မြန့်မာရိုးရာ အိမ်ထောင်ဖက် ရွေးနည်း (စ-ဆုံး)

0
218

မြန့်မာရိုးရာ အိမ်ထောင်ဖက် ရွေးနည်း

(စ-ဆုံး) တွက်နည်းလေ့လာကြရအောင်

အမျိုးသားနံ နှင့် အမျိုးသမီးနံ နှစ်ခု ပေါင်းရမည်။

ဥပမာ.. တနင်္ဂနွေ(၁) +ဗုဒ္ဓဟူး(၄) ၁+၄=၅. ဖြစ်သည်ရလဒ်ကို ၅ဖြင့် မြောက်ရမည် ။ ၂၅ ရသည်။ထို့၂၅ အား ၇ ဖြင့်စားရမည်။ အကြွင်း ၄ ရပါသည်။ထို့နောက် အကြွင်း ၄ ဟောကိန်းအား ဖတ်ရမည်ဖြစ်သည်။

#ဟောကိန်း

🔢၁ကြွင်း ။ ကြွင်းဧက စွဲမက်ဖွယ် မွဲတတ်တယ် မယိမ်း။

အလွန်ဆိုးသော အတွဲ ဖြစ်သည်။ ၂ ဦးပေါင်းစည်းက စီးပွား ဖြစ်ထွန်းကိန်းမရှိ၊ ငွေကြေး စုဆောင်း၍ မရ။ကောင်းကျိုး ဖြစ်ထွန်းခြင်းမရှိပဲ တရိရိနှင့် ဆင်းရဲမွဲတေတတ်သည်။ တူနှစ်ကိုယ် တဲအိုပျက်ဝယ် ဟုသောကိန်းနှင့် အဆုံးသတ်ရမည်။ ကြိုးစားရှာဖွေလေခက်ခဲ ကျပ်တည်းသော အနေထားမျိုးဖြစ်လေ ဟုသာ။

🔢၂ကြွင်း ။ ရှိအထင် ဒွိမြင်ကိန်း နှစ်သိန်းလောက်ကြွယ်ရာ။

အလွန်ကောင်းသော အတွဲဖြစ်သည်။ စီးပွားတက်မည်။အိမ်ထောင်ရေး သာယာချမ်းမြေ့မည်။ကြွယ်ဝချမ်းသာခြင်း၊ ပြည့်စုံသာယာခြင်း၊အခွင့်လမ်း များစွာ ရရှိခြင်းများ ကြုံမည်။ဝန်ထမ်းများ ရာထူးဂုဏ်ရှိန် ကြီးမားမည်။မွေးဖွားသော သားသမီးများသည်လည်းကြွယ်ဝပြည့်စုံမည်။

🔢၃ကြွင်း ။ ရွှေသီတာစုံပျံမွှေး၊ ဂုဏ်ဟန့်သေး ဆင်းရဲလိမ့်သာ။

နှစ်ဦးပေါင်းဖက်၍ ကောင်းသောကျော်ကြားခြင်းများ ရှိသော်လည်း၊ စီးပွားတွင် ဖြစ်ထွန်းခြင်းမရှိ။ငွေ မည်မျှဝင်စေ ရသလောက်ပြန်ကုန်မည်။စီးပွားဖြစ်လိုက် ပြန်ကုန်လိုက်နှင့် ဘဝတူ အချင်းချင်းပင်မိမိက ပိုမို ချို့တဲ့သလိုဖြစ်နေမည်။

အလုပ်စီးပွားတွင် အောက်ကျ သလိုဖြစ်ပြီးမှ တော်သင့်ရုံပြေလည်မည်။ နှစ်ဦးပူးတွဲနေက ငွေကုန်များမည်၊လုပ်ငန်းသဘောအရ ခွဲခွာ လုပ်ကိုင်က ငွေစုဆောင်းမိမည်။သားသမီးများအား ပင်ပန်းဆင်းရဲစွာ ပျိုးထောင်ရမည်။သားသမီးကောင်းကျိုးကိုဖြင့် ခံစားရမည်။

🔢၄ကြွင်း ။ လေးစတု ထင်ရှားစွာ။

အထူးကောင်းသော မိတ်ဖက်ဖြစ်သည်။ ကျော်ကြားအောင်မြင်ခြင်း၊ စီးပွားဖြစ်ထွန်းခြင်း အထင်ရှားရှိမည်။ ဘဝတူတန်းတူများကြား အသာစီးရမည်။ လူတမ်းစေ့အထက် ပြည့်စုံစွာနေထိုင်ရမည်။ တဦးသော်ကောင်း ၊ ၂ဦးလုံးသော်ကောင်း နမည်ကြီး ၊ ထင်ရှားကျော်ဇောခြင်းများ ရရှိမည်။မွေးဖွားသော သားသမီးမှလည်း ကျော်ဇောစေ၍အကျိူးပေးမည် ဖြစ်သည်။

🔢၅ကြွင်း ။ ကြွက်ဇီဝါ ဆင်းရဲကင်း။

အလွန်ကောင်းသော မိတ်ဖက်ဖြစ်ပါသည်။ ဆင်းရဲခြင်း ကင်းစင်၍ ကြွယ်ဝ ပြည့်စုံပြီး သာယာသော မိသားစု ဘဝလေးအား ပိုင်ဆိုင်မည်ဖြစ်သည်။ ဝန်ထမ်းဖြစ်ပါက ရာထူးဂုဏ်ရှိန်မြင့်မားမည်။ အသက်ကြီးလေ စီးပွားတိုးလေဖြစ်ပါသည်။ ခြွေရံသင်းပင်းပေါများမည်။သားသမီးအကျိုး ခံစားရမည်။ ရေရှည်တည်တံ့ ခိုင်မြဲမှု့မျိုး ကြုံရပေမည်။

🔢၆ကြွင်း။ ပြင်ပပူးမင်းက သူဌေးမှန် ငြိမ်းလိမ့်နှစ်တန်။

နှစ်ဦးပေါင်းဖက်က သူဌေးသူကြွယ်ဘဝ ရရှိမည်။ ထီပေါက်ခြင်း ၊ အမွေရခြင်း ၊ ငွေအစုလိုက် ဝင်ခြင်း၊ငွေကြေးစုဆောင်းမှု့များ ရှိကာ ပေး၍မကုန် လှူ၍မခန်းဖြစ်မည်။ အတွင်းမီး အပြင်မီး ငြိမ်းအေး၍ လောကီလောကုတ္တရာနှစ်ဖြာသော ကုသိုလ်အကျိုးများ ခံစားရမည်။ သားသမီးများ ကောင်းကျိုး ခံစားရမည်။

🔢ဝြကွင်း။ သုညကျန်လျှင် လုံမမောင်နှံ အို ဆုံးနိုင်မျှလေး။

အလွန်ဆိုးသော အတွဲဖြစ်သည်၊ ပင်ပန်းကြီးစွာနှင့် စီးပွား ဥစ္စာ ရှာဖွေရမည်။ နှစ်ဦးပေါင်းဖက်သည့် နဂိုကာလမှစ၍ တဖြေးဖြေးကျဆင်းစေတက်သည်။ ဝင်သမျှငွေမှာအဖက်မတင်စေတတ်ပါ၊ အကျိုးမြတ်ရရှိ၍ စီးပွားဖြစ်ထွန်းလာသော်ငြားလည်း တခုမဟုတ်တခု စိတ်သောကရောက်စရာများ ကြုံစေတတ်သည်။

#နိဂုံး၊

မိတ်ဆွေ အနေဖြင့် ဆိုးသောအတွဲများထဲတွင် ပါဝင်နေပါက ၊ စိတ်အနောက်ယှတ်ကြီးစွာဖြစ်ရန်မလိုပဲ ကံ၊ဉာဏ်၊ဝီရိယ၊ သီလ၊သမာဓိ၊ပညာ ၊ ဤ၆ပါးဖြင့် ပြည့်စုံစွာဖြင့် မျက်မှောက်ဘဝကို ဖြတ်သန်းသော် ဒုက္ခဆင်းရဲကင်းစင်နိုင်ပါကြောင်း……….🤗

မှတ်သားဖူးသော ပညာရပ်တခုအား တင်ပြပေးခြင်းုဖြစ်ပါသည်။

ချမ်းသာ ကိုယ်စိတ် မြဲကြပါစေ ။

Copy ကူးယူတင်ပါသည် ။