ဝမ်းတွင်းတွင် ၆၄ နှစ်အရွယ်အမျိုးသား၁ ဦး ရေစည်လှည်းတွန်းရင်း လဲကျသေဆုံး

0
103

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ် ‌လျှော်ပင်ရွာ အထက်တန်းကျောင်းခွဲရှေ့မှာ မေ ၂၂ ရက်က အသက် ၆၄ နှစ်အရွယ် အမျိုးသား ၁ ဦး ရေစည်လှည်းတွန်းရင်း လဲကျသေဆုံးသွားတယ်လို့ ဝမ်းတွင်းမြို့မရဲစခန်းက ပြောပါတယ်။

ဝမ်းတွင်းမြို့မရဲစခန်းမှူး ဒုရဲမှူးတင်ဝင်းက “သေဆုံးသွားသူက လူပျိုကြီးပါ။ ညီဖြစ်သူနဲ့ အတူနေတယ်။ ရေစည်လှည်းတွန်းပြီး အသက်မွေးဝမ်းကျောင်းပြုတယ်။ ပြင်ပဒဏ်ရာ မတွေ့ရပါဘူး။ ဝမ်းတွင်းဆေးရုံ ပို့ထားတယ်” လို့ ပြောပါတယ်။

ရွာတန်းအုပ်စုအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးရန်နိုင်က “ကိုဗစ်-၁၉ ကပ်ရောဂါ စိုးရိမ်နေတဲ့ အချိန်ဆိုတော့ နှာခေါင်းတို့ပတ်၊ လည်ချောင်းတို့ပတ်တို့တော့ ယူထားတယ်ဆိုတာ သိရတယ်။ ပြည်ပ ခရီးသွားထားတာ မရှိပါဘူး၊ သူ့အိမ်မှာပဲ သူနေတာပါ” လို့ ပြောပါတယ်။

ဝမ်းတွင်းမြို့မရဲစခန်းက ဦးဝင်းအောင် သေဆုံးတာ ဓမ္မတာအတိုင်း သေဆုံးတာ ဟုတ်၊ မဟုတ် စုံစမ်းစစ်ဆေးဖို့ သေမှူသေခင်းနဲ့ အမှုဖွင့် စုံစမ်းစစ်ဆေးနေပါတယ်။

မောင်မောင်လင်း DVB TV News

မႏၲေလးတိုင္း၊ ဝမ္းတြင္းၿမိဳ႕နယ္ ‌ေလွ်ာ္ပင္႐ြာ အထက္တန္းေက်ာင္းခြဲေရွ႕မွာ ေမ ၂၂ ရက္က အသက္ ၆၄ ႏွစ္အ႐ြယ္ အမ်ိဳးသား ၁ ဦး ေရစည္လွည္းတြန္းရင္း လဲက်ေသဆုံးသြားတယ္လို႔ ဝမ္းတြင္းၿမိဳ႕မရဲစခန္းက ေျပာပါတယ္။

ဝမ္းတြင္းၿမိဳ႕မရဲစခန္းမႉး ဒုရဲမႉးတင္ဝင္းက “ေသဆုံးသြားသူက လူပ်ိဳႀကီးပါ။ ညီျဖစ္သူနဲ႔ အတူေနတယ္။ ေရစည္လွည္းတြန္းၿပီး အသက္ေမြးဝမ္းေက်ာင္းျပဳတယ္။ ျပင္ပဒဏ္ရာ မေတြ႕ရပါဘူး။ ဝမ္းတြင္းေဆး႐ုံ ပို႔ထားတယ္” လို႔ ေျပာပါတယ္။

႐ြာတန္းအုပ္စုအုပ္ခ်ဳပ္ေရးအဖြဲ႕ဝင္ ဦးရန္ႏိုင္က “ကိုဗစ္-၁၉ ကပ္ေရာဂါ စိုးရိမ္ေနတဲ့ အခ်ိန္ဆိုေတာ့ ႏွာေခါင္းတို႔ပတ္၊ လည္ေခ်ာင္းတို႔ပတ္တို႔ေတာ့ ယူထားတယ္ဆိုတာ သိရတယ္။ ျပည္ပ ခရီးသြားထားတာ မရွိပါဘူး၊ သူ႔အိမ္မွာပဲ သူေနတာပါ” လို႔ ေျပာပါတယ္။

ဝမ္းတြင္းၿမိဳ႕မရဲစခန္းက ဦးဝင္းေအာင္ ေသဆုံးတာ ဓမၼတာအတိုင္း ေသဆုံးတာ ဟုတ္၊ မဟုတ္ စုံစမ္းစစ္ေဆးဖို႔ ေသမႉေသခင္းနဲ႔ အမႈဖြင့္ စုံစမ္းစစ္ေဆးေနပါတယ္။

ေမာင္ေမာင္လင္း DVB TV News