စိတ်ဒဏ်ရာ ရှိနေတဲ့ မိန်းကလေး၏ လူတွေသတိမထားမိတဲ့အကျင့် ၅ ခု

0
33

စိတ်ဒဏ်ရာရှိတဲ့ မိန်းကလေးတွေဟာ သာမန်မိန်းကလေးတွေနဲ့ မတူတဲ့ အချက်လေးတွေရှိပါတယ်။

ရုတ်တရက်ကြည့်ရင် မသိသာပေမယ့် တစ်ခါတလေကျရင် မထင်မှတ်ပဲ အဲဒီ့အပြုအမူလေးတွေကို တွေ့ရမှာပါ။

မိန်းကလေးတစ်ယောက်ဟာ ဒီလိုအပြုအမူလေးတွေလုပ်တတ်တယ် ဆိုရင်တော့ သူဟာ စိတ်ဒဏ်ရာအကြီးအကျယ်ရဖူးတဲ့ မိန်းကလေးတစ်ယောက်ဆိုတာကို သိပြီး စာနာစိတ်ထားဖို့ လိုပါတယ်။

(၁) အမြဲတမ်း ပျော်နေတတ်သူ

ထူးဆန်းပါတယ်။ အမြဲတမ်းရယ်မောပြီး သူတစ်ပါးကိုလည်း ပျော်ရွှင်အောင်လုပ်ပေးတဲ့ လူတွေဟာ စိတ်ဒဏ်ရာရှိတဲ့ သူတွေပါပဲ။ သူတို့ဟာ လူတွေက သူတို့ကို ကြိတ်ပြီး အမြင်ကပ်နေမှာကို ကြောက်တတ်ကြပြီး အလိုလိုနေရင်း အားငယ်စိတ်ရှိတဲ့ သူတွေဖြစ်ပါတယ်။

သူတို့ပြုံးနေတိုင်းလည်း ပျော်နေတာ မဟုတ်ပါဘူး။ လူတိုင်းကို သူတို့လို မခံစားစေချင်တဲ့ စိတ်ကြောင့် သူတို့ကိုယ်တိုင်း မပျော်ရွှင်လည်း သူများကို ပျော်ရွှင်အောင် လုပ်ပေးချင်စိတ်အမြဲရှိတဲ့ သူတွေပါ။

(၂) အမြဲအနစ်နာခံသူ

အဖွဲ့ထဲမှာ အမြဲတမ်းအနစ်နာခံတဲ့သူ၊ အမြဲတမ်း အောက်ကျို့တတ်သူ ရှိခဲ့ရင် သူ့ကိုစာနာပါ။ တစ်ခါတလေဆိုရင် အကြောင်းမဟုတ်ပေမယ့် အမြဲတမ်း အနစ်နာခံပေးနေတယ် ဆိုရင်တော့ သူ့မှာ စိတ်ဒဏ်ရာရှိလို့ပါ။

သူ့ရဲ့ မပြည့်စုံမှု၊ အားနည်းချက်တွေကို အမြဲတမ်း အားငယ်နေတတ်သူဖြစ်ပြီး အဲဒီ့အရာတွေကြောင့် သူ့ကိုသူ နိမ့်ကျသူတစ်ယောက်လို့ သတ်မှတ်ထားတာကြောင့် အနစ်နာခံတဲ့ အလုပ်ကို သူ့တာဝန်လို့ မှတ်ယူနေတာ ဖြစ်ပါတယ်။

(၃) ကိုယ်ချင်းစာစိတ်အပြည့်ရှိသူ

စိတ်ဒဏ်ရာရှိတဲ့သူ တော်တော်များများဟာ သူတစ်ပါးကို အရမ်း ကိုယ်ချင်းစာ သနားတတ်ကြပါတယ်။ သူတစ်ပါးရဲ့ အခက်အခဲ၊ ဒုက္ခတွေကို တွေ့တဲ့ အခါတွေမှာ သူတို့ကိုယ်တိုင် ကြုံတွေ့နေရသလို ခံစားတတ်ကြပါတယ်။

သူများတွေက သနားပါတယ်လောက်ပဲ ပြောပြီး မေ့ဖျောက်လိုက်ကြတဲ့ အရာတွေကိုတောင် သူ့ခေါင်းထဲက မထုတ်နိုင်လောက်အောင် အမြဲစဉ်းစားနေတတ်သူတွေ ဖြစ်ပါတယ်။ ပြီးတော့ မျက်ရည်လည်း အရမ်းလွယ်ကြပါတယ်။

(၄) အပေါင်းအသင်းမက်သူ

အပေါင်းအသင်းမက်တဲ့သူ၊ သူငယ်ချင်းတွေကို အရမ်းတွယ်တာပြီး သံယောဇဉ်အရမ်းကြီးတဲ့ သူတွေဟာ မိသားစုနဲ့ ပတ်သက်ပြီး စိတ်ဒဏ်ရာရှိတဲ့သူတွေ ဖြစ်နေတတ်ပါတယ်။ မိသားစုမှာ အထီးကျန်နေသူ၊ ဒါမှမဟုတ် အပယ်ခံတစ်ယောက်လို ခံစားရတဲ့ သူတွေဖြစ်ပါတယ်။

ဒါကြောင့် သူငယ်ချင်းတွေကို မိသားစုအရင်းထက်တောင် ပိုတွယ်တာတတ်ကြလို့ တစ်ခါတလေကျရင် အရမ်းတွယ်ကပ်တတ်တဲ့ သူတစ်ယောက်လို ဖြစ်သွားတတ်ပါတယ်။ ဒါပေမယ့် သင့်ကို အရမ်းချစ်ခင်လို့ဆိုတာကို သိထားပေးပါ။

(၅) တစ်ယောက်တည်းနေရင် အရမ်းတည်တယ်

သူဟာ မျက်နှာနှစ်မျိုးကို ပိုင်ဆိုင်ထားသူပါ။ အပေါင်းအသင်းတွေ၊ ခင်မင်တဲ့ သူတွေနဲ့ကျရင် သောင်းကြမ်းသလောက်၊ တစ်ယောက်တည်း နေတဲ့အချိန်တွေ၊ သူစိမ်းတွေကြားရောက်သွားတဲ့ အချိန်တွေကျရင် သူမဟုတ်တဲ့ အတိုင်းပဲ အရမ်းတည်ငြိမ်တာကို တွေ့ရမှာပါ။

ဒီလိုလူမျိုးတွေဟာလည်း စိတ်ဒဏ်ရာတစ်ခုခု ရှိနေတဲ့၊ ရှိဖူးတဲ့ သူတွေဖြစ်ပါတယ်

Credit

LEAVE A REPLY

Please enter your comment!
Please enter your name here