သင်မထင်ထားတဲ့ ရွှေဝတ်ဆင်ခြင်းက ကျန်းမာရေးကိုု အကျိုးပြုနိုုင်သည့် အချက် (၅) ချက်

0
57

လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတော့ လူတွေရဲ့အလှအပတန်ဆာအဖြစ် ရွှေနဲ့တန်ဆာဆင်ကြသလို ရည်ရွယ်ချက်သတ်သတ်မှတ်မှတ်ရယ်မရှိဘဲ ဆွဲဆောင်မှုရှိဖို့သက်သက်သာ ဝတ်ဆင်တတ်ကြပါတယ်။

ခေတ်သစ်ယဉ်ကျေးမှုမှာတော့ ရွှေလက်ဝတ်ရတနာတန်ဆာအဖြစ်ကျန်ရှိနေတာတွေ့နိုင်သေးသလိုပဲ အလှအပနဲ့ ကျန်းမာရေးအတွက် ထိရောက်မှုရှိစွာ အကျိုးရှိတာကိုပါ သိလာကြပါတယ်။

ရှေးခေတ်တွေတုန်းကတော့ ရွှေက ကျန်းမာရေးနဲ့ ဆေးဝါးဆိုင်ရာအတွက်လည်း အသုံးဝင်တယ်လို့ ယုံကြည်ခဲ့ကြပါတယ်။ လူတွေရဲ့ကျန်းမာရေးအတွက် ကောင်းတဲ့ဘက်က အကျိုးသက်ရောက်မှုရှိပါတယ်။

ရွှေကို သာမန်ကျန်းမာရေးပြဿနာလေးတွေမှာလည်း အသုံးပြုနိင်ပါတယ်။

အနည်းဆုံးတော့ အဆိပ်အတောက်ဖြစ်စေတဲ့အရာမဟုတ်ဘဲ နှစ်ပေါင်းများစွာ ထိတွေ့သည့်တိုင်အောင် ဘေးထွက်ဆိုးကျိုးမရှိဘူးလို့ လေ့လာတွေ့ရှိခဲ့ကြပါတယ်။

ရွှေက ကျန်းမာရေးအတွက် ဘယ်လိုအကျိုးရှိစေသလဲ ဖတ်ကြည့်လိုက်ရအောင်။

၁) အဆစ်အမြစ်ရောင်ရမ်းခြင်းလက္ခဏာများအတွက် ကုသနိုင်ခြင်း

အဆစ်အမြင်ရောင်ရမ်းတဲ့ရောဂါလက္ခဏာတွေ ဖြစ်ပေါ်ခံစားရတဲ့အခါ ရွှေကို အသုံးပြုကြတယ်လို့ လေ့လာတွေ့ရှိခဲ့ကြပါတယ်။

၂၄ကာရတ်ရှိတဲ့ ရွှေကို အရေပြားမှာ တိုက်ရိုက်ထိတွေ့စေခြင်းက အဆစ်အမြစ်ရောင်ရောဂါတွေ သိသာစွာ သက်သာမှုရှိလာပါတယ်လို့ သုုတေသီများကဆိုကြပါတယ်။

၂) ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုခုနာကျင်ခြင်းအတွက် ကုသနိုင်ခြင်း

ခန္ဓာကိုယ်အစိတ်အပိုင်းတခုခုနာကျင်ခြင်း၊ အနာတရဖြစ်ခြင်း ကြုံတဲ့အခါ ရွှေနဲ့ ပွတ်လိမ်းခြင်းက အနာကို သက်သာစေတယ်လို့ ဆိုကြပါတယ်။

ရွှေရဲ့သဘာဝအရ သွေးကြောတွေကို ပြေလျော့သက်သာစေနိုင်ပြီး သွေးစီးဆင်းမှုကို ပိုပြီးကောင်းမွန်စေပါတယ်။

အဲဒါကြောင့် ခန္ဓာကိုယ်မှာ သွေးလှည့်ပတ်မှုပိုကောင်းလာလို့ ခန္ဓာကိုယ်က အစိတ်အပိုင်းတွေမှာ အောက်ဆီဂျင်ပိုရလာစေပါတယ်။

၃) ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးခြင်း

ရွှေက ခန္ဓာကိုယ်အပူချိန်ကို ပုံမှန်ဖြစ်စေပါတယ်။ ခန္ဓာကိုယ်ရဲ့အပူချိန် မျှတတဲ့အခါ လူတစ်ယောက်ရဲ့ခုခံစွမ်အားလည်း ပိုတိုးလာစေပါတယ်။

အဲဒါကြောင့် သာမန်ဖျားနာခြင်း၊ နှာချေခြင်း၊ အအေးပတ်ခြင်း၊ ညဘက်ချွေးစေးထွက်ခြင်း နဲ့ အပူကြီးခြင်းများကို ကူညီပေးနိုင်ပါတယ်။

၄) အရေပြားကျန်းမာရေးထိန်းသိမ်းဖို့ အသုံးဝင်ခြင်း

ရှေးခေတ် အီဂျစ်ဘုရင်မ ကယ်လီယိုပတ်ထရာက သန့်စင်တဲ့ရွှေနဲ့ သူမရဲ့အရေပြားကို နုပျိုနေအောင် ထိန်းသိမ်းခဲ့တယ်လို့ ဆိုကြပါတယ်။

ရှေးခေတ် ရောမအင်ပါယာတွင် ရွှေကို အမျိုးမျိုးသော အရေပြားကျန်းမာရေးနဲ့ ကူးစက်မှုတွေအတွက် ကုသဖို့ အသုံးပြုခဲ့ကြတယ်လို့ သိရပါတယ်။

ရွှေရဲ့ကောင်းမွန်တဲ့အကျိုးသက်ရောက်မှုကြောင့် အရေပြားအတွက် အကျိုးရှိစေပါတယ်။

ဒီနေ့ခေတ်မှာဆိုရင်လည်း တစ်ချို့သော ကျန်းမာရေးနဲ့ အလှအပဆိုင်ရာ ထုတ်ကုန်အချို့မှာ သန့်စင်တဲ့ရွှေကို ထည့်သွင်းအသုံးပြုလာကြပါတယ်။ အရေပြားတောက်ပမှုနဲ့ လှပမှုအတွက် ရွှေကို အသုံးပြုလာကြပါတယ်။

၅) ကိုယ့်ကိုကိုယ်ပိုပြီး တန်ဖိုးရှိလာသလို ခံစားရစေခြင်း

လူအတော်များများက သန့်စင်တဲ့ရွှေကို နှစ်သက်တတ်ကြပါတယ်။ ဖက်ရှင်အမြင်နဲ့ပဲဖြစ်ဖြစ် အဆင်တန်ဆာအနေနဲ့ပဲဖြစ်ဖြစ် ရွှေကို ဝတ်ဆင်ထားသူ၊

ပိုင်ဆိုင်ထားသူအနေနဲ့ သူတို့ကိုယ်သူတို့ ယုံကြည်မှုပိုရှိလာသလို ခံစားရစေပါတယ်။ အချို့ကတော့ သူတို့ပိုင်ဆိုင်တဲ့ရွှေထည်ပစ္စည်းတွေကို မြင်ရတာနဲ့တင် ပျော်နေတတ်ကြပါတယ်။

အမှန်တကယ်တော့ ထိုခံစားချက်က ကိုယ့်ကိုကိုယ် ပိုပြီးယုံကြည်မှုရှိလာခြင်း၊ ပိုတန်ဖိုးထားတတ်လာခြင်း၊ ပိုတန်ဖိုးရှိလာသလိုခံစားတတ်လာခြင်း၊

ပျော်ရွှင်တတ်လာခြင်း စတဲ့ခံစားချက်တွေကြောင့်ပဲ စိတ်ဖိစီးမှုတွေကို ပြေလျော့စေနိုင်တာပေါ့။ သင့်ရဲ့စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေကို အကောင်းဘက်ကို ပြောင်းလဲပေးနိုင်တာပေါ့။

အဲဒါကြောင့် ရွှေကို အရင်းအနှီးတစ်ခုအနေနဲ့ စုဆောင်းထားခြင်းက သင့်အတွက် စိတ်ပိုင်းဆိုင်ရာခံစားချက်လည်း ပိုကောင်းမွန်စေနိုင်သလို၊ စီးပွားရေးအတွက် အရင်းအနှီးလည်း ဖြစ်စေပါတယ်။

အားလုုံးပဲ ရွှေများကိုုဖောဖောသီသီဝတ်စားဆင်ယင်နိုုင်ပြီး ကိုုယ်၏ကျန်းမားခြင်း စိတ်၏ချမ်းသာခြင်းနှင့်ပြည့်စုုံကြပါစေလိုု့ ဆုုမနွ်ကောင်းတောင်းပေးလိုုက်ရပါတယ်။

Credit:thelifestylemyanmar

NAETHITMYANMAR

သင္မထင္ထားတ့ဲ ေရႊဝတ္ဆင္ျခင္းက က်န္းမာေရးကိုု အက်ိဳးျပဳႏိုုင္သည့္ အခ်က္ (၅) ခ်က္

လြန္ခဲ့တဲ့နွစ္ေပါင္းမ်ားစြာကေတာ့ လူေတြရဲ႕အလွအပတန္ဆာအျဖစ္ ေရႊနဲ႔တန္ဆာဆင္ၾကသလို ရည္ရြယ္ခ်က္သတ္သတ္မွတ္မွတ္ရယ္မရွိဘဲ ဆြဲေဆာင္မႈရွိဖုိ႔သက္သက္သာ ၀တ္ဆင္တတ္ၾကပါတယ္။

ေခတ္သစ္ယဥ္ေက်းမႈမွာေတာ့ ေရႊလက္၀တ္ရတနာတန္ဆာအျဖစ္က်န္ရွိေနတာေတြ႕နုိင္ေသးသလိုပဲ အလွအပနဲ႔ က်န္းမာေရးအတြက္ ထိေရာက္မႈရွိစြာ အက်ိဳးရွိတာကိုပါ သိလာၾကပါတယ္။

ေရွးေခတ္ေတြတုန္းကေတာ့ ေရႊက က်န္းမာေရးနဲ႔ ေဆး၀ါးဆုိင္ရာအတြက္လည္း အသံုး၀င္တယ္လို႔ ယံုၾကည္ခဲ့ၾကပါတယ္။ လူေတြရဲ႕က်န္းမာေရးအတြက္ ေကာင္းတဲ့ဘက္က အက်ိဳးသက္ေရာက္မႈရွိပါတယ္။

ေရႊကို သာမန္က်န္းမာေရးျပႆနာေလးေတြမွာလည္း အသံုးျပဳနိင္ပါတယ္။

အနည္းဆံုးေတာ့ အဆိပ္အေတာက္ျဖစ္ေစတဲ့အရာမဟုတ္ဘဲ နွစ္ေပါင္းမ်ားစြာ ထိေတြ႕သည့္တုိင္ေအာင္ ေဘးထြက္ဆုိးက်ိဳးမရွိဘူးလုိ႔ ေလ့လာေတြ႕ရွိခဲ့ၾကပါတယ္။

ေရႊက က်န္းမာေရးအတြက္ ဘယ္လိုအက်ိဳးရွိေစသလဲ ဖတ္ၾကည့္လိုက္ရေအာင္။

၁) အဆစ္အျမစ္ေရာင္ရမ္းျခင္းလကၡဏာမ်ားအတြက္ ကုသနုိင္ျခင္း

အဆစ္အျမင္ေရာင္ရမ္းတဲ့ေရာဂါလကၡဏာေတြ ျဖစ္ေပၚခံစားရတဲ့အခါ ေရႊကို အသံုးျပဳၾကတယ္လို႔ ေလ့လာေတြ႕ရွိခဲ့ၾကပါတယ္။

၂၄ကာရတ္ရွိတဲ့ ေရႊကို အေရျပားမွာ တိုက္ရိုက္ထိေတြ႕ေစျခင္းက အဆစ္အျမစ္ေရာင္ေရာဂါေတြ သိသာစြာ သက္သာမႈရွိလာပါတယ္လို႔ သုုေတသီမ်ားကဆိုၾကပါတယ္။

၂) ခႏၶာကိုယ္အစိတ္အပိုင္းတစ္ခုခုနာက်င္ျခင္းအတြက္ ကုသနုိင္ျခင္း

ခႏၶာကိုယ္အစိတ္အပိုင္းတခုခုနာက်င္ျခင္း၊ အနာတရျဖစ္ျခင္း ၾကံဳတဲ့အခါ ေရႊနဲ႔ ပြတ္လိမ္းျခင္းက အနာကို သက္သာေစတယ္လို႔ ဆိုၾကပါတယ္။

ေရႊရဲ႕သဘာ၀အရ ေသြးေၾကာေတြကို ေျပေလ်ာ့သက္သာေစနုိင္ျပီး ေသြးစီးဆင္းမႈကို ပိုျပီးေကာင္းမြန္ေစပါတယ္။

အဲဒါေၾကာင့္ ခႏၶာကိုယ္မွာ ေသြးလွည့္ပတ္မႈပိုေကာင္းလာလို႔ ခႏၶာကိုယ္က အစိတ္အပိုင္းေတြမွာ ေအာက္ဆီဂ်င္ပိုရလာေစပါတယ္။

၃) ခႏၶာကိုယ္အပူခ်ိန္ကို ထိန္းညိွေပးျခင္း

ေရႊက ခႏၶာကိုယ္အပူခ်ိန္ကို ပံုမွန္ျဖစ္ေစပါတယ္။ ခႏၶာကိုယ္ရဲ႕အပူခ်ိန္ မွ်တတဲ့အခါ လူတစ္ေယာက္ရဲ႕ခုခံစြမ္အားလည္း ပိုတိုးလာေစပါတယ္။

အဲဒါေၾကာင့္ သာမန္ဖ်ားနာျခင္း၊ ႏွာေခ်ျခင္း၊ အေအးပတ္ျခင္း၊ ညဘက္ေခၽြးေစးထြက္ျခင္း နဲ႔ အပူၾကီးျခင္းမ်ားကို ကူညီေပးနုိင္ပါတယ္။

၄) အေရျပားက်န္းမာေရးထိန္းသိမ္းဖို႔ အသံုး၀င္ျခင္း

ေရွးေခတ္ အီဂ်စ္ဘုရင္မ ကယ္လီယိုပတ္ထရာက သန္႔စင္တဲ့ေရႊနဲ႔ သူမရဲ႕အေရျပားကို နုပ်ိဳေနေအာင္ ထိန္းသိမ္းခဲ့တယ္လို႔ ဆိုၾကပါတယ္။

ေရွးေခတ္ ေရာမအင္ပါယာတြင္ ေရႊကို အမ်ိဳးမ်ိဳးေသာ အေရျပားက်န္းမာေရးနဲ႔ ကူးစက္မႈေတြအတြက္ ကုသဖို႔ အသံုးျပဳခဲ့ၾကတယ္လို႔ သိရပါတယ္။

ေရႊရဲ႕ေကာင္းမြန္တဲ့အက်ိဳးသက္ေရာက္မႈေၾကာင့္ အေရျပားအတြက္ အက်ိဳးရွိေစပါတယ္။

ဒီေန႔ေခတ္မွာဆိုရင္လည္း တစ္ခ်ိဳ႕ေသာ က်န္းမာေရးနဲ႔ အလွအပဆုိင္ရာ ထုတ္ကုန္အခ်ိဳ႕မွာ သန္႔စင္တဲ့ေရႊကို ထည့္သြင္းအသံုးျပဳလာၾကပါတယ္။ အေရျပားေတာက္ပမႈနဲ႔ လွပမႈအတြက္ ေရႊကို အသံုးျပဳလာၾကပါတယ္။

၅) ကိုယ့္ကိုကိုယ္ပိုျပီး တန္ဖိုးရွိလာသလို ခံစားရေစျခင္း

လူအေတာ္မ်ားမ်ားက သန္႔စင္တဲ့ေရႊကို နွစ္သက္တတ္ၾကပါတယ္။ ဖက္ရွင္အျမင္နဲ႔ပဲျဖစ္ျဖစ္ အဆင္တန္ဆာအေနနဲ႔ပဲျဖစ္ျဖစ္ ေရႊကို ၀တ္ဆင္ထားသူ၊

ပိုင္ဆုိင္ထားသူအေနနဲ႔ သူတုိ႔ကိုယ္သူတုိ႔ ယံုၾကည္မႈပိုရွိလာသလို ခံစားရေစပါတယ္။ အခ်ိဳ႕ကေတာ့ သူတို႔ပိုင္ဆုိင္တဲ့ေရႊထည္ပစၥည္းေတြကို ျမင္ရတာနဲ႔တင္ ေပ်ာ္ေနတတ္ၾကပါတယ္။

အမွန္တကယ္ေတာ့ ထိုခံစားခ်က္က ကိုယ့္ကိုကိုယ္ ပိုျပီးယံုၾကည္မႈရွိလာျခင္း၊ ပိုတန္ဖိုးထားတတ္လာျခင္း၊ ပိုတန္ဖိုးရွိလာသလိုခံစားတတ္လာျခင္း၊

ေပ်ာ္ရႊင္တတ္လာျခင္း စတဲ့ခံစားခ်က္ေတြေၾကာင့္ပဲ စိတ္ဖိစီးမႈေတြကို ေျပေလ်ာ့ေစနုိင္တာေပါ့။ သင့္ရဲ႕စိတ္ပိုင္းဆုိင္ရာ ခံစားခ်က္ေတြကို အေကာင္းဘက္ကို ေျပာင္းလဲေပးနုိင္တာေပါ့။

အဲဒါေၾကာင့္ ေရႊကို အရင္းအနွီးတစ္ခုအေနန႔ဲ စုေဆာင္းထားျခင္းက သင့္အတြက္ စိတ္ပိုင္းဆိုင္ရာခံစားခ်က္လည္း ပိုေကာင္းမြန္ေစနုိင္သလို၊ စီးပြားေရးအတြက္ အရင္းအႏွီးလည္း ျဖစ္ေစပါတယ္။

အားလံုုးပဲ ေရႊမ်ားကိုုေဖာေဖာသီသီဝတ္စားဆင္ယင္ႏိုုင္ျပီး ကိုုယ္၏က်န္းမားျခင္း စိတ္၏ခ်မ္းသာျခင္းႏွင့္ျပည့္စံုုၾကပါေစလိုု႔ ဆုုမနြ္ေကာင္းေတာင္းေပးလိုုက္ရပါတယ္။

Credit:thelifestylemyanmar

NAETHITMYANMAR

LEAVE A REPLY

Please enter your comment!
Please enter your name here