ဘဝနေနည်း နည်းလမ်း ( ၁၀ )မျိုး (ကောင်းလွန်းလို့ဖတ်ကြည့်စမ်းပါ)

0
103

( ၁ ) ဘယ်တော့မှ ပိုက်ဆံမချေးပါနဲ့ ။ဆောင်ပုဒ်လေးတစ်ခုရှိတယ် ။

– တောင်းမှပေးတာ လူမိုက်

– မတောင်းဘဲပေးတာ လူလိမ္မာ

– တောင်းလည်းမပေးတာ လူယုတ်မာ

ဒါ့ကြောင့် ပြင်ပဘေးသူစိမ်းတွေနဲ့မယုံကြည်ရတဲ့သူတွေကိုတက်နိူင်သမျှပိုက်ဆံမချေးပါနှင့် ။

ငွေကြေးဥစ္စာဟာ နည်းသည်ဖြစ်စေများသည်ဖြစ်စေ ချေးငှားကြသူတိုင်းဟာ ပြန်ပြီးလိုချင်ကြစမြဲပါ ။

ပြန်မဆပ်ခဲ့ဘူးဆိုရင် ရင်ထဲမှာ အစိုင်အခဲလေးတည်နေတတ်ပါတယ် ။

ကိုယ်တကယ်ချစ်တဲ့သူတွေအတွက်ဆိုရင်ရက်ရက်ရောရောသာ ပေးကမ်းကူညီပေးလိုက်ပါ ။

( ၂ ) လိုအပ်လျှင်အဆင်သင့်ဖြစ်အောင်ပိုက်ဆံပုံမှန်စုပါ ။

ကျွန်တော်တို့ဟာ ဘယ်အချိန်မှာဆင်းရဲဒုက္ခတွေကြုံမလဲဘယ်အချိန်မှာ အနာတရဖြစ်မလဲဆိုတာ ကြိုပြီး မသိနိူင်ပါဘူး ။

ဒီလိုအနေအထားမျိုးတွေ တကယ်ဖြစ်လာခဲ့ရင်အခက်အခဲတွေကို တစ်ဖက်တစ်လမ်းမှ ဖြေရှင်းဖို့ ပိုက်ဆံစုပါ ။

( ၃ ) ကိုယ့်ဘဝအတွက်မလိုအပ်တဲ့သူတွေအတွက် အချိန်ကုန်မခံပါနဲ့ ။

ကိုယ့်ကို ငြင်းပယ်ခဲ့ဖူးသူတွေလိုအပ်မှ ကိုယ့်ကို တမ်းတမ်းတတဖြစ်တတ်ကြသူတွေအတွက် လုံးဝ အချိန်ကုန်မခံပါနဲ့ ။

တစ်ချို့တွေတော့ ရှိတယ်” ငါက သူ့အတွက် အမြဲတမ်း ပေးဆပ်ဖို့အဆင့်ပဲ ” တဲ့။

ဒါဟာ သေချာတွေးကြည့်ရင် စိတ္တဇဝေဒနာသည်တစ်ယောက်ရဲ့အတွေးမျိုးပါ ၊ ချီးကျူးထိုက်ဖို့နေနေသာသာ လုံးဝ ဂုဏ်ယူစရာမကောင်းတဲ့လုပ်ရပ်မျိုးပါပဲ ။

ကိုယ့်ကို မလိုအပ်တဲ့သူအတွက် အပင်ပန်းခံနေမဲ့အစား ပရဟိတလုပ်ငန်းတွေမှာ အချိန်ကုန်ခံလိုက်ပါ ။

( ၄ ) ကိုယ့်အပေါ် မကောင်းတဲ့သူတွေကို ပြတ်ပြတ်သားသား ဆက်ဆံတတ်ပါစေ ။

ကိုယ်ကကောင်းသလောက် ကိုယ့်အပေါ် မကြာခဏ လူလည်ကျတတ်သူတွေကို တလေးတစား ဆက်ဆံနေဖို့ လုံးဝ မလိုအပ်ပါဘူး ။

ဒီလိုလူမျိုးတွေဟာ သူတို့အနိူင်ယူဖူးတဲ့သူအပေါ် နောက်တစ်ကြိမ်ယုတ်မာဖို့ ဘယ်တော့မှ ဝန်လေးနေမှာ မဟုတ်ပါဘူး ။

သူက ပြုံးရင် ကိုယ်ကပြန်ပြုံးပြလိုက်ပါသူက မဲ့ရင် ကိုယ်ကပြန်မဲ့ပြလိုက်ပါ

သူကမီးလိုကျင့်ရင် ကိုယ်ကမီးလိုပူလောင်ပြလိုက်ပါသူကရေလိုကျင့်ရင် ကိုယ်ကရေလိုအေးချမ်းပြလိုက်ပါ

( ၅ ) စိတ်တူကိုယ်တူ အသိမိတ်ဆွေများနှင့် စကားများများပြောပါ ။

သင့်ကို လေးစားတဲ့သူ ၊ သင်ကလည်း လေးစားတဲ့သူများနှင့် မကြာခဏ စကားပြောပါ ။

ဒီလို စကားပြောခြင်းဖြင့် စိတ်ချမ်းသာမှုကိုရစေပြီးအချိန်ကုန်မှန်းမသိကုန်နေတာကို သတိမထားမိအောင် ကြည်နူးစရာကောင်းနေပါလိမ့်မယ် ။

နောက်ပြီး ကိုယ့်ရဲ့ရည်မှန်းချက် ၊ လက်ရှိအခြေအနေ ၊ အနာဂတ်အလားအလာ စတာတွေအတွက် သင်နဲ့စိတ်သဘောထားချင်းတိုက်ဆိုက်သူများကသာ အကြံဉာဏ်ကောင်းတွေ ပေးနိူင်ပါလိမ့်မယ် ။

ဆိုလိုတာက သင်က ဘာသာရေးသမားဆိုရင် အရက်သမားတွေနဲ့ စကားပြောလို့အဆင်ပြေမှာမဟုတ်ပါဘူး ။

( ၆ ) ခရီးတွေ မကြာခဏ ထွက်ပါ ။

တိုတောင်းလှတဲ့ဘဝမှာ အတွေ့အကြုံသစ်တွေကို ခံစားဖို့နဲ့ အထွေထွေဗဟုသုတ ( General knowledges ) မြင့်မားစေဖို့ မကြာခဏ ခရီးထွက်သင့်ပါတယ် ။

ခရီးသွားခြင်းဟာ အကောင်းဆုံး စိတ်အပန်းဖြေမှုတစ်မျိုးဆိုတာ သင် လက်ခံလာပါလိမ့်မယ် ။

ရေမြေတောတောင်သဘာဝအလှတွေကို ရှုစားရခြင်းဟာ လည်း စိတ်ချမ်းသာမှုတစ်မျိုးပါပဲ ။

ခရီးထွက်ခြင်းအားဖြင့် သင့်ဆီမှာရှိနေတဲ့ pressure တွေကိုလည်း အတော်အသင့် လျော့နည်းစေမှာဖြစ်ပါတယ် ။

( ၇ ) ကိုယ်ဝါသနာပါတဲ့အလုပ်ကိုပဲ လုပ်ပါ ။

ကျွန်တော် စာတစ်ကြောင်း ဖတ်ဖူးခဲ့တယ် ။

If you don’t like where you are , move .You are not a tree .

မင်းနေတဲ့နေရာကိုမကြိုက်ရင်ပြောင်းလိုက်မင်းက သစ်ပင်တစ်ပင်မဟုတ်ဘူး ။

ဟုတ်ပါတယ် ၊ ကျွန်တော်တို့ဟာ လူတွေပါ ။ရွေ့လျားလို့မရတဲ့ သစ်ပင်တွေ မဟုတ်ပါဘူး ။

ဒါ့ကြောင့် ခဏတာရခဲလှတဲ့ဒီဘဝလေးမှာ ကိုယ်သဘောမကျတဲ့အလုပ်ကိုလုပ်ရင်း စိတ်ညစ်ညူးမခံပါနှင့်။

ဂျော့(ခ်ျ)ဘန်း(စ်) ပြောဖူးတဲ့စကားတစ်ခွန်းရှိတယ်။

” ကျုပ်ကတော့ ကျုပ်ဝါသနာမပါတဲ့အလုပ်ကိုလုပ်ပြီး အောင်မြင်သူ ဖြစ်ရတာထက် ကျုပ်ဝါသနာပါတဲ့အလုပ်ကိုလုပ်ပြီး မအောင်မြင်သူဖြစ်ချင်တယ် ” တဲ့ ။

ဟုတ်ကဲ့ —ကိုယ်အမှန်တကယ် ဝါသနာပါတဲ့အလုပ်ကိုပဲလုပ်ပါ ။

( ၈ ) တစ်ဖက်လူဘက်မှ ဖြည့်တွေးပေးပါ ၊ ကိုယ်ချင်းစာ စိတ် ထားပါ ။

ပြဿနာတစ်ခုကို ကိုယ်မြင်တဲ့ဘက်ကလည်း မှန်နိူင်သလို သူမြင်တဲ့ဘက်ကလည်းမှန်နေနိူင်ပါတယ် ။

သဘောထားကွဲလွဲတာဟာ အဓိကပြဿနာမဟုတ်ပါဘူးဒါ့ကြောင့် တစ်ဖက်လူအမြင်ကိုလည်း လေးစားတတ်ဖို့ သိပ်ကို လိုအပ်ပါတယ် ။

သူ့နေရာမှငါသာဆိုရင် ဘယ်လိုနေမလဲ ဆိုတဲ့အတွေးမျိုးကို တွေးတတ်ဖို့အမြဲတမ်းသင်ယူထားပါ ။

သူ့ဘက်ကကြည့်တော့ လက်ဖဝါး ငါ့ဘက်ကကြည့်တော့ လက်ဖမိုးဆိုသလို အမှန်တရားတစ်ခုဟာ အမြင်အမျိုးမျိုးရှိနေတတ်ပါတယ် ။

( ၉ ) စာများများဖတ်ပေးပါ ။

ဦးသန့်ရဲ့စကားလေးနဲ့ပဲ ပြောပါရစေ ။

” စာဖတ်သောလူမျိုးသည် တိုးတက်၍ တိုးတက်သောလူမျိုးသည် စာဖတ်သည် ” တဲ့ ၊ သိပ်ကို မှန်ပါတယ် ။

သင်သာ စာဖတ်ခြင်းမှာ စျန်ဝင်နေရင် အခြားကမ္ဘာတစ်ခုကို ရောက်ရှိသွားသလို ခံစားမိမှာ မလွဲဧကန်ပါပဲ ။

ကျွန်တော်တို့ရဲ့ဘဝတွေ တိုးတက်မြင့်မားစေဖို့အသိဉာဏ်ပညာတွေ တိုးပွားစေဖို့ အတွက် စာဖတ်ခြင်းဟာ အကောင်းဆုံးနည်းလမ်းတစ်ခုပါပဲ ။

( ၁၀ ) တစ်စုံတစ်ရာကို အမြဲတမ်းသင်ယူပါ

ဥရောပနိူင်ငံတွေမှာဆိုရင် အသက်၈ဝအရွယ်အဘိုးအဘွားတွေဟာ ဘာသာစကားအသစ်တွေကအစ အသိပညာအတတ်ပညာတွေ သင်ယူလေ့လာနေတုန်းပါပဲ ။

တစ်စုံတစ်ရာကို အမြဲတမ်း သင်ယူနေတတ်တာဟာသူတို့ရဲ့ ဓလေ့တစ်ခုလိုဖြစ်နေပါပြီ ။

ဒါကြောင့် တစ်စုံတစ်ခုကို စိတ်ပါလက်ပါ သင်ယူပါအတတ်ပညာတစ်မျိုးမျိုးကို ထူးချွန်အောင် လေ့လာပါ

လေးစားစွာဖြင့် credit

ဘဝေနနည္း နည္းလမ္း ( ၁၀ )မ်ိဳး (ေကာင္းလြန္းလို႔ဖတ္ၾကည့္စမ္းပါ)

( ၁ ) ဘယ္ေတာ့မွ ပိုက္ဆံမေခ်းပါနဲ႔ ။ေဆာင္ပုဒ္ေလးတစ္ခုရွိတယ္ ။

– ေတာင္းမွေပးတာ လူမိုက္

– မေတာင္းဘဲေပးတာ လူလိမၼာ

– ေတာင္းလည္းမေပးတာ လူယုတ္မာ

ဒါ့ေၾကာင့္ ျပင္ပေဘးသူစိမ္းေတြနဲ႔မယုံၾကည္ရတဲ့သူေတြကိုတက္နိူင္သမၽွပိုက္ဆံမေခ်းပါႏွင့္ ။

ေငြေၾကးဥစၥာဟာ နည္းသည္ျဖစ္ေစမ်ားသည္ျဖစ္ေစ ေခ်းငွားၾကသူတိုင္းဟာ ျပန္ၿပီးလိုခ်င္ၾကစျမဲပါ ။

ျပန္မဆပ္ခဲ့ဘူးဆိုရင္ ရင္ထဲမွာ အစိုင္အခဲေလးတည္ေနတတ္ပါတယ္ ။

ကိုယ္တကယ္ခ်စ္တဲ့သူေတြအတြက္ဆိုရင္ရက္ရက္ေရာေရာသာ ေပးကမ္းကူညီေပးလိုက္ပါ ။

( ၂ ) လိုအပ္လၽွင္အဆင္သင့္ျဖစ္ေအာင္ပိုက္ဆံပုံမွန္စုပါ ။

ကၽြန္ေတာ္တို႔ဟာ ဘယ္အခ်ိန္မွာဆင္းရဲဒုကၡေတြၾကဳံမလဲဘယ္အခ်ိန္မွာ အနာတရျဖစ္မလဲဆိုတာ ႀကိဳၿပီး မသိနိူင္ပါဘူး ။

ဒီလိုအေနအထားမ်ိဳးေတြ တကယ္ျဖစ္လာခဲ့ရင္အခက္အခဲေတြကို တစ္ဖက္တစ္လမ္းမွ ေျဖရွင္းဖို႔ ပိုက္ဆံစုပါ ။

( ၃ ) ကိုယ့္ဘ၀အတြက္မလိုအပ္တဲ့သူေတြအတြက္ အခ်ိန္ကုန္မခံပါနဲ႔ ။

ကိုယ့္ကို ျငင္းပယ္ခဲ့ဖူးသူေတြလိုအပ္မွ ကိုယ့္ကို တမ္းတမ္းတတျဖစ္တတ္ၾကသူေတြအတြက္ လုံး၀ အခ်ိန္ကုန္မခံပါနဲ႔ ။

တစ္ခ်ိဳ႕ေတြေတာ့ ရွိတယ္” ငါက သူ႔အတြက္ အျမဲတမ္း ေပးဆပ္ဖို႔အဆင့္ပဲ ” တဲ့။

ဒါဟာ ေသခ်ာေတြးၾကည့္ရင္ စိတၱဇေဝဒနာသည္တစ္ေယာက္ရဲ့အေတြးမ်ိဳးပါ ၊ ခ်ီးက်ဴးထိုက္ဖို႔ေနေနသာသာ လုံး၀ ဂုဏ္ယူစရာမေကာင္းတဲ့လုပ္ရပ္မ်ိဳးပါပဲ ။

ကိုယ့္ကို မလိုအပ္တဲ့သူအတြက္ အပင္ပန္းခံေနမဲ့အစား ပရဟိတလုပ္ငန္းေတြမွာ အခ်ိန္ကုန္ခံလိုက္ပါ ။

( ၄ ) ကိုယ့္အေပၚ မေကာင္းတဲ့သူေတြကို ျပတ္ျပတ္သားသား ဆက္ဆံတတ္ပါေစ ။

ကိုယ္ကေကာင္းသေလာက္ ကိုယ့္အေပၚ မၾကာခဏ လူလည္က်တတ္သူေတြကို တေလးတစား ဆက္ဆံေနဖို႔ လုံး၀ မလိုအပ္ပါဘူး ။

ဒီလိုလူမ်ိဳးေတြဟာ သူတို႔အနိူင္ယူဖူးတဲ့သူအေပၚ ေနာက္တစ္ႀကိမ္ယုတ္မာဖို႔ ဘယ္ေတာ့မွ ၀န္ေလးေနမွာ မဟုတ္ပါဘူး ။

သူက ျပဳံးရင္ ကိုယ္ကျပန္ျပဳံးျပလိုက္ပါသူက မဲ့ရင္ ကိုယ္ကျပန္မဲ့ျပလိုက္ပါ

သူကမီးလိုက်င့္ရင္ ကိုယ္ကမီးလိုပူေလာင္ျပလိုက္ပါသူကေရလိုက်င့္ရင္ ကိုယ္ကေရလိုေအးခ်မ္းျပလိုက္ပါ

( ၅ ) စိတ္တူကိုယ္တူ အသိမိတ္ေဆြမ်ားႏွင့္ စကားမ်ားမ်ားေျပာပါ ။

သင့္ကို ေလးစားတဲ့သူ ၊ သင္ကလည္း ေလးစားတဲ့သူမ်ားႏွင့္ မၾကာခဏ စကားေျပာပါ ။

ဒီလို စကားေျပာျခင္းျဖင့္ စိတ္ခ်မ္းသာမႈကိုရေစၿပီးအခ်ိန္ကုန္မွန္းမသိကုန္ေနတာကို သတိမထားမိေအာင္ ၾကည္ႏူးစရာေကာင္းေနပါလိမ့္မယ္ ။

ေနာက္ၿပီး ကိုယ့္ရဲ့ရည္မွန္းခ်က္ ၊ လက္ရွိအေျခအေန ၊ အနာဂတ္အလားအလာ စတာေတြအတြက္ သင္နဲ႔စိတ္သေဘာထားခ်င္းတိုက္ဆိုက္သူမ်ားကသာ အႀကံဉာဏ္ေကာင္းေတြ ေပးနိူင္ပါလိမ့္မယ္ ။

ဆိုလိုတာက သင္က ဘာသာေရးသမားဆိုရင္ အရက္သမားေတြနဲ႔ စကားေျပာလို႔အဆင္ေျပမွာမဟုတ္ပါဘူး ။

( ၆ ) ခရီးေတြ မၾကာခဏ ထြက္ပါ ။

တိုေတာင္းလွတဲ့ဘ၀မွာ အေတြ႕အၾကဳံသစ္ေတြကို ခံစားဖို႔နဲ႔ အေထြေထြဗဟုသုတ ( General knowledges ) ျမင့္မားေစဖို႔ မၾကာခဏ ခရီးထြက္သင့္ပါတယ္ ။

ခရီးသြားျခင္းဟာ အေကာင္းဆုံး စိတ္အပန္းေျဖမႈတစ္မ်ိဳးဆိုတာ သင္ လက္ခံလာပါလိမ့္မယ္ ။

ေရေျမေတာေတာင္သဘာ၀အလွေတြကို ရႈစားရျခင္းဟာ လည္း စိတ္ခ်မ္းသာမႈတစ္မ်ိဳးပါပဲ ။

ခရီးထြက္ျခင္းအားျဖင့္ သင့္ဆီမွာရွိေနတဲ့ pressure ေတြကိုလည္း အေတာ္အသင့္ ေလ်ာ့နည္းေစမွာျဖစ္ပါတယ္ ။

( ၇ ) ကိုယ္ဝါသနာပါတဲ့အလုပ္ကိုပဲ လုပ္ပါ ။

ကၽြန္ေတာ္ စာတစ္ေၾကာင္း ဖတ္ဖူးခဲ့တယ္ ။

If you don’t like where you are , move .You are not a tree .

မင္းေနတဲ့ေနရာကိုမႀကိဳက္ရင္ေျပာင္းလိုက္မင္းက သစ္ပင္တစ္ပင္မဟုတ္ဘူး ။

ဟုတ္ပါတယ္ ၊ ကၽြန္ေတာ္တို႔ဟာ လူေတြပါ ။ေရြ႕လ်ားလို႔မရတဲ့ သစ္ပင္ေတြ မဟုတ္ပါဘူး ။

ဒါ့ေၾကာင့္ ခဏတာရခဲလွတဲ့ဒီဘဝေလးမွာ ကိုယ္သေဘာမက်တဲ့အလုပ္ကိုလုပ္ရင္း စိတ္ညစ္ညဴးမခံပါႏွင့္။

ေဂ်ာ့(ခ္်)ဘန္း(စ္) ေျပာဖူးတဲ့စကားတစ္ခြန္းရွိတယ္။

” က်ဳပ္ကေတာ့ က်ဳပ္ဝါသနာမပါတဲ့အလုပ္ကိုလုပ္ၿပီး ေအာင္ျမင္သူ ျဖစ္ရတာထက္ က်ဳပ္ဝါသနာပါတဲ့အလုပ္ကိုလုပ္ၿပီး မေအာင္ျမင္သူျဖစ္ခ်င္တယ္ ” တဲ့ ။

ဟုတ္ကဲ့ —ကိုယ္အမွန္တကယ္ ဝါသနာပါတဲ့အလုပ္ကိုပဲလုပ္ပါ ။

( ၈ ) တစ္ဖက္လူဘက္မွ ျဖည့္ေတြးေပးပါ ၊ ကိုယ္ခ်င္းစာ စိတ္ ထားပါ ။

ျပႆနာတစ္ခုကို ကိုယ္ျမင္တဲ့ဘက္ကလည္း မွန္နိူင္သလို သူျမင္တဲ့ဘက္ကလည္းမွန္ေနနိူင္ပါတယ္ ။

သေဘာထားကြဲလြဲတာဟာ အဓိကျပႆနာမဟုတ္ပါဘူးဒါ့ေၾကာင့္ တစ္ဖက္လူအျမင္ကိုလည္း ေလးစားတတ္ဖို႔ သိပ္ကို လိုအပ္ပါတယ္ ။

သူ႔ေနရာမွငါသာဆိုရင္ ဘယ္လိုေနမလဲ ဆိုတဲ့အေတြးမ်ိဳးကို ေတြးတတ္ဖို႔အျမဲတမ္းသင္ယူထားပါ ။

သူ႔ဘက္ကၾကည့္ေတာ့ လက္ဖဝါး ငါ့ဘက္ကၾကည့္ေတာ့ လက္ဖမိုးဆိုသလို အမွန္တရားတစ္ခုဟာ အျမင္အမ်ိဳးမ်ိဳးရွိေနတတ္ပါတယ္ ။

( ၉ ) စာမ်ားမ်ားဖတ္ေပးပါ ။

ဦးသန္႔ရဲ့စကားေလးနဲ႔ပဲ ေျပာပါရေစ ။

” စာဖတ္ေသာလူမ်ိဳးသည္ တိုးတက္၍ တိုးတက္ေသာလူမ်ိဳးသည္ စာဖတ္သည္ ” တဲ့ ၊ သိပ္ကို မွန္ပါတယ္ ။

သင္သာ စာဖတ္ျခင္းမွာ စ်န္၀င္ေနရင္ အျခားကမၻာတစ္ခုကို ေရာက္ရွိသြားသလို ခံစားမိမွာ မလြဲဧကန္ပါပဲ ။

ကၽြန္ေတာ္တို႔ရဲ့ဘဝေတြ တိုးတက္ျမင့္မားေစဖို႔အသိဉာဏ္ပညာေတြ တိုးပြားေစဖို႔ အတြက္ စာဖတ္ျခင္းဟာ အေကာင္းဆုံးနည္းလမ္းတစ္ခုပါပဲ ။

( ၁၀ ) တစ္စုံတစ္ရာကို အျမဲတမ္းသင္ယူပါ

ဥေရာပနိူင္ငံေတြမွာဆိုရင္ အသက္၈၀အရြယ္အဘိုးအဘြားေတြဟာ ဘာသာစကားအသစ္ေတြကအစ အသိပညာအတတ္ပညာေတြ သင္ယူေလ့လာေနတုန္းပါပဲ ။

တစ္စုံတစ္ရာကို အျမဲတမ္း သင္ယူေနတတ္တာဟာသူတို႔ရဲ့ ဓေလ့တစ္ခုလိုျဖစ္ေနပါၿပီ ။

ဒါေၾကာင့္ တစ္စုံတစ္ခုကို စိတ္ပါလက္ပါ သင္ယူပါအတတ္ပညာတစ္မ်ိဳးမ်ိဳးကို ထူးခၽြန္ေအာင္ ေလ့လာပါ

ေလးစားစြာျဖင့္ credit

LEAVE A REPLY

Please enter your comment!
Please enter your name here