အေးချမ်းအိမ်ရာ

0
118

နိဒါန်း

နေအိမ်တခုတွင် အောင်မြင်ခြင်း၊ အေးချမ်းခြင်း၊စီးပွားတိုးတက်ခြင်း၊ အိမ်တွင်းဆူပူမှု့နှင့် မကောင်းသော အညံ့ဆိုးများ ကင်းဝေးစေရန်အလိုငှါ ၊ အိမ်ဂေဟာသာယာစေရန် ဆောင်ရွက်သောရှေးဟောင်း နည်းပညာတခုအား ဖော်ပြအပ်ပါသည်။နေအိမ် မျက်နှာလှည့်အလိုက် ဆောင်ရွက်ရန်ဖြစ်သည်။နေအိမ်တခု၏ မျက်နှာမူရာအရပ်ကို အရှေ့၊ အနောက်၊တောင်၊ မြောက် မှအစ ၊ အရပ်မျက်နှာခွဲခြား၍ဆောင်ရွက်ရန် ဖြစ်သည်။ကောင်းခြင်းအဖြာဖြာ ၊ ချမ်းမြေ့ဖွယ် အလုံးစုံကြုံတွေ့စေမည့် နည်းပညာ ဖြစ်ပေသည်။🏡🏡

အရှေ့မျက်နှာ လှည့်အတွက်

အရှေ့အရပ်သို့ လှည့်ထားသော အိမ်သည်၊တနင်္လာဂြိုဟ်မင်း စိုးမိုးအကျိုးပြုသော အိမ်ဖြစ်သည်။ထို့အိမ်တွင် နေထိုင်သူအပေါင်းသို့သည်၊ အိမ်ဘုရားအားကြံရည် လှူဒါန်းခြင်း၊ သံဃာတော်များအားကြံရည် ကပ်လှူနိုင်သည်။ ကြံ ၉ ဆစ်ဖြတ်၍ အိမ်တခါးတွင်ထောင်ထားနိုင်သည်။ သို့မဟုတ်၊ ဘုရားတဆူ၏တနင်္လာထောင့်တွင် ထောင်၍ လှူထားနိုင်ပေသည်။ကြံသကာ လှူ၍လည်း ရပါသည်။ထူးထူးခြားခြား လာဘ်ပွင့်မည်။ သာယာမည်။ချမ်းမြေ့စေမည်။☯

အရှေ့တောင် လှည့်အတွက်။

အင်္ဂါဂြိုဟ်မင်း စိုးမိုးအကျိုးပြုသော အိမ်ဖြစ်သည်။အိမ်ဘုရားတွင် စံပယ်ပန်း မကြာခဏ ကပ်လှူရမည်။ဇီးယို မကြာခဏဒါန ပြုနိုင်သည်။သံဃာတော်များ ဆပ်ပြာ ဒါနပြုပါ။စွမ်းအားကောင်းခြင်း၊ စီးပွားတက်ခြင်း၊သြဇာတိုးခြင်းတို့ဖြင့် ပြည့်စုံ ကြွယ်ဝစေမည်။☯

တောင် မျက်နှာလှည့်အတွက်။

ဗုဒ္ဓဟူးဂြိုဟ်မင်း စိုးမိုးစောင့်ရှောက်သော အိမ်ဖြစ်သည်။လေတိုက်လျှင် တဖျတ်ဖျတ်လှူပ်သော ကြက်လျှာကိုအိမ်ရှေ့တွင်ထိုးပါ၊ဘုရားတင်ပါ၊ ရွက်လှလှူပါ။သံဃာတော်များအား ရေ ၊ ယပ် အစရှိသည်ကို ဒါနပြုပါ။အေးချမ်းခြင်း၊စီးပွားတက်ခြင်း၊ရွှေ၊ငွေ၊ရတနာ ပေါကြွယ်ဝခြင်းတို့ကြုံမည်။☯

အနောက်တောင် လှည့်အတွက်

စနေဂြိုဟ်မင်း စိုးမိုးအကျိုးပြုသောအိမ်ဖြစ်သည်။အိမ်ရှိဘုရားတွင် ထီးနီ တလက်လှူပါ။ သံဃာတော်များအား၊ ထီး၊ဖိနပ် ဒါနပြုပါ။ နာနတ်ယိုအလှူဒါန ပြုပါ။ဘုန်းတခိုးကြီးခြင်း၊ စီးပွားတက်ခြင်း၊ လာဘ်ပွင့်ခြင်း၊တိုးတက်ခြင်းများ ဖြစ်ပေါ်လာမည်။☯

အနောက်ရပ် လှည့်အတွက်

ကြာသပတေးဂြိုဝ်မင်း စိုးမိုးစောင့်ရှောက်သောအိမ်ဖြစ်သည်။ ပန်းပွင့်များဘုရားစင်တွင် မပြတ်ထိုးထားပေးပါ။ဆီမီး အလှူဒါနပြုပါ။ ပေါက်ပေါက်ပွင့်ဘုရားကပ်ခြင်း၊ဆွမ်းတော်တင်ခြင်းပြုပါ။ သံဃာတော်များအား မုန့်၊ပဲ မကြာခဏလှူပါ။စီးပွားဥစ္စာများတိုးပွား၍ ဘုန်းကံကြီးမည်။☯

အနောက်မြောက် လှည့်အတွက်

ရာဟုဂြိုဟ်မင်း စိုးမိုးသော အိမ်ဖြစ်သည်။အိမ်ရှေ့လမ်းပေါ်တွင် ရေချမ်းစဉ်လှူပါ။အိမ်ရှေ့လမ်းပေါ်တွင် မကြာခန ရေပတ်ဖျန်းပါ။ ရဲယိုညွန့် အိမ်ဘုရားလှူပါ။ရှောက်ယို၊ ရှောက်သီး ဘုရားကပ်ပါ။သံဃာတော်များ ဒါနပြုပါ။စီးပွားတက်၊ ကံမြင့်၊ အလိုပြည့် မည်။☯

မြောက်အရပ် မျက်နှာလှည့်အတွက်

သောကြာဂြိုဟ်မင်းမှ စိုးမိုးစောင့်ရှောက်သောအိမ်ဖြစ်သည်။ အိမ်ရှိဘုရားတွင် သစ်သီးဆွမ်း မပြတ်တင်လေ စိးပွားတိုးလေ ဖြစ်သည်။နေအိမ်ရှိလူများ မကြာခဏ သက်သက်လွတ်ဟင်းများစားပါ။ သံဃာတော်များ လှူပါ။ကျက်သရေတိုးခြင်း၊ ကံမြင့်ခြင်းများ ဖြစ်ပေါ်မည်။☯

အရှေ့မြောက် လှည့်အတွက်

တနင်္ဂနွေဂြိုဟ်မင်း စိုးမိုးအကျိုးပြုသော အိမ်ဖြစ်သည်။အိမ်ရှိဘုရားတွင် အုန်းညွှန့် အမြဲလှူပါ။ သြဇာညွန့်ထိုးပါ။အုန်းသီး သို့ အုန်းထမင်းအား သံဃာတော်များနဲ့ကလေးငယ်များအား မကြာခန ဒါနပြုပါ။ကောင်းကျိုးလိုရာအဖြာဖြာတို့နှင့်ပြည့်စုံမည်။☯

နိဂုံး

မိမိနေအိမ်နေရာ မျက်နှာမူရာအလိုက် ဖော်ပြပါနည်းစနစ်အတိုင်း ဆောင်ရွက်ပါက သိသာစွာ အကျိုးပေးမည်ဖြစ်သည်။အိမ်တွင်ရှိသော အညံ့ဆိုးများကင်းစင်မည်။ အိမ်သူအိမ်သားများ ဥပဒ်ကင်း၍ ချမ်းမြေ့ခြင်းများကြုံမည်။။။။။။။🤗

မှတ်ထားဖူးသော ပညာရပ်များထဲမှ ထိရောက်မှု့ အားကောင်းသော ပညာရပ်အား၊ မိတ်ဆွေတိုအကျိုးမျော်ကိုး၍ ရေးသာဖော်ပြအပ်ခြင်းဖြစ်သည်။(ချမ်းမြေ့ကြည်လင် ပျော်ရွင်ကြပါစေ )🙏

📝MinMyatHein☯

09.75532 7722