ဦးဖိုးကျားလို ဝန်ကြီးတွေများများပေါ်ပါစေလို့သာ ဆုတောင်းမိပါတော့တယ်

0
99

“ရှက်စရာ ကောင်းလှတယ် ”

နိုင်ငံတကာက စာသင်ကျောင်းတွေမှာ ဗုဒ္ဓတရားတော်တွေ ထည့်ပြီးသင်နေကြတဲ့အချိန်မှာ

သာသနာအထွန်းကားဆုံး မြန်မာနိုင်ငံက စာသင်ကျောင်းတွေမှာ မဖွယ်မရာ ကိစ္စတွေ သင်ဖို့ကြိုးစားနေကြတာဟာ အင်မတန်ဝမ်းနည်းစရာကောင်းလှတယ်

နေရာတကာ နိုင်ငံတကာစံနုန်းနဲ့တွက်တာဟာ တချို့ကိစ္စတွေမှာ မှားပါတယ်

ငါးပါးသီလ ၃၈ ဖြာမင်္ဂလာ ဟိရိ သြတ္တပ္ပ ဗြဟ္မစိုရ် တရားတွေကို ထိရောက်အောင်သင်ကြားပေးရမှာကို

မဟုတ်တာတွေနဲ့အစားထိုးပြီးသင်ကြားနေကြတဲ့ခေါင်းဆောင်တွေဟာလည်း အံသြစရာကောင်းလှတယ်

လု့အခွင့်အရေးအရေး နိုင်ငံတကာစံနုန်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဗုဒ္ဓဘာသာတွေရဲ့ယဉ်ကျေးမူ့ ဝံသာနုစိတ်တွေအားလုံး ကျရှုံးကုန်ပြီ ပျက်စီးကုန်ပြီ

အကြောင်းအကျိုးညီညွတ်အောင်ထောက်ပြတိုင်းလည်း အမြဲတမ်းအဆဲအဆိုတွေပဲ ရင်ဆိုင်နေရတဲ့အခါကျတော့

သူတော်ကောင်းကြီးတွေလည်း ခုနောက်ပိုင်း နုတ်ဆိတ်ကုန်ကြတာ သတိထားမိတယ်

ဗုဒ္ဓဘာသာနိုင်ငံဟာ ဗုဒ္ဓရဲ့တရားတော်တွေနဲ့သာ ဖွဲ့စည်းတည်ဆောက်မယ်ဆိုရင် ကမ္ဘာကတောင်ပြန်ပြီးအတုယူရမှာပါ

အိန္ဒိယအခြေခံဥပဒေကိုရေးဆွဲတဲ့ ဒေါက်တာအမ်ဘေကာဟာ အိန္ဒိယနိုင်ငံရဲ့ အခြေခံဥပဒေဟာ ဗုဒ္ဓတရားတော်တွေကို အခြေခံပြီး ရေးဆွဲခဲ့တာပါလို့ ပြောကြားခဲ့ဘူးပါတယ်

မြန်မာနိုင်ငံကို ပြန်လည်ဖွံ့ဖြိုးတိုးတက်အောင်ဆိုပြီး

နိုင်ငံတကာက ပညာရှင်တွေကိုခေါ်တာ လက်ခံလို့ရပါတယ်

အဲဒီအထဲမှာ ဘာသာရေးအတွက်ခေါ်တာကတော့ လုံးဝမှားယွင်းပါတယ်

ဗုဒ္ဓဘာသာရဲ့ အခြေအနေကို ဗုဒ္ဓဘာသာဝင် ရဟန်းပညာရှိ လူပညာရှိတွေသာ ခန့်အပ်သင့်ပါတယ်

အခု နိုင်ငံခြားပညာရှင်တွေက ခလေးတွေကို မဖွယ်မရာတွေ ထည့်သင်ပေးဖို့ လုပ်နေကြပြီ

ဗုဒ္ဓဘာသာနိုင်ငံမှာ ကိုယ်ကျင့်တရားတွေကောင်းဖို့ ဆုံးမထားတာတွေချည်းပါပဲ

ငါးပါးသီလ မင်္ဂလာတရား ဗြဟ္မစိုရ်တရားတွေသာ ရင်ထဲရောက်အောက် သင်ပေးစမ်းပါ

ခလေးတွေကို sex ကိစ္စတွေသင်ပေးစရာမလိုပါဘူး

အင်္ဂလိပ်တွေအုပ်စိုးတုန်းကလည်း အဲဒီလိုတွေ မြန်မာ့ယဉ်ကျေးမူ့ကိုဖျက်စီးဖို့ကြိုးစားခဲ့ဘူးတယ်

အဲဒီတုန်းကတော့အမျိုးသားပညာရေးဝန်ကြီး ဦးဖိုးကျားက တနိုင်ငံလုံး အမျိုးသားပညာရေးကျောင်းတွေတည်ထောင်ပြီးအင်္ဂလိပ်တွေရဲ့လုပ်ရပ်ကိုတားဆီးခဲ့တယ်

အခုလည်း မြန်မာပြည်မှာ ဟိရိ ,သြတပ္ပ တရားတွေ တိုးပွားလာဖို့အကြောင်းဖန်လာပြီ

ခေါင်းဆောင်တွေကလည်းပြည်သူရဲ့စကားသံတွေကိုနားထောင်သင့်ပါတယ်

အာဏာမရခင်ကတော့ ပြည်သူနဲ့အတူပြောပြီး အခုကျမှ ပြည်သူတွေ ရှေးရိုးစွဲအယူအဆတွေလက်ခံထားတာလို့ မပြောသင့်ပါဘူး

ဦးဖိုးကျားလို ဝန်ကြီးတွေ များများပေါ်ပါစေလို့သာ ဆုတောင်းမိပါတော့တယ်

( ဦးမြင်ခိုင် )

LEAVE A REPLY

Please enter your comment!
Please enter your name here