ကွာရင်တင်းဝင်နေရတဲ့အဆောင်မှာပဲ့ ထူးထူးခြားခြားလက်ထပ်ပွဲလေးကျင်းပလိုက်တဲ့ စုံတွဲ

0
157

မုံရွာက Q ဝင်နေရတဲ့ စုံတွဲတစ်တွဲရဲ့ ထူးထူးခြားခြား လက်ထပ်ပွဲလေးပါပဲ

မုံရွာမြို့၊ ထန်းတောရပ်ကွက် အသွားအလာကန့်သတ် Quarantine စင်တာတွင် စုံတွဲတစ်တွဲအား မိဘများရှေ့မှောက် လက်မှတ်ထိုး လက်ထပ်ပေးခြင်းအား ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

သတို့သမီးမှာ မကွေးတိုင်း ပေါက်မြို့မှလာသဖြင့် မုံရွာမြို့ ထန်းတောရပ်ကွက် အမှတ် (၆) အထက်တန်းကျောင်း အသွားအလာကန့်သတ်နေရာတွင် ထားရှိခဲ့ခြင်းဖြစ်သည်။သတို့သားမှာ ထန်းတော အောင်လံရပ်မှဖြစ်ပြီး ၎င်းနေအိမ်တွင်သာ နေထိုင်နေသူ ဖြစ်သည်။

“မိဘတွေက သဘောတူပြီးသားတွေပါ။ ကောင်လေးရဲ့ အဖေက သူ့ချွေးမကို မကွေးကနေ ခေါ်လာတာ၊ အခု ကွာရန်တင်းမှာ ကောင်မလေးရယ်၊ သူ့အမကြီးရယ်၊ ကောင်လေးရဲ့အဖေတို့ရယ်ကို နေခိုင်းထားတယ်၊ ကောင်လေးက သူယူမယ့် ကောင်မလေးကို ထိတွေ့မှုမရှိခဲ့လို့ သူ့ကိုတော့ ကွာရန်တင်းမှာ မထားဘူး၊ ဒီနေ့ ရက်ကောင်းလို့ လက်မှတ်ထိုးချင်လို့ပါဆို လို့ စီစဉ်ပေးလိုက်တာပါ ” ဟု ထန်းတောရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးညိုဝင်းက ပြောသည်။

လက်မှတ်ထိုးပွဲအား လူချင်းထိတွေ့မှုမရှိရန် အကွာအဝေးသတ်မှတ်၍ အချိန်အနည်းငယ်သာယူကာ ပြုလုပ်စေခဲ့သည်ဟု ဆိုသည်။လက်မှတ်ထိုးပြီး သတို့သားအား နေအိမ်သို့ပြန်စေကာ သတို့သမီးအား Quarantine စင်တာတွင် ဆက်လက်ထားရှိသည်။

ထန်းတောရပ်ကွက် Quarantine စင်တာတွင် စောင့်ကြည့်အဖြစ်ထားသူ ၁၃ ဦး ရှိနေသည်။

လေးစားစွာဖြင့် ခရစ်ဒက်.. ညိုဝင်း

ကြာရင္တင္း ဝင္ေနရတဲ့ အေဆာင္မွာပဲ့ ထူးထူးျခားျခား လက္ထပ္ပြဲေလးက်င္းပလိုက္တဲ့ စုံတြဲ

မုံ႐ြာက Q ဝင္ေနရတဲ့ စုံတြဲတစ္တြဲရဲ႕ ထူးထူးျခားျခား လက္ထပ္ပြဲေလးပါပဲ

မုံ႐ြာၿမိဳ႕၊ ထန္းေတာရပ္ကြက္ အသြားအလာကန႔္သတ္ Quarantine စင္တာတြင္ စုံတြဲတစ္တြဲအား မိဘမ်ားေရွ႕ေမွာက္ လက္မွတ္ထိုး လက္ထပ္ေပးျခင္းအား ယေန႔ နံနက္ပိုင္းက ျပဳလုပ္ခဲ့သည္။

သတို႔သမီးမွာ မေကြးတိုင္း ေပါက္ၿမိဳ႕မွလာသျဖင့္ မုံ႐ြာၿမိဳ႕ ထန္းေတာရပ္ကြက္ အမွတ္ (၆) အထက္တန္းေက်ာင္း အသြားအလာကန႔္သတ္ေနရာတြင္ ထားရွိခဲ့ျခင္းျဖစ္သည္။သတို႔သားမွာ ထန္းေတာ ေအာင္လံရပ္မွျဖစ္ၿပီး ၎ေနအိမ္တြင္သာ ေနထိုင္ေနသူ ျဖစ္သည္။

“မိဘေတြက သေဘာတူၿပီးသားေတြပါ။ ေကာင္ေလးရဲ႕ အေဖက သူ႔ေခြၽးမကို မေကြးကေန ေခၚလာတာ၊ အခု ကြာရန္တင္းမွာ ေကာင္မေလးရယ္၊ သူ႔အမႀကီးရယ္၊ ေကာင္ေလးရဲ႕အေဖတို႔ရယ္ကို ေနခိုင္းထားတယ္၊ ေကာင္ေလးက သူယူမယ့္ ေကာင္မေလးကို ထိေတြ႕မႈမရွိခဲ့လို႔ သူ႔ကိုေတာ့ ကြာရန္တင္းမွာ မထားဘူး၊ ဒီေန႔ ရက္ေကာင္းလို႔ လက္မွတ္ထိုးခ်င္လို႔ပါဆို လို႔ စီစဥ္ေပးလိုက္တာပါ ” ဟု ထန္းေတာရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉး ဦးညိဳဝင္းက ေျပာသည္။

လက္မွတ္ထိုးပြဲအား လူခ်င္းထိေတြ႕မႈမရွိရန္ အကြာအေဝးသတ္မွတ္၍ အခ်ိန္အနည္းငယ္သာယူကာ ျပဳလုပ္ေစခဲ့သည္ဟု ဆိုသည္။လက္မွတ္ထိုးၿပီး သတို႔သားအား ေနအိမ္သို႔ျပန္ေစကာ သတို႔သမီးအား Quarantine စင္တာတြင္ ဆက္လက္ထားရွိသည္။

ထန္းေတာရပ္ကြက္ Quarantine စင္တာတြင္ ေစာင့္ၾကည့္အျဖစ္ထားသူ ၁၃ ဦး ရွိေနသည္။

ေလးစားစြာျဖင့္ ခရစ္ဒက္.. ညိဳဝင္း