အခြေခံပညာကျောင်းဖွင့်ချိန်နှင့် အောင်စာရင်းထွက်မည့်ရက် ထုတ်ပြန်

0
210

အခြေခံပညာကျောင်းများကို ဇူလိုင်လတွင် ပြန်ဖွင့်မည်ဖြစ်ပြီး တက္ကသိုလ်ဝင်တန်းအပါအဝင် အောင်စာရင်းများကို ဇွန်လမကုန်မီ ထုတ်ပြန်မည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောသည်။

“ဗဟိုကော်မတီက ထုတ်ထားတယ်လေ။ အဲဒီထဲမှာပါတယ်လေ။ ဇူလိုင်လမှာ ကျောင်းတွေပြန်ဖွင့်ဖို့ဆိုတာ။ အဲဒါဆို သေချာပြီလေ။ ဗဟိုကော်မတီက ထုတ်တာဆိုတော့” ဟု ဦးကိုလေးဝင်းက ပြောသည်။

ဇူလိုင်လအတွင်း စာသင်ကျောင်းများ ပြန်ဖွင့်မည်ဖြစ်သောကြောင့် ဆယ်တန်းအပါအဝင် အခြေခံပညာ အတန်းအသီးသီး၏ အောင်စာရင်းများကို ဇွန်လမကုန်ခင်တွင် ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ယင်းက ဆက်လက်ပြောသည်။

ကိုဗစ် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားဗဟိုကော်မတီမှ အခြေခံကျောင်းများအား ဇူလိုင်လအတွင်း ဖွင့်လှစ်ရန် ရှိသဖြင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များ တွင် Community Based Facility Quarantine ဖွင့်လှစ်ထားသော အခြေခံပညာကျောင်းများကို ပိုးသတ်ဆေးဖျန်းကာ ဇွန် ၁၅ ရက် နောက်ဆုံးထား၍ ပညာရေးဝန်ကြီးထံ ပြန်လွှဲပြောင်းပေးရန် ညွှန်ကြားစာထုတ်ပြန်ထားကြောင်း သိရသည်။

Credit

အေျခခံပညာေက်ာင္းဖြင့္ခ်ိန္ႏွင့္ ေအာင္စာရင္းထြက္မည့္ရက္ ထုတ္ျပန္

အေျခခံပညာေက်ာင္းမ်ားကို ဇူလိုင္လတြင္ ျပန္ဖြင့္မည္ျဖစ္ၿပီး တကၠသိုလ္ဝင္တန္းအပါအဝင္ ေအာင္စာရင္းမ်ားကို ဇြန္လမကုန္မီ ထုတ္ျပန္မည္ျဖစ္ေၾကာင္း အေျခခံပညာဦးစီးဌာနမွ ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးကိုေလးဝင္းက ေျပာသည္။

“ဗဟိုေကာ္မတီက ထုတ္ထားတယ္ေလ။ အဲဒီထဲမွာပါတယ္ေလ။ ဇူလိုင္လမွာ ေက်ာင္းေတြျပန္ဖြင့္ဖို႔ဆိုတာ။ အဲဒါဆို ေသခ်ာၿပီေလ။ ဗဟိုေကာ္မတီက ထုတ္တာဆိုေတာ့” ဟု ဦးကိုေလးဝင္းက ေျပာသည္။

ဇူလိုင္လအတြင္း စာသင္ေက်ာင္းမ်ား ျပန္ဖြင့္မည္ျဖစ္ေသာေၾကာင့္ ဆယ္တန္းအပါအဝင္ အေျခခံပညာ အတန္းအသီးသီး၏ ေအာင္စာရင္းမ်ားကို ဇြန္လမကုန္ခင္တြင္ ထုတ္ျပန္ေပးသြားမည္ျဖစ္ေၾကာင္း ယင္းက ဆက္လက္ေျပာသည္။

ကိုဗစ္ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး အမ်ိဳးသားဗဟိုေကာ္မတီမွ အေျခခံေက်ာင္းမ်ားအား ဇူလိုင္လအတြင္း ဖြင့္လွစ္ရန္ ရွိသျဖင့္ ေနျပည္ေတာ္ေကာင္စီ၊ တိုင္းေဒသႀကီးႏွင့္ျပည္နယ္မ်ား တြင္ Community Based Facility Quarantine ဖြင့္လွစ္ထားေသာ အေျခခံပညာေက်ာင္းမ်ားကို ပိုးသတ္ေဆးဖ်န္းကာ ဇြန္ ၁၅ ရက္ ေနာက္ဆုံးထား၍ ပညာေရးဝန္ႀကီးထံ ျပန္လႊဲေျပာင္းေပးရန္ ၫႊန္ၾကားစာထုတ္ျပန္ထားေၾကာင္း သိရသည္။

Credit