သူတစ်ပါးအား အလင်းပြသူ၏တန်ပြန်အကျိုး

0
29

ဗုဒ္ဓဘုရားရှှင်လက်ထက်တော်က သာဝတ္ထိပြည်ရှိအနာထပိဏ်သူဋ္ဌေးကြီးထံတွင် ရေခပ်ရေသယ် အိမ်ကျွန််ပေါင်း ၉၉ ယောက်ရှိ၏။

၄င်းတို့သည် အမျိုးအနွယ်စုအားဖြင့် သီးသန့်နေကြ၏။တစ်နေ့တွင်် ၉၉ ယောက်သောမိသားစုထဲမှကျွန်အမျိုးသမီးကလေးတစ်ဦး မွေးဖွား၏။မိသားစုများ သည် တအ့ံတသြလာရောက်ကြည့်ရှု့ကြ၏။

အကြောင်းမှာ ၉၉ ယောက်သောဦးရေသည် ယနေ့ ၁၀၀ ပြည့်သူဆိိုပြီး အထူးအဆန်းလာကြည့်ကြခြင်းပင်ဖြစ်သည်။

“တို့အမျိုးစု တစ်ရာပြည်လေပြီ”ဟူသော အာမေဍိတ််သံနှင့်အတူ “ပုဏ္ဏိကာ”,ပုဏ္ဏိကာ ဟူ၍ အသံတွေထွက်ဆူကြသဖြင့် သမီးငယ်အမည်ကို “ပုဏ္ဏိကာ”ဟုမှည့်ခေါ်ကြလေသည်။

မြန်မာလိုအားဖြင့် ပြည့်သွားခြင်း,လိုနေသည်ကို ဖြည့်လိုက်ခြင်းဟု အဓိပ္ပါယ်ပင်။ပုဏ္ဏိိကာ အရွယ်ရောက်သောအခါ မိဘများအတိုင်းအနာထပိဏ်သူဋ္ဌေးအိမ်တွင် ရေခပ် ရေသယ်အလုပ်လုပ်ရ၏။

အနာထပိိဏ်သူဋ္ဌေးအိမ်တွင် ကျွန်လုပ်ရခြင်းသည် ပုဏ္ဏိကာအဖို့ ပို၍ကံကောင်း၏။အဘယ်ကြောင့်ဆိုသော် အရိယာသူတော်စင်များ အမြဲတမ်း ဝင်ထွက််သွားလာနေသောကြောင့်ပင်ဖြစ်၏။

ဤသို့ ရေခပ် ရေသယ်လုပ်ရင်းဖြင့် မြတ်စွာဘုရား၏တရားတော်များအား လိုက်နာကျင့်သုံး၏။အလုပ်တစ်ဖက်နှင့်ပင် သောတာပန်တည်သွားလေသည်။

အလုပ်မအား၍တရားအားမထုတ်နိုင်သူများအတွက် ပုဏ္ဏိကာမလေးကိုအားကျ အတုယူသင့်ပေသည်။

တစ်နေ့တွင် ပုဏ္ဏိကာသည် ဆောင်းတွင်းနံနက်ခင်း၌ မြစ်ဆိပ်သွားပြီး ရေခပ်၏။မြစ်ဆိပ်ရောက်လျှင်ပုဏ္ဏားတစ်ဦး ရေချိုးနေသည်ကို တွေ့လေသည်။

ဆောင်းတွင်းကလည်းဖြစ်,မြစ်ရေကလည်းအေး၏။ပုဏ္ဏား၏မေးရိုက်သံလည်းကြားနေရ၏။ဤအချင်းအရာကိုတွေ့သော ပုဏ္ဏိကာသည် အ့ံသြသွားပြီး ရေချိုးနေသည့် ပုဏ္ဏားအား

“အို…ပုဏ္ဏား …ချမ်းအေးလှတဲ့နံနက်ခင်းမှာ အဘယ်ကြောင့် ရေထချိုးနေရသနည်း။အကျွန်ုပ်ကတော့ အနာထပိဏ်သူဋ္ဌေးကြီးရဲ့ ကျွန်တစ်ယောက်ဖြစ်လို့ ရေလာခပ်တာပါ။

ရေမခပ်ရင် အရှင်သခင်က ငေါက်ငမ်းပြောဆိုမှာကို ကြောက်ရပါတယ်။ပုဏ္ဏားကြီးလည်း ကြောက်စရာရှိလို့ ရေဆင်းချိုးနေတာလား”ပုဏ္ဏိိကာ စကားကြားသောအခါ ပုဏ္ဏားကြီးဒေါသထွက်ပြီး

“ဟဲ့ သူငယ်မ,အသိအမြင်နည်းလှချည့်လား။ပုဏ္ဏားတို့ရဲ့ခေါင်းဆောင် ဂိုဏ်းဆရာကြီးဖြစ်တဲ့ ငါ့ကိိုတောင်မသိဘူးလား။

မကောင်းမှုအကုသိုလ်ပပျောက်အောင် ရေချိုးခြင်း အကျင့်မြတ်ကို ကျင့်နေတာ။မှတ်ထားကောင်မလေး အကုသိုလ်ဒုစရိုက်မှုတွေဟာ တခါတည်းသန့်ရှင်းသွားလိိမ့်မယ်။

ဘယ်သူမဆို မကောင်းမှုဒုစရိုက်ကင်းပျောက်အောင် ဒီနည်းလမ်းကို ကောင်းကောင်းမှတ်ထားရမယ်”

ပုဏ္ဏိကာက

“အို…ပုဏ္ဏား ရေချိုးလျှင် မကောင်းမှုမှ ပပျောက်သည်ဟု သင့်အား မည်သူကပြောလေသနည်း”

ပုဏ္ဏားလည်းအောင့်သက်သက်ဖြစ်သွား၏။အသက်ကြီးသောလူတစ်ယောက်အား အသက်ငယ်ရွယ်သောလူူတစ်ယောက်က ဝေဖန်လျှင် မှားသည်ဖြစ်စေ,မှန်သည်ဖြစ်စေ လက်ခံသူနည်းသည်မှာဓမ္မတာပင်ဖြစ်၏။

“ရှေးရှေးက ဆရာ့ဆရာကြီး များပြောကြားခဲ့တဲ့ အကျင့်လမ်းဆိုတာ သင်မသိလေဘူးလား”

“ဒါဆိုရင် ပုဏ္ဏားကြီး ငါးတို့ လိပ်တို့ မိကျောင်းတို့ဟာရေမှာ နေတာမဟုတ်ဘူးလား”

“ဟုတ်ပါတယ် ပုဏ္ဏိကာ”

“သေချာစဉ်းစားကြည့်ပါပုဏ္ဏားကြီး,ခဏလေး ရေချိုးရုံမျှဖြင့် အကုသိုလ်တွေ စင်ကြယ်ပြီး ကုသိုလ်တရားတွေရရှိမည်ဆိုလျှင် ရေ၌အမြဲနေသော ငါး,လိပ်,မိကျောင်းတွေဟာ နတ်ပြည်ကို ရောက်ကုန်မှာပေါ့”ပုဏ္ဏိကာ၏စကားကို ကြားပြီး ပုဏ္ဏားကြီးတွေဝေသွား၏။

“ပုဏ္ဏား သူတစ်ပါးကို သတ်ဖြတ်ညှည်းဆဲသူသည်၄င်း,လုယက် တိုက်ခိုက်ဖျက်ဆီးတတ်သော သူခိုး ဓါးမြလူဆိုးတို့သည်၄င်း,ရေချိုးလျှင် အပြစ်မှလွတ်ကြလျော့သလား။ရေချိုးခြင်းကောင်းမှုကြောင့် ထို်သူခိုး လူဆိုးတို့သည် နတ်ရွာနိဗ္ဗာန်သို့ ရောက်ကြလေရော့သလား”

ပုဏ္ဏိကာ၏စကားများသည် ပုဏ္ဏားကြီးအတွက်မကြားဖူးသောစကားတွေ ဖြစ်သလို တွေးကြည့်ပါကမှန်ကန်နေ၏။”ပုဏ္ဏားကြီး သင်ပြောသည့်အတိုင်းဆို ရေဟာမကောင်းမှု တခုတည်းကို မျောနိုင်သည်မဟုတ်။ကောင်းမှုကိုလဲမျောနိုင်၏။

သင့်ရဲ့လက်ကို မြစ်ရေစီး၌ချထားပါက အသင့်ရဲ့လက်မှာရှိသည့် အမှိုက်သရိုက်ရှိနေသည် ဖြစ်ကမြစ်ရေစီးသည် မည်သည့်အရာကို မျှောယူထားလေမည်နည်း။အကယ်၍ အမွှေးနံ့သာ လိမ်းခြယ်ထားသည်ဖြစ်ကမြစ်ရေဟာ မည်သည့်အရာကို မျှောယူသွားမည်နည်း”

ပုဏ္ဏိကာ၏ စကားများသည် ပုဏ္ဏားကြီးအတွက် အဖြေခက်လေသော အရာများသာ။ကောင်းမှု မကောင်းမှုတည်းဟူသော ကံအကြောင်းတရားတို့ကို ရေ၌မျှော၍မရမှန်း ပုဏ္ဏားကြီးမသိချေ။

ဆင်းရဲခြင်းကို ကြောက်ရွံ့သော် ရေ၌ ခိုက်ခိုက်တုန်အောင် အဆင်းရဲခံခြင်းဖြင့် မလွတ်မြောက်နိုင်ဘဲ ဆင်းရဲစေတတ်သော အကုသိုလ်ကို ရှောင်ကြဉ်ခြင်းဖြင့်သာလွတ်မြောက်နိုင်ပေမည်။

ပုဏ်္ဏိကာ၏ စကားသံအဆုံးတွင် ပုဏ္ဏားကြီးသည်အသိဉာဏ် လင်းလက်တောက်ပသွား၏။အနှစ် နှစ် အလလကယူလာခဲ့သောအယူမှားများ အစွဲများပျောက်သွားကါ

“အို…ရှင်မ ပုဏ္ဏိကာ သင့်အားကျေးဇူးဆပ်လိုပါ၏။ဤပုဆိုးကို သင့်အား ဆရာစား ပြု၍ ပေးလှူပါသည်။လက်ခံယူပါလော့ ပုဏ္ဏိကာ”

ပုဏ္ဏားကြီးက သူ၏ပုဆိုးကို ပုဏ္ဏိကာထံ ပေးလှူပါသော်လည်း ပုဏ္ဏိကာက

“ဆင်းရဲခြင်း အပေါင်းမှ လွတ်မြောက်လိုသော် မြတ်စွာဘုရားကို ဆည်းကပ်ပါလော့”

“တရားကို ဆည်းကပ်ပါလော့”

“သံဃာကို ဆည်းကပ်ပါလော့”

“သီလကို ဆောက်တည်၍ တရားမြတ်ကို ကျင့်သုံးအားထုတ်ပါလော့”

ပုဏ္ဏားကြီးသည် မြတ်စွာဘုရားထံချဉ်းကပ် ရဟန်းပြုလေသည်။တရားအားထုတ်ရာ မကြာမီပင် ရဟန္တာဖြစ်လေသည်။အတုယူအားကျစရာပင်။

သူတစ်ပါးအား အလင်းပြသူသည် တန်ပြန်အလင်းရရှိသကဲ့သို့ ပုဏ္ဏားကြီးအား ကျွန်မကလေးပုဏ္ဏိကာတရားဟောလိုက်သဖြင့် အစွဲကျွတ်သွားပြီဟူသော သတင်းသည် သာဝတ္ထိမြို့တွင် ပျံ့နှံ့သွား၏။ကျွန်ပိုင်ရှင်များသည် ပုဏ္ဏိကာအား ကျွန်အဖြစ်မှ အပြီးအပိုင်လွတ်ပေးလိုက်၏။

ကျွန်အဖြစ်မှ လွတ်မြောက်ခွင့်ရသွားသော ပုဏ္ဏိကာသည် ဘိက္ခုနီမ ကျောင်းသို့သွားပြီး ရဟန်းမအဖြစ် ပြု၏။ဝိပဿနာတရား အားထုတ်ရာ မကြာမီပင် ပုဏ္ဏိကာရဟန္တာထေရီမကြီးဖြစ်သွားလေသည်။

ဤအကြောင်းအရာအား လေ့လာခြင်းဖြင့် တစ်ပါးသူအား လောကီအကျိုး(သို့)လောကုတ္တရာ အကျိုး ဆောင်ကြဉ်းပေးသူ,အလင်းပြပေးသူ,ဒုက္ခရောက်သူအား

ဆောင်ကြဉ်းပေးသူ တို့သည် လောကနိယာမအရတန်ပြန်အကျိုးများ တစ်နေ့နေ့ တစ်ချိန်ချိန်တွင်ခံစားရမည် ဖြစ်ပါကြောင်းရေးသားလိုက်ရပေသည်။

တရားရတနာ

LEAVE A REPLY

Please enter your comment!
Please enter your name here