မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောတာပါ။

0
129

“မုန်တိုင်းရဲ့ အခြေအနေကြောင့်မို့ နောက် ၄၈ နာရီအတွင်း နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး ၊ မကွေးတိုင်းဒေသကြီး ၊ ပဲခူးတိုင်းဒေသကြီး ၊ ရန်ကုန်တိုင်းဒေသကြီး ၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ် ၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တွေမှာ နေရာစိပ်စိပ်လောက် မိုးထစ်ချုန်းရွာနိုင်တဲ့ အနေအထားရှိပါတယ်။” လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက Duwun ကို ပြောပါတယ်။

ဆိုင်ကလုန်းမုန်တိုင်းဟာ လက်ရှိအချိန်မှာ ပင်လယ်ပြင်ကို ရောက်ရှိနေပြီဖြစ်ပြီး မုန်တိုင်းရဲ့ အရှိန်ကြောင့် မြန်မာနိုင်ငံအနှံ့မှာ ၄၈ နာရီအတွင်း မိုးထစ်ချုန်းရွာနိုင်ပြီး တချို့နေရာတွေမှာတော့ လေပြင်းတိုက်ခတ်တာတွေပါ ကြုံရနိုင်တယ်လို့ သိရပါတယ်။ လက်ရှိ မုန်တိုင်းရဲ့ အခြေအနေကိုလည်း လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ခုလိုပြောပြပါတယ်။

“လက်ရှိကတော့ သူက အနောက်မြောက်ဘက်ကို ဖြေးညင်းစွာရွေ့နေတယ်။ ဒီနေ့ ညပိုင်းလောက်ဆိုရင်တော့ အရှေ့မြောက်ဘက်ကို ပြန်ပြီးရွေ့လာမယ့် အနေအထားဖြစ်လာမယ်။ အိန္ဒိယနိုင်ငံ ပါရာဒက်ရဲ့ တောင် အနောက်တောင်ဘက်မှာ ရေမိုင် ၅၃၀ ခန့်အကွာမှာ ရှိတယ်၊ နောက် အိန္ဒိယနိုင်ငံ ဒီကာမြို့ရဲ့ တောင် အနောက်တောင်ဘက်မှာ ရေမိုင် ၆၂၂ မိုင်၊ နောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကန်ကူဘာမြို့ရဲ့ အနောက်တောင်ဘက် ရေမိုင် ၆၈၁ မိုင်မှာ လောလောဆယ်တော့ ဗဟိုပြုနေတယ်။ မြန်မာနိုင်ငံအနေနဲ့ဆိုရင်တော့ ကိုကိုကျွန်း အနောက်တောင်ဘက် ရေမိုင် ၄၅၇ မိုင် ၊ နောက် ပုသိမ်မြို့ရဲ့ အနောက်တောင်ဘက် ရေမိုင် ၆၀၀ ခန့်အကွာမှာ ပင်လယ်ပြင်မှာ ဗဟိုပြုနေတယ်။ လက်ရှိမှာတော့ မြန်မာ့ကမ်းရိုးတန်းကို ဦးတည်နိုင်တဲ့ အခြေအနေ မရှိသေးတာကြောင့် လက်ရှိမှာတော့ အဝါရောင်အဆင့်ပဲ ကျွန်တော်တို့ သတ်မှတ်ထားပါတယ်။” လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက Duwun ကို ပြောပါတယ်။

မုန်တိုင်းရဲ့ လက်ရှိတည်နေရာကတော့ မြောက်လတ္တီကျူ့ ၁၁.၃ နဲ့ အရှေ့လောင်ဂျီကျူ့ ၈၆.၁ မှာ ရှိတယ်။ ဗဟိုချက်ရဲ့ လေဖိအားကတော့ ၉၉၇ ၊ အမြင့်ဆုံး လေတိုက်နှုန်းကတော့ မိုင် ၅၀ လောက် ရှိတယ်လို့ သိရပါတယ်။

“နောက် ၃၆ နာရီအတွက် ခန့်မှန်းချက်ကတော့ ဒီညပိုင်းလောက်မှာတော့ အားကောင်းသော ဆိုင်ကလုန်းမိုင်တိုင်း အဆင့်ကို ရောက်နိုင်တယ်။ ၁၈ ရက်နေ့ ရောက်ရင်တော့ အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဆင့်ကို ရောက်နိုင်တဲ့ အနေအထားမျိုးမှာ ရှိတယ်၊ တဖြေးဖြေးနဲ့ အားကောင်းလာမယ့် အနေအထားမှာတော့ ရှိတယ်။” လို့ သူက ဆက်ပြောပါတယ်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်မှာတော့ မုန်တိုင်းရဲ့ အရှိန်ကြောင့် ရံဖန်ရံခါ မိုးသက်လေပြင်းကျပြီး လှိုင်းကြီးနိုင်တယ်ပြီး မိုးသက်လေပြင်းကျတဲ့အချိန်မှာလည်း ရေပြင်မြေပြင်ဟာ တစ်နာရီကို မိုင် ၄၀ လောက်အထိကို တိုက်ခတ်နိုင်ပါတယ်။ လှိုင်းအမြင့်ပေကတော့ ၈ပေကနေ ၁၂ပေ ထိရှိတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ကမ်းရိုးတန်းနဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ သွားလာနေတဲ့ ကမ်းနီး ကမ်းဝေး ငါးဖမ်းရေယာဥ်တွေ ၊ ပင်လယ်ပြင်မှာ လုပ်ကိုင်နေသူတွေ နဲ့ သင်္ဘောတွေအနေနဲ့လည်း ကြိုတင် သတိထားသင့်ပြီး ၁၈ရက်ကနေ ၂၁ ရက်နေ့လောက်ထိ ပင်လယ်ပြင်သွားလာမှုတွေကို ရှောင်ကြဉ်သင့်တယ်လို့ သိရပါတယ်။

လက်ရှိအချိန်ထိ မုန်တိုင်းဟာ ပင်လယ်ထဲမှာရှိနေသေးတာကြောင့် အချိန်မရွေးပြောင်းလဲလာနိုင်တဲ့အတွက် မုန်တိုင်းသတင်းကို အဆက်မပြတ်နားထောင်နေသင့်ကြောင်း သတိပေးပြောကြားထားပါတယ်။

Credit to Duwun

မိုးေလဝသႏွင့္ ဇလေဗဒညႊန္ၾကားမႈဦးစီးဌာနမွ ညႊန္ၾကားေရးမႉးခ်ဳပ္ ဦးေက်ာ္မိုးဦးက ေျပာတာပါ။

“မုန္တိုင္းရဲ့ အေျခအေနေၾကာင့္မို႔ ေနာက္ ၄၈ နာရီအတြင္း ေနျပည္ေတာ္၊ မႏၲေလးတိုင္းေဒသႀကီး ၊ မေကြးတိုင္းေဒသႀကီး ၊ ပဲခူးတိုင္းေဒသႀကီး ၊ ရန္ကုန္တိုင္းေဒသႀကီး ၊ ဧရာဝတီတိုင္းေဒသႀကီး၊ တနသၤာရီတိုင္းေဒသႀကီး၊ ရွမ္းျပည္နယ္၊ ခ်င္းျပည္နယ္၊ ရခိုင္ျပည္နယ္၊ ကယားျပည္နယ္ ၊ ကရင္ျပည္နယ္၊ မြန္ျပည္နယ္ေတြမွာ ေနရာစိပ္စိပ္ေလာက္ မိုးထစ္ခ်ဳန္းရြာနိုင္တဲ့ အေနအထားရွိပါတယ္။” လို႔ မိုးေလဝသႏွင့္ ဇလေဗဒညႊန္ၾကားမႈဦးစီးဌာနမွ ညႊန္ၾကားေရးမႉးခ်ဳပ္ ဦးေက်ာ္မိုးဦးက Duwun ကို ေျပာပါတယ္။

ဆိုင္ကလုန္းမုန္တိုင္းဟာ လက္ရွိအခ်ိန္မွာ ပင္လယ္ျပင္ကို ေရာက္ရွိေနၿပီျဖစ္ၿပီး မုန္တိုင္းရဲ့ အရွိန္ေၾကာင့္ ျမန္မာနိုင္ငံအႏွံ့မွာ ၄၈ နာရီအတြင္း မိုးထစ္ခ်ဳန္းရြာနိုင္ၿပီး တခ်ိဳ႕ေနရာေတြမွာေတာ့ ေလျပင္းတိုက္ခတ္တာေတြပါ ၾကဳံရနိုင္တယ္လို႔ သိရပါတယ္။ လက္ရွိ မုန္တိုင္းရဲ့ အေျခအေနကိုလည္း လို႔ မိုးေလဝသႏွင့္ ဇလေဗဒညႊန္ၾကားမႈဦးစီးဌာနမွ ညႊန္ၾကားေရးမႉးခ်ဳပ္ ဦးေက်ာ္မိုးဦးက ခုလိုေျပာျပပါတယ္။

“လက္ရွိကေတာ့ သူက အေနာက္ေျမာက္ဘက္ကို ေျဖးညင္းစြာေရြ႕ေနတယ္။ ဒီေန႔ ညပိုင္းေလာက္ဆိုရင္ေတာ့ အေရွ႕ေျမာက္ဘက္ကို ျပန္ၿပီးေရြ႕လာမယ့္ အေနအထားျဖစ္လာမယ္။ အိႏၵိယနိုင္ငံ ပါရာဒက္ရဲ့ ေတာင္ အေနာက္ေတာင္ဘက္မွာ ေရမိုင္ ၅၃၀ ခန႔္အကြာမွာ ရွိတယ္၊ ေနာက္ အိႏၵိယနိုင္ငံ ဒီကာၿမိဳ႕ရဲ့ ေတာင္ အေနာက္ေတာင္ဘက္မွာ ေရမိုင္ ၆၂၂ မိုင္၊ ေနာက္ ဘဂၤလားေဒ့ရွ္နိုင္ငံ ကန္ကူဘာၿမိဳ႕ရဲ့ အေနာက္ေတာင္ဘက္ ေရမိုင္ ၆၈၁ မိုင္မွာ ေလာေလာဆယ္ေတာ့ ဗဟိုျပဳေနတယ္။ ျမန္မာနိုင္ငံအေနနဲ႔ဆိုရင္ေတာ့ ကိုကိုကၽြန္း အေနာက္ေတာင္ဘက္ ေရမိုင္ ၄၅၇ မိုင္ ၊ ေနာက္ ပုသိမ္ၿမိဳ႕ရဲ့ အေနာက္ေတာင္ဘက္ ေရမိုင္ ၆၀၀ ခန႔္အကြာမွာ ပင္လယ္ျပင္မွာ ဗဟိုျပဳေနတယ္။ လက္ရွိမွာေတာ့ ျမန္မာ့ကမ္းရိုးတန္းကို ဦးတည္နိုင္တဲ့ အေျခအေန မရွိေသးတာေၾကာင့္ လက္ရွိမွာေတာ့ အဝါေရာင္အဆင့္ပဲ ကၽြန္ေတာ္တို႔ သတ္မွတ္ထားပါတယ္။” လို႔ မိုးေလဝသႏွင့္ ဇလေဗဒညႊန္ၾကားမႈဦးစီးဌာနမွ ညႊန္ၾကားေရးမႉးခ်ဳပ္ ဦးေက်ာ္မိုးဦးက Duwun ကို ေျပာပါတယ္။

မုန္တိုင္းရဲ့ လက္ရွိတည္ေနရာကေတာ့ ေျမာက္လတၱီက်ဴ႕ ၁၁.၃ နဲ႔ အေရွ႕ေလာင္ဂ်ီက်ဴ႕ ၈၆.၁ မွာ ရွိတယ္။ ဗဟိုခ်က္ရဲ့ ေလဖိအားကေတာ့ ၉၉၇ ၊ အျမင့္ဆုံး ေလတိုက္ႏႈန္းကေတာ့ မိုင္ ၅၀ ေလာက္ ရွိတယ္လို႔ သိရပါတယ္။

“ေနာက္ ၃၆ နာရီအတြက္ ခန႔္မွန္းခ်က္ကေတာ့ ဒီညပိုင္းေလာက္မွာေတာ့ အားေကာင္းေသာ ဆိုင္ကလုန္းမိုင္တိုင္း အဆင့္ကို ေရာက္နိုင္တယ္။ ၁၈ ရက္ေန႔ ေရာက္ရင္ေတာ့ အားအလြန္ေကာင္းေသာ ဆိုင္ကလုန္းမုန္တိုင္းအဆင့္ကို ေရာက္နိုင္တဲ့ အေနအထားမ်ိဳးမွာ ရွိတယ္၊ တေျဖးေျဖးနဲ႔ အားေကာင္းလာမယ့္ အေနအထားမွာေတာ့ ရွိတယ္။” လို႔ သူက ဆက္ေျပာပါတယ္။

ျမန္မာ့ကမ္းရိုးတန္းတစ္ေလၽွာက္မွာေတာ့ မုန္တိုင္းရဲ့ အရွိန္ေၾကာင့္ ရံဖန္ရံခါ မိုးသက္ေလျပင္းက်ၿပီး လွိုင္းႀကီးနိုင္တယ္ၿပီး မိုးသက္ေလျပင္းက်တဲ့အခ်ိန္မွာလည္း ေရျပင္ေျမျပင္ဟာ တစ္နာရီကို မိုင္ ၄၀ ေလာက္အထိကို တိုက္ခတ္နိုင္ပါတယ္။ လွိုင္းအျမင့္ေပကေတာ့ ၈ေပကေန ၁၂ေပ ထိရွိတယ္လို႔ သိရပါတယ္။

ျမန္မာနိုင္ငံအေနနဲ႔ ကမ္းရိုးတန္းနဲ႔ ကမ္းလြန္ပင္လယ္ျပင္မွာ သြားလာေနတဲ့ ကမ္းနီး ကမ္းေဝး ငါးဖမ္းေရယာဥ္ေတြ ၊ ပင္လယ္ျပင္မွာ လုပ္ကိုင္ေနသူေတြ နဲ႔ သေဘၤာေတြအေနနဲ႔လည္း ႀကိဳတင္ သတိထားသင့္ၿပီး ၁၈ရက္ကေန ၂၁ ရက္ေန႔ေလာက္ထိ ပင္လယ္ျပင္သြားလာမႈေတြကို ေရွာင္ၾကဥ္သင့္တယ္လို႔ သိရပါတယ္။

လက္ရွိအခ်ိန္ထိ မုန္တိုင္းဟာ ပင္လယ္ထဲမွာရွိေနေသးတာေၾကာင့္ အခ်ိန္မေရြးေျပာင္းလဲလာနိုင္တဲ့အတြက္ မုန္တိုင္းသတင္းကို အဆက္မျပတ္နားေထာင္ေနသင့္ေၾကာင္း သတိေပးေျပာၾကားထားပါတယ္။

Credit to Duwun