၆လပိုင်းတွင် စိုးရိမ်ရေမှတ်များအထက်သို့ ကျော်လွန်နိုင်သာ ဒေသများနှင့် မိုးအားကောင်းနိုင်သည့်နိုင်သော ဒေသများ

0
104

၂၀၂၀ ဂျွန်လ ၆လပိုင်း June/2020 အတွက်

ရာသီဥတုအခြေအနေ ခန့်မှန်းချက်…

ရခိုင်ပြည်နယ်မြောက်ပိုင်း ချင်းပြည်နယ် စစ်ကိုင်းတိုင်းမှ ကလေး ကလေးဝ မော်လိုက် ခမ်းပတ် တမူး ဖောင်းပြင် မင်းကင်း ပင်လယ်ဘူး ဝန်းသို ကောလင်း

ထီးချိုင့် ဟုမ္မလင်း ထမံသီ နန်းယွန်း ခန္တီး လဟယ် နာဂကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေသနှင့် ကချင်ပြည်နယ်တွေမှာ ရွာသွန်းမြဲမိုးရေချိန်ထက် ပိုမိုရွာသွန်းဖွယ်ရှိပါတယ် မေခ မလိခ ချင်းတွင်းမြစ်ဖျားပိုင်း

ကုလားတန်မြစ် မေယုမြစ်တွေမှာ မိုးသည်းထန်စွာရွာသွန်းနိုင်သဖြင့် ရခိုင်ပြည်နယ် စစ်ကိုင်းတိုင်းအနောက်ဖက်ပိုင်း (ချင်းတွင်းမြစ်) မြစ်ကြီးနား ဝိုင်းမော် (ဧရာဝတီမြစ်) တွေမှာ

စိုးရိမ်ရေမှတ်များအထက်သို့ ကျော်လွန်ရောက်ရှိနိုင်ပါတယ် ပင်လယ်ဘူး ဝန်သို ကောလင်း ဒေသများတွင် မိုးအားကောင်းနိုင်သည့်အတွက်

မူးမြစ် (သဖန်းဆိပ်ဆည် + ကင်းတပ်ဆည် + ကာဘိုးဆည်) တွေလည်း စိုက်ပျိုးရေ ပေးဝေနိုင်တဲ့အဆင့်ကို ရောက်ရှိလာနိုင်ပါတယ် မကွေးတိုင်းအနောက်မှ မန်းဆည် မုန်းဆည် ကြီးအုံကြီးဝဆည်

စလင်းဆည်တွေလည်း ချင်းတောင်တန် ရေဝေရေလဲဒေသများ မိုးပိုမိုနိုင်လို့ ဆည်ရေများ ကန်ရေပြည့်အထိ ရရှိလာနိုင်ပါတယ်

ကျန်ဒေသတွေကတော့ ပုံမှန်မုတ်သုန်မိုးများသာရရှိနိုင်ပြီး မွန်ပြည်နယ် ကရင်ပြည်နယ်နှင့် စစ်တောင်မြစ်အောက်ပိုင်းတွေမှာ ရေကြီးရေလျှံမှု ဖြစ်ပေါ်နိုင်ခြင်းမရှိပါဘူး…

မကွေးတိုင်းကြီးလည်း June လမှာ မိုးမခေါင်နိုင်ပါဘူး မိုးရရှိပါလိမ့်မယ်နော်…

ရခိုင်ပြည်နယ်တောင်ပိုင်းနှင့် ကရင်ပြည်နယ်မြောက်ပိုင်းတွေကတော့ ပုံမှန်ထက်မိုးရရှိနိုင်မှု့လျော့နိုင်ပါတယ်

အခြားဒေသတွေကတော့ ပုံမှန်မိုးရရှိနိုင်မယ်လို့ ခန့်မှန်းရပါတယ်ရှင့်…

22/05/2020 at 12:54pm (MMT) SU SU SAN

LEAVE A REPLY

Please enter your comment!
Please enter your name here