မြစ်ကြီးလည်း မခမ်းစေနဲ့ သစ်ပင်ကြီးလည်း မလဲစေနဲ့ ထုံးအိုးကြီးလည်း မကွဲစေနဲ့ ဆိုတဲ့ စကားကြီး သုံးခွန်း အဓိပ္ပါယ်

0
110

ရွှေစကားကြီး သုံးခွန်း

၁ ။ မြစ်ကြီးလည်း မခမ်းစေနဲ့

၂ ။ သစ်ပင်ကြီးလည်း မလဲစေနဲ့

၃ ။ ထုံးအိုးကြီးလည်း မကွဲစေနဲ့

ကြားတော့ ကြားဖူး၏ သို့သော် တွင်တွင် ကျယ်ကျယ် သိသူတော့ ရှား၏

မြစ်ကြီးလည်း မခမ်းစေနဲ့

မြစ်ကြီးလည်း မခမ်းပါစေနဲ့ ဆိုတာ ကြည်လင် အေးမြတဲ့ တသွင်သွင်စီဆင်းနေတဲ့ မြစ်ကြီးနဲ့တူတဲ့ … မေတ္တာတရားများ လူသားတွေမှာ မခမ်းခြောက်ပါစေနဲ့ .. လို့. ဆိုလိုခြင်းဖြစ်၏ ၊

လူသား အချင်းချင်း ဆွေမျိုး မိတ်သင်္ဂဟအချင်းချင်း မေတ္တာထားပြီး နေထိုင်ကြမယ် ..အားလုံးသော သတ္တဝါအနန္တ အပေါ်မှာလည်း မေတ္တာစမ်းရေများ မခမ်းခြောက်အောင် အမြဲပွားများပြီး နေထိုင်ကြရပါမယ်

မြစ်အတွင်းမှာ စီးဆင်းနေတဲ့ စမ်းရေသည် ကြည်လင် အေးမြတဲ့ သဘောရှိသလို သတ္တဝါ အားလုံးအပေါမှာ ပွားများနေတဲ့ မေတ္တာ ဆိုတာလည်း ကြည်လင်အေးမြလှ၏ ၊

မေတ္တာ ပွားများသူရဲ့ သန္တာန်မှာ မေတ္တာဓာတ်တွေ ဝင်ရောက်လာပြီဆိုယင် အဲ့ဒီပုဂ္ဂိုလ်ရဲ့ နှလုံးသားဟာလဲ တခြားအချိန်မှာ ဖြစ်နေတဲ့ နှလုံးသားနဲ့မတူတော့ဘဲ ကြည်လင်လာ၏ ဘုရားရှင်က … စိတ္တေ ပသန္နေ လောဟိတံ ပသီဒတိ .. လို့မိန့်၏

စိတ်ကြည်လင်လာပြီဆိုယင် ရုပ်လဲကြည်လင်လာ၏ … အထူးသဖြင့် မေတ္တာ အမြဲပွားများနေတဲ့ပုဂ္ဂိုလ် ရဲ့. မျတ်နှာဟာ သာမန်ပုဂ္ဂိုလ်တွေနဲ့ မတူတော့ပါဘူး ၊ သတိထားကြည့်ယင် ကွာခြားနေတာ တွေ့ရပါလိမ့်မယ်

ဘာကြောင့်လဲဆိုတော့ မေတ္တာ ဆိုတဲ့ အကြည်ဓာတ်ကလေးက. သူ့သန္တာန်မှာ ကိန်းဝပ်နေလို့ပါဘဲ ။

သစ်ပင်ကြီးလည်း မလဲစေနဲ့

သစ်ပင်ကြီးဆိုတာ … ဘုရား တရား သံဃာ လို့ခေါ်ဆိုအပ်တဲ့ ရတနာသုံးပါး ကို ဆိုလိုခြင်းဖြစ်၏ ။

ပကတိ သစ်ပင်ကြီးသည် … အကိုင်းအခတ် ဝေဝေစာစာလည်း ရှိတယ် ၊ ပင်စည်ကလဲ ပြန့်ပွား အရိပ်အာဝါသ လည်း ကောင်းနေမယ်ဆိုယင် …အဲ့ဒီ သစ်ပင်ကြီးရဲ့. အရိပ်မှာ သတ္တဝါ ခိုနားနေနိုင်၏ ၊

ထို သစ်ပင်ရဲ့. အရိပ်အောက် ဝင်လိုက်တာနဲ့တပြိုင်နက်ထဲ.. ကိုယ်စိတ်နှစ်ပါး အေးချမ်းမှုကိုခံစားရသလိုပါဘဲ ရတနာသုံးပါး ဆိုတဲ့ အရိပ်ဟာလည်းဝင်ရောက် ခိုနားတဲ့ သတ္တဝါ တိုင်းကို .. ကိုယ်စိတ်နှစ်ပါး အေးမြမှုကို အပြည့်အဝ ပေးနိုင်၏ ။

ဝင်ရောက် ခိုနားတဲ့ သူတိုင်းဟာ ရတနာသုံးပါး ရဲ့အရိပ်ကြောင့် ကိုယ်စိတ်နှစ်ပါး ငြိမ်းချမ်းသွားတာခြည်းပါဘဲ ။

ဒါကြောင့် ရှေးလူကြီး သူမများက … မိမိကို အရိပ်အာဝါသပေးနေတဲ့ သစ်ပင်ကြီးကို ခုတ်လဲ မမိပါစေနဲ့ လိုပြေားဆိုကြခြင်းဖြစ်၏ ထို့အတူပါဘဲ မိမိတို့ နားခိုရာ အားထားရာကိုးကွယ်ရာ ဖြစ်တဲ့ ရတနာသုံးပါး အရိပ်ကိုလဲ မပစ်ပယ်ရဘူး မမေ့ရဘူး

ဘာကြောင့်လဲ ရတနာသုံးပါး ရဲ့. ဂုဏ်ကျေးဇူးဟာ သိပ်ပြီးတော့ကြီးမားလို့ပါဘဲ …သစ်ပင်ကြီးရဲ့ အရိပ်ဟာ အေးမြသလိုရတနာသုံးပါး ၏ အရိပ်ဟာလည်း ပစ္စုပ္ပန် ဘဝ သာမက. တမလွန်ဘဝ အတွက်ပါ ငြိမ်းအေးမှုကိုပေး၏

ဒါကြောင့် … ရတနာသုံးပါး လို့ ခေါ်ဆိုရတဲ့ သစ်ပင်ကြီးကို မမေ့ပါနဲ့. အမြဲသတိရပြီး ကိုးကွယ်ဆည်းကပ်ရမည် ဟု ဆိုလို၏ ။

ထုံးအိုးကြီးလည်း မကွဲပါစေနဲ့

ထုံးအိုးကြီးဆိုတာ …. ရှေးက မိဘ ဘိုးဘွား တွေရဲ့ အစဉ်အလာ လုပ်ထုံး လုပ်နည်းကို ပြေားတာပါဘဲ

မိဘ ဘိုးဘွား တွေရဲ့. ယဉ်ကျေးမှု အစဉ်အလာ ကောင်းများ ၊ မိဘ ဘိုးဘွား တွေ ပြုခဲ့တဲ့ ဘာသာရေး သာသနာရေး အစဉ်အလာကောင်းမြတ်တဲ့ ထုံးတမ်းစဉ်လာတွေ အဆုံးအမတွေ အကျင့်စာရိတ္တတွေ အားလုံးကို မဖျတ်စီးရဘူး မမေ့ပျောက်ရဘူး

အစဉ်လာကို ထိန်းသိမ်းပြီး ဆတ်လက်ဆေင်ရွက်ရမယ် …“ ဒါကိုဘဲ ထုံးအိုးကြီး မကွဲစေနဲ့ ´´ ဟုပြေားဆိုခြင်းဖြစ်၏ ။

ဒါကြောင့် ဗုဒ္ဓဘာသာ သူတော်စဉ် ပုဂ္ဂိုလ် များရှေးက ဆုံးမခဲ့တဲ့ “ စကားကြီး ´´ သုံးခွန်း၏အဓိပ္ပါယ် ကို နားလည်နိုင်ပါစေ

နားလည်သည်အားလျှော်စွာ ကျင့်သုံးနိုင်ပါစေ ….ကျင့်သုံးနိုင်သည်အလျှောက် ဘာသာ သာသနာကို ထိမ်းသိမ်း စောင့်ရှောက် နိုင်ကြပါစေ

သုခီအတ္တာနံ ပရိဟရန္တု

မိမိကိုယ်ကို ချမ်းသာအောင် ဆောင်ရွက်နိုင်ပါစေ..။

အရှင်နန္ဒောဘာသ ဓမ္မရောင်စဉ်

ျမစ္ႀကီးလည္း မခမ္းေစနဲ႔ သစ္ပင္ႀကီးလည္း မလဲေစနဲ႔ ထုံးအိုးႀကီးလည္း မကြဲေစနဲ႔ ဆိုတဲ့ စကားႀကီး သုံးခြန္း အဓိပၸါယ္

ေရႊစကားႀကီး သုံးခြန္း

၁ ။ ျမစ္ႀကီးလည္း မခမ္းေစနဲ႔

၂ ။ သစ္ပင္ႀကီးလည္း မလဲေစနဲ႔

၃ ။ ထုံးအိုးႀကီးလည္း မကြဲေစနဲ႔

ၾကားေတာ့ ၾကားဖူး၏ သို႔ေသာ္ တြင္တြင္ က်ယ္က်ယ္ သိသူေတာ့ ရွား၏

ျမစ္ႀကီးလည္း မခမ္းေစနဲ႔

ျမစ္ႀကီးလည္း မခမ္းပါေစနဲ႔ ဆိုတာ ၾကည္လင္ ေအးျမတဲ့ တသြင္သြင္စီဆင္းေနတဲ့ ျမစ္ႀကီးနဲ႔တူတဲ့ … ေမတၱာတရားမ်ား လူသားေတြမွာ မခမ္းေျခာက္ပါေစနဲ႔ .. လို႔. ဆိုလိုျခင္းျဖစ္၏ ၊

လူသား အခ်င္းခ်င္း ေဆြမ်ိဳး မိတ္သဂၤဟအခ်င္းခ်င္း ေမတၱာထားၿပီး ေနထိုင္ၾကမယ္ ..အားလုံးေသာ သတၱဝါအနႏၲ အေပၚမွာလည္း ေမတၱာစမ္းေရမ်ား မခမ္းေျခာက္ေအာင္ အျမဲပြားမ်ားၿပီး ေနထိုင္ၾကရပါမယ္

ျမစ္အတြင္းမွာ စီးဆင္းေနတဲ့ စမ္းေရသည္ ၾကည္လင္ ေအးျမတဲ့ သေဘာရွိသလို သတၱဝါ အားလုံးအေပါမွာ ပြားမ်ားေနတဲ့ ေမတၱာ ဆိုတာလည္း ၾကည္လင္ေအးျမလွ၏ ၊

ေမတၱာ ပြားမ်ားသူရဲ့ သႏၲာန္မွာ ေမတၱာဓာတ္ေတြ ဝင္ေရာက္လာၿပီဆိုယင္ အဲ့ဒီပုဂၢိဳလ္ရဲ့ ႏွလုံးသားဟာလဲ တျခားအခ်ိန္မွာ ျဖစ္ေနတဲ့ ႏွလုံးသားနဲ႔မတူေတာ့ဘဲ ၾကည္လင္လာ၏ ဘုရားရွင္က … စိေတၱ ပသေႏၷ ေလာဟိတံ ပသီဒတိ .. လို႔မိန႔္၏

စိတ္ၾကည္လင္လာၿပီဆိုယင္ ႐ုပ္လဲၾကည္လင္လာ၏ … အထူးသျဖင့္ ေမတၱာ အျမဲပြားမ်ားေနတဲ့ပုဂၢိဳလ္ ရဲ့. မ်တ္ႏွာဟာ သာမန္ပုဂၢိဳလ္ေတြနဲ႔ မတူေတာ့ပါဘူး ၊ သတိထားၾကည့္ယင္ ကြာျခားေနတာ ေတြ႕ရပါလိမ့္မယ္

ဘာေၾကာင့္လဲဆိုေတာ့ ေမတၱာ ဆိုတဲ့ အၾကည္ဓာတ္ကေလးက. သူ႔သႏၲာန္မွာ ကိန္းဝပ္ေနလို႔ပါဘဲ ။

သစ္ပင္ႀကီးလည္း မလဲေစနဲ႔

သစ္ပင္ႀကီးဆိုတာ … ဘုရား တရား သံဃာ လို႔ေခၚဆိုအပ္တဲ့ ရတနာသုံးပါး ကို ဆိုလိုျခင္းျဖစ္၏ ။

ပကတိ သစ္ပင္ႀကီးသည္ … အကိုင္းအခတ္ ေဝေဝစာစာလည္း ရွိတယ္ ၊ ပင္စည္ကလဲ ျပန႔္ပြား အရိပ္အာဝါသ လည္း ေကာင္းေနမယ္ဆိုယင္ …အဲ့ဒီ သစ္ပင္ႀကီးရဲ့. အရိပ္မွာ သတၱဝါ ခိုနားေနနိုင္၏ ၊

ထို သစ္ပင္ရဲ့. အရိပ္ေအာက္ ဝင္လိုက္တာနဲ႔တၿပိဳင္နက္ထဲ.. ကိုယ္စိတ္ႏွစ္ပါး ေအးခ်မ္းမႈကိုခံစားရသလိုပါဘဲ ရတနာသုံးပါး ဆိုတဲ့ အရိပ္ဟာလည္းဝင္ေရာက္ ခိုနားတဲ့ သတၱဝါ တိုင္းကို .. ကိုယ္စိတ္ႏွစ္ပါး ေအးျမမႈကို အျပည့္အဝ ေပးနိုင္၏ ။

ဝင္ေရာက္ ခိုနားတဲ့ သူတိုင္းဟာ ရတနာသုံးပါး ရဲ့အရိပ္ေၾကာင့္ ကိုယ္စိတ္ႏွစ္ပါး ၿငိမ္းခ်မ္းသြားတာျခည္းပါဘဲ ။

ဒါေၾကာင့္ ေရွးလူႀကီး သူမမ်ားက … မိမိကို အရိပ္အာဝါသေပးေနတဲ့ သစ္ပင္ႀကီးကို ခုတ္လဲ မမိပါေစနဲ႔ လိုေျပားဆိုၾကျခင္းျဖစ္၏ ထို႔အတူပါဘဲ မိမိတို႔ နားခိုရာ အားထားရာကိုးကြယ္ရာ ျဖစ္တဲ့ ရတနာသုံးပါး အရိပ္ကိုလဲ မပစ္ပယ္ရဘူး မေမ့ရဘူး

ဘာေၾကာင့္လဲ ရတနာသုံးပါး ရဲ့. ဂုဏ္ေက်းဇူးဟာ သိပ္ၿပီးေတာ့ႀကီးမားလို႔ပါဘဲ …သစ္ပင္ႀကီးရဲ့ အရိပ္ဟာ ေအးျမသလိုရတနာသုံးပါး ၏ အရိပ္ဟာလည္း ပစၥဳပၸန္ ဘဝ သာမက. တမလြန္ဘဝ အတြက္ပါ ၿငိမ္းေအးမႈကိုေပး၏

ဒါေၾကာင့္ … ရတနာသုံးပါး လို႔ ေခၚဆိုရတဲ့ သစ္ပင္ႀကီးကို မေမ့ပါနဲ႔. အျမဲသတိရၿပီး ကိုးကြယ္ဆည္းကပ္ရမည္ ဟု ဆိုလို၏ ။

ထုံးအိုးႀကီးလည္း မကြဲပါေစနဲ႔

ထုံးအိုးႀကီးဆိုတာ …. ေရွးက မိဘ ဘိုးဘြား ေတြရဲ့ အစဥ္အလာ လုပ္ထုံး လုပ္နည္းကို ေျပားတာပါဘဲ

မိဘ ဘိုးဘြား ေတြရဲ့. ယဥ္ေက်းမႈ အစဥ္အလာ ေကာင္းမ်ား ၊ မိဘ ဘိုးဘြား ေတြ ျပဳခဲ့တဲ့ ဘာသာေရး သာသနာေရး အစဥ္အလာေကာင္းျမတ္တဲ့ ထုံးတမ္းစဥ္လာေတြ အဆုံးအမေတြ အက်င့္စာရိတၱေတြ အားလုံးကို မဖ်တ္စီးရဘူး မေမ့ေပ်ာက္ရဘူး

အစဥ္လာကို ထိန္းသိမ္းၿပီး ဆတ္လက္ေဆင္ရြက္ရမယ္ …“ ဒါကိုဘဲ ထုံးအိုးႀကီး မကြဲေစနဲ႔ ´´ ဟုေျပားဆိုျခင္းျဖစ္၏ ။

ဒါေၾကာင့္ ဗုဒၶဘာသာ သူေတာ္စဥ္ ပုဂၢိဳလ္ မ်ားေရွးက ဆုံးမခဲ့တဲ့ “ စကားႀကီး ´´ သုံးခြန္း၏အဓိပၸါယ္ ကို နားလည္နိုင္ပါေစ

နားလည္သည္အားေလၽွာ္စြာ က်င့္သုံးနိုင္ပါေစ ….က်င့္သုံးနိုင္သည္အေလၽွာက္ ဘာသာ သာသနာကို ထိမ္းသိမ္း ေစာင့္ေရွာက္ နိုင္ၾကပါေစ

သုခီအတၱာနံ ပရိဟရႏၲဳ

မိမိကိုယ္ကို ခ်မ္းသာေအာင္ ေဆာင္ရြက္နိုင္ပါေစ..။

အရွင္နေႏၵာဘာသ ဓမၼေရာင္စဥ္

LEAVE A REPLY

Please enter your comment!
Please enter your name here