရာမတွေဆိုတာလည်း ရှင်တို့ ၊ ကျမတို့လို အားလုံး လူသားတွေပါပဲ ။ သူတို့မှာ လည်း မိသားစုကိုယ်စီရှိတယ် ။ အဖေအို ၊ အမေအိုတွေရှိကြတယ် ။ လူမမယ် ကလေးသူငယ်လေးတွေရှိကြတယ် ။ ခုလိုဖြစ်နေကြတဲ့အချိန်မျိုးမှာ သူတို့တွေရဲ့မိသားစုတွေကိုပဓာန မထားပဲ ပြည်သူလူထုအတွက်အနစ်နာပြီး ရှေ့တန်းကနေ မားမားမတ်မတ်ရပ်တည်ပေးနေကြတာပါ ။

အဲ့ဒါကိုမှ appreciate မလုပ်ကြပဲ စိတ်ပျက်ဖွယ်တွေကို ဆက်လက်ပြုမူနေကြဦးမယ်ဆိုရင်ဖြင့် ကျမတို့ဆရာဝန် ၊ ဆရာမတွေဘက်ကလည်းရှင်းပါတယ် ။…

…ဟုတ်ကဲ့…. ကျွန်တော် ကျမတို့မှာလည်း သွေးနဲ့ကိုယ် ၊ သားနဲ့ကိုယ် ၊ မိသားစုကိုယ်စီရှိကြတာမို့ ကိုယ့်အိမ်ကိုပြန်နေကြပြီး ဒီဆေးရုံ ၊ဆေးခန်းတွေကို လူအပြောခံ ၊ အမုန်းခံပြီး မသွားကြရုံ သာရှိပါတော့တယ်ရှင်…

…Challenge Accepted par….

…ကျွန်မတို့တွေ ကိုယ့်အိပ်မှာကိုယ်နေပြီး Quarantine နိုင်ကြပေမယ့်… အခုအချိန်မှာ တာဝန်ကိုယ်ဆီယူပြီးတော့ Volunteer အနေနဲ့ပဲဖြစ်ဖြစ် ဝေဘာဂီဆေးရုံအပြင် တခြားသောတနိုင်ငံလုံးရဲ့ ဆေးရုံဆေးရုံတိုင်းမှာတာဝန်ကျပြီး တာဝန်ယူ နေတာပဲဖြစ်ဖြစ် တိုင်းပြည် ကျန်းမာရေးအတွက် အကောင်းဆုံးပေးဆပ်နေတဲ့ ဒေါက်တာတို့ ,နပ်စ်တို့ ,ကျန်းမာရေးဆိုင်ရာ အဖွဲ့အစည်းနဲ့ နိုင်ငံ့ဝန်ထမ်းတွေ ,Volunteerတွေ အားလုံးကို အရမ်း (အရမ်း)လေးစားပါတယ်ရှင် တကယ်စိတ်ရင်းအမှန်နဲ့ပြောတာ ရေးတာဖြစ်ပါတယ်. ကျွန်မလိုပဲ မြန်မာနိုင်ငံက ပြည်သူတွေအကုန်လုံးလည်း စိတ်ထဲမှာ ဒီလိုပဲဖြစ်မှာသေချာပါတယ်.

ဒေါက်တာတို့တတ်ကျွမ်းတဲ့ ပညာနဲ့ ရှိနေတာရောဂါ ထပ် မကူးဆက် မပျံ့ပွားအောင် ကြိုးစားပေးကြပါရှင် ကျွန်မတို့ တွေသာမက ပြည်သူတွေ အကုန်လုံးကလည်း ကျန်းမာရေးအသိနဲ့ ဒေါက်တာတို့အနောက်မှာ အမြဲရှိနေပါ့မယ်. လိုက်နာစရာကိစ္စတွေအကုန်လုံးကို လေးစားစွာလိုက်နာပါ့မယ်. PPE ပစ္စည်းတွေအပြင် နေထိုင်သွားလာစားသောက်ရေးတောင် အဆင်မပြေတယ့် ကျွန်မတို့ ချစ်ခင်အားကိုးရတယ့် ဆရာဝန်တွေ သူနာပြုတွေ ဆေးဘက်ဝန်ထမ်းတွေ လုပ်အားပေးတွေ စိတ်ဓါတ်မကျပဲ ဒီတိုက်ပွဲကို အောင်မြင်စွာတိုက်နိုင်ဖို့အတွက် ရှေ့တန်းမှာကာကွယ်ပေးနေရတယ့် ဆေးလောကသားများအတွက် စိတ်ဓါတ်ခွန်အားလေးတွေပေးတယ့်ပိုစ့်လေးတွေ တင်ကြဖို့ …

…ကျွန်မ Aye Chan Ko Ko က CHALLENGING လုပ်ပါတယ်…

အဲ့ဒါကတော့ We stand with our national Hero campaign လေးပါ ။

ကဲ မိတ်ဆွေတို့ရေ ခုကစကြစို့ရှင်

“We stand with our national Hero”

Credit – GrAce Ko Ko