အဆိုတော်မျိုးကြီးကို ကိုဗစ် လူနာအဖြစ်အတည်ပြု

0
1431

အဆိုတော်မျိုးကြီးကို ကိုဗစ် လူနာအဖြစ်အတည်ပြု

ဒီကနေ့ ထုတ်ပြန်တဲ့ ကိုဗစ် လူနာစုစုပေါင်း ၁၂ ဦးထဲမှာ အဆိုတော်မျိုးကြီးလည်းပါဝင်တယ်လို့ ဗဟန်းမြို့နယ် ၊ ပြည်သူ့လွှတ်တေ်ာကိုယ်စားလှယ် ဦးထွန်းမြင့်က အတည်ပြုလိုက်ပါတယ်။

ဗဟန်းမြို့နယ် မှာ နေထိုင်တဲ့အဆိုတော်မျိုးကြီး ဟာ လက်ရှိမှာ Quarantine ဝင်နေတာလည်းဖြစ်ပါတယ်။

ဒီကနေ့ ထုတ်ပြန်တဲ့ ကိုဗစ် လူနာ ၁၂ ဦးအနက် အဆိုတော်မျိုးကြီးဟာ လူနာအမှတ် ဘယ်လောက်လဲဆိုတာကိုတော့ မသိရသေးပါဘူး။

အဆိုတော်မျိုးကြီးဟာ ဘာသာရေးအခမ်းအနားတစ်ခုကို တက်ရောက်ခဲ့ပြီး အဲဒီအခမ်းအနားကို တက်ရောက်ခဲ့သူတွေထဲမှာ ကိုဗစ် အတည်ပြုလူနာအချို့ တက်ရောက် ခဲ့တာကြောင့် Quarantine ဝင်ခဲ့ရတာပါ။

ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနကတော့ လူနာအမှတ်.၂၄ ၊ ၃၄ ၊ ၃၅ ၊၃၆ ၊ ၃၇ နဲ့ ၄၁ တို့ဟာ ဘာသာရေးအခမ်းအနားတစ်ခုကိုအတူတက်ရောက်ခဲ့တဲ့ ရာဇဝင်ရှိတယ်လို့ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် လူနာအမှတ် ၃၄ ၊ ၃၅ ၊၃၆ ၊၃၇ တို့တက်ရောက်ခဲ့တဲ့ ဘာသာရေးအခမ်းအနားဟာ နိုင်ငံခြားသားတွေပါဝင်တယ်လို့လည်းဆိုထားပါတယ်။

အဲဒီလူနာတွေထဲက လူနာအမှတ် ၃၇ ဟာ အဆိုတော်မျိုးကြီးဖြစ်တယ်ဆိုတဲ့ ကောလဟလတွေထွက်ပေါ်လာခဲ့ပါသေးတယ်။

ဒီသတင်းဟာ မဟုတ်တဲ့အကြောင်း အဆိုတော်မျိုးကြီးရဲ့ ဇနီးဖြစ်သူက သူရဲ့ ဖေ့ဘွတ်ခ်ကနေတဆင့် အသိပေးခဲ့ပါတယ်။

ဒါပေမယ့်လည်း လူနာအမှတ်. ၃၇ ဟာ မိတ်ဆွေဖြစ်လို့ စိတ်မကောင်းမိတဲ့အကြောင်းရေးသားခဲ့တာရှိပါတယ်။

ဒီနောက်မှာတော့ နိုင်ငံတော်အစိုးရက ချမှတ်ထားတဲ့စည်းကမ်းအတိုင်း လိုက်နာဆောင်ရွက်သွားမယ်လို့ အဆိုတော်မျိုးကြီးရဲ့ဇနီးက ထပ်မံရေးသားခဲ့ပါတယ်။

ဒီည ၉ နာရီအထိ ဓာတ်ခွဲနမူနာ ၁၈၆ ခု ကို စစ်ဆေးခဲ့ရာမှာ ၁၂ ဦးမှာ ပိုးတွေ့ခဲ့တာဖြစ်ပါတယ်။

ရုပ်သံသတင်းထောက် − ယဉ်မွန်

Credit – 7Day TV

အဆိုေတာ္မ်ိဳးႀကီးကို ကိုဗစ် လူနာအျဖစ္အတည္ျပဳ

ဒီကေန႔ ထုတ္ျပန္တဲ့ ကိုဗစ်လူနာစုစုေပါင္း ၁၂ ဦးထဲမွာ အဆိုေတာ္မ်ိဳးႀကီးလည္းပါဝင္တယ္လို႔ ဗဟန္းၿမိဳ႕နယ္ ၊ ျပည္သူ႔လႊတ္ေတ္ာကိုယ္စားလွယ္ ဦးထြန္းျမင့္က အတည္ျပဳလိုက္ပါတယ္။

ဗဟန္းၿမိဳ႕နယ္ မွာ ေနထိုင္တဲ့အဆိုေတာ္မ်ိဳးႀကီး ဟာ လက္ရွိမွာ Quarantine ဝင္ေနတာလည္းျဖစ္ပါတယ္။

ဒီကေန႔ ထုတ္ျပန္တဲ့ ကိုဗစ် လူနာ ၁၂ ဦးအနက္ အဆိုေတာ္မ်ိဳးႀကီးဟာ လူနာအမွတ္ ဘယ္ေလာက္လဲဆိုတာကိုေတာ့ မသိရေသးပါဘူး။

အဆိုေတာ္မ်ိဳးႀကီးဟာ ဘာသာေရးအခမ္းအနားတစ္ခုကို တက္ေရာက္ခဲ့ၿပီး အဲဒီအခမ္းအနားကို တက္ေရာက္ခဲ့သူေတြထဲမွာ COVID – 19 အတည္ျပဳလူနာအခ်ိဳ႕ တက္ေရာက္ ခဲ့တာေၾကာင့္ Quarantine ဝင္ခဲ့ရတာပါ။

က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာနကေတာ့ လူနာအမွတ္.၂၄ ၊ ၃၄ ၊ ၃၅ ၊၃၆ ၊ ၃၇ နဲ႔ ၄၁ တို႔ဟာ ဘာသာေရးအခမ္းအနားတစ္ခုကိုအတူတက္ေရာက္ခဲ့တဲ့ ရာဇဝင္ရွိတယ္လို႔ထုတ္ျပန္ထားပါတယ္။

ဒါ့အျပင္ လူနာအမွတ္ ၃၄ ၊ ၃၅ ၊၃၆ ၊၃၇ တို႔တက္ေရာက္ခဲ့တဲ့ ဘာသာေရးအခမ္းအနားဟာ နိုင္ငံျခားသားေတြပါဝင္တယ္လို႔လည္းဆိုထားပါတယ္။

အဲဒီလူနာေတြထဲက လူနာအမွတ္ ၃၇ ဟာ အဆိုေတာ္မ်ိဳးႀကီးျဖစ္တယ္ဆိုတဲ့ ေကာလဟလေတြထြက္ေပၚလာခဲ့ပါေသးတယ္။

ဒီသတင္းဟာ မဟုတ္တဲ့အေၾကာင္း အဆိုေတာ္မ်ိဳးႀကီးရဲ့ ဇနီးျဖစ္သူက သူရဲ့ ေဖ့ဘြတ္ခ္ကေနတဆင့္ အသိေပးခဲ့ပါတယ္။

ဒါေပမယ့္လည္း လူနာအမွတ္. ၃၇ ဟာ မိတ္ေဆြျဖစ္လို႔ စိတ္မေကာင္းမိတဲ့အေၾကာင္းေရးသားခဲ့တာရွိပါတယ္။

ဒီေနာက္မွာေတာ့ နိုင္ငံေတာ္အစိုးရက ခ်မွတ္ထားတဲ့စည္းကမ္းအတိုင္း လိုက္နာေဆာင္ရြက္သြားမယ္လို႔ အဆိုေတာ္မ်ိဳးႀကီးရဲ့ဇနီးက ထပ္မံေရးသားခဲ့ပါတယ္။

ဒီည ၉ နာရီအထိ ဓာတ္ခြဲနမူနာ ၁၈၆ ခု ကို စစ္ေဆးခဲ့ရာမွာ ၁၂ ဦးမွာ ပိုးေတြ႕ခဲ့တာျဖစ္ပါတယ္။

႐ုပ္သံသတင္းေထာက္ − ယဥ္မြန္