တောင်သူတွေစိုက်တဲ့ သရက်သီးတွေကို ဒီလိုတော့မလုပ်သင့်ပါဘူးဗျာ

0
73

၁၆ မိုင် ကျောက်ချော စစ်ဆေးရေး ဂိတ်က တာဝန်ရှိ လူကြီးများ မိမိတို့ရဲ့အောက်ခြေ ဝန်ထမ်းများရဲ့ မဆင်မခြင် ကိုယ်ချင်းစာစိတ် မဲ့တဲ့ လုပ်ရပ်တွေကို သိကြရဲ့လားမသိဘူး။

မြန်မာတောင်သူတွေ စိုက်ပျိုးထုတ်လုပ် တင်ပို့ ရောင်းချတဲ့ သရက်သီးဗျာ။ သရက်သီးကား အစစ်အမှန်လား တရားမဝင်တဲ့ ပစ္စည်းတွေကို သရက်သီးနဲ့ ဖုံးကုန်လုပ်လာသလားဆိုတာ ဂိတ်မှာ တာဝန်ကျနေတဲ့သူတွေဟာ ကားဆရာ အမူအရာကားပေါ်က စီထားတဲ့ သရက်သီးခြင်းအနေအထားကို တချက်ကြည့်လိုက်ရင် ခင်ဗျားတို့ မသိဘူးဆိုတာ မယုံချင်ဘူးဗျာ။

တရားမဝင် ပစ္စည်းတွေကို သယ်နေကြတဲ့ လူတွေကလည်း ဒီ ၁၆ မိုင်ဂိတ်ကို ဖြတ်သန်းဖို့ အတွက် ခင်ဗျားတို့လုံးဝမသိစေရဘူးလို့ မည်သို့ပင် ဆိုစေကာမူ ငါတို့ကတော့ မယုံဘူးလို့ မပြောရဲရင်သာနေမယ်။ယုံတယ်လို့တော့ မပြောဘူး။ခင်ဗျားတို့ ဘာကြောင့် သရက်သီးကားကို စူးထိုးတယ်ဆိုတာ ကားသမား ကုန်သည်တိုင်း မသိဘူးဆိုတာ ခပ်ရှားရှားရယ်။တရားမဝင် ကုန်ပစ္စည်းတွေကို ပါသွားမှာစိုးလို့ လုပ်ရတဲ့ စိတ်က% ဘယ်လောက်ပါမယ်ဆိုတာခင်ဗျားတို့ အသိဆုံးဘဲ။

အဲဒီတော့ ဒီဂိတ်က တာဝန်ရှိ လူကြီးတွေရော မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့တွေရောသရက်သီးကားတွေကို စူးထိုးစစ်ဆေးနေတဲ့ မိမိတို့ရဲ့ အောက်ခြေဝန်ထမ်းတွေကို အတတ်နိုင်ဆုံးကိုယ်ချင်းစာတတ်တဲ့ လူသားဆန်တဲ့ စိတ်ရှိအောင် အမြန်ဆုံးထိန်းသိမ်းပေးစေလိုပါတယ်ခင်ဗျား။

(တပည့် မကောင်း ဆရာ့ခေါင်းဆိုပြီး ဝါးလုံးရှည်နဲ့ သိမ်းကြုံးပြီး မရိုက်သင့်သေးဘူးလို့ ယူဆနေတုံးမို့ပါ)

Credit







Credit

LEAVE A REPLY

Please enter your comment!
Please enter your name here