မတွက်ကပ် အပါးမခိုခြင်းနဲ့ စည်းလုံးညီညာကြတဲ့အခါ

0
33

လွန်ခဲ့တဲ့လ​တွေရက်​တွေအတွင်းနိုင်ငံခြားပြန်​တွေဟာ Quartineစင်တာ ( ဟိုတယ်နဲ့ ဘုန်း​တော်ကြီး​ကျောင်းများကလွဲလို့ ) အ​ဆောင် ​တော်​တော်များများမှာ Quartine ဝင်ကြရသူ​တွေရဲ့အဆင်မ​ပြေမှု​တွေ fb တင်လာတာ​တွေတွေ့ခဲ့ရပါတယ် ၊

လူအမျိုးမျိုးစိတ်အ​ထွေ​ထွေဆိုသလို ဖတ်ရသူ​တွေမှာလည်း အမျိုးမျိုးခံစားရကာ အမြင်အမျိုးမျိုး​ရေးကြတာ​တွေထဲ ဖတ်ရှု့ရကာ စာနာ​သနားလို့ ​ဖေးမ​ဖြေသိမ့်​ပေးသူ​တွေ ကိုယ့်အိမ်မှမဟုတ်တာလို့ အပြစ်မြင်ဆိုကြသူ​တွေလည်း​တွေ့ရပါတယ် ။

တစ်ချို့ဆိုကိုယ့်​သောက ကိုယ်​ရေးတာက​နေ အပြစ်တင်ခံရ​တော့ ပို​သောက​ရောက်ကြရရှာပါတယ်။

ဒီ​​နေ့မှာ​တော့ အခုမြင်ကွင်းမျိုး​လေးမြင်ရကာ စိတ်ချမ်း​​မြွေရသလို အားတက်ရမှုပါရလာလို့မြင်ရခဲတဲ့ မြင်ကွင်းမြင်ခွင့်ရ​စေသူနဲ့တကွ ဒီလိုမြင်ရဖို့ ​ကောင်းတဲ့စိတ်ထားဇွဲလုံလဝီရိယနဲ့​ဖော် ဆောင်ကြသူများကိုချီးကျူးဂုဏ်ပြူလိုလာပါတယ် ။

ဒီမြင်ကွင်မြင်ရသူတိုင်းကလည်း စာ​ရေးသူနဲ့ထပ်သူ ချီးကျူးဂုဏ်ပြူလို စိတ်မှာမတိုင်ပင်ဘဲ တူကြမယ်ယုံကြည်မိတယ်။

ဒီမြင်ကွင်းက စင်ကာပူမှ 5th Relief Flight ဖြင့် ပြန်ကြလာကြသူ စီးပွားရေးတက္ကသိုလ်ဆောင် (ရွာသာကြီး) မှာFacilities Quartineဝင်နေသူများ မှ

အဆောင် (D001 ~ D007 ,D020 ~ D026) တို့က ပြည်​တော်ပြန်​တွေက အများသုံး​ရေကန်ကို သန့်ရှင်းရေးပြုလုပ်ကြတဲ့မြင်ကွင်းပါ။

မြင်ရတဲ့မြင်ကွင်းမှာ ​ရေကန်ထဲ အနည်ထိုင်​နေတဲ့ အနယ်နုန်းက ​​ခြေကျင်းဝတ်အထက်မြုတ်​အောင်ထုရှိ​နေတာ​​တွေ့ရတယ်။

အခုလိုညစ်ထပ်​နေတဲ့ အနယ်ထုလက်​လေးသစ်မက​ကြောင့် ကျန်းမာ​ရေးအတွက် မသင့်​တော်တာကို အခု သန့်ရှင်း​ရေး​ဆောင်ရွက်ကြသူFacilities Quartineဝင်သူ​တွေက စီမံသူ တာဝန်ရှိသူ​တွေ အ​ပေါ်အပြစ်ဆိုမထားဘူး ၊

ဒီလိုညစ်ထပ်​နေတဲ့​ရေ​တွေအတွက် တစ်ပါးသူ​ဆောင်ရွက်​ပေးတာ​စောင့်မ​နေဘဲ အားလုံးက မတွက်ကပ် (အပါးမခို ) ခြင်းနဲ့ စည်းလုံးညီညာ

ဖော်​ဆောင်ကြတဲ့အခါ အဲ့ဒီညစ်ထပ်​နေခဲ့ဖူးတဲ့​ရေ​ကန်ဟာ သန့်စင်ကြည်လင်တဲ့​ရေနဲ့ ပနံတင့်​အောင် ရှိသွားရတာမျက်မြင်ဆိုတာကိုပဲ သူတို့က သက်​သေပြခဲ့ကြတယ်။

တကယ်​တော့ ဒီက​နေ့ကာလမှာ မဆန်း​တော့တဲ့သူတစ်ပါးကို ​ဝေဖန်ပြစ်တင်ဆဲဆိုခြင်းလုပ်ရပ် တွေအတွက် ထုသား​ပေသားရ အသားကျသွားပုံရ​နေကြပြီ​ဖြစ်တဲ့ အချိန်မှာအခုလို

ကိုယ်စွမ်းကိူယ်စ​ကောင်း​ကောင်းနဲ့ စည်းလုံးခြင်းအင်အားကိုပြသွားကြပုံက တာဝန်မကင်းခဲ့သူ (အပါးခိုခဲ့သူ​)တွေကိုအခန့်မသင့်တိုင်း ဆဲဆို​နေတာထက်ကို ပိုအထိနာ​စေ​မလားပဲ ။

သူတို့က ဘယ်သူ့ကိုမှ နာ​စေလိုပုံမ​ပေါ်ကြတာ​တော့​သေချာတယ်။

တကယ့်ကို​လေးစားပါတယ်ဗျာ။ ။

ဂါရဝဖြင့် ကိုမျိုး(မြန်မာစာ)

( သန့်ရှင်​ရေး​ဆောင်ရွက်ပုံ တင်သူ Ny Nayyee ကို​ကျေးဇူးအထူးတင်ကာ ခရက်ဒစ် ပေးပါတယ်ခင်ဗျာ)

မတြက္ကပ္ အပါးမခိုျခင္းနဲ႔ စည္းလုံးညီညာၾကတဲ့အခါ

လြန္ခဲ့တဲ့လ​ေတြရက္​ေတြအတြင္းနိုင္ငံျခားျပန္​ေတြဟာ Quartineစင္တာ ( ဟိုတယ္နဲ႔ ဘုန္း​ေတာ္ႀကီး​ေက်ာင္းမ်ားကလြဲလို႔ ) အ​ေဆာင္ ​ေတာ္​ေတာ္မ်ားမ်ားမွာ Quartine ဝင္ၾကရသူ​ေတြရဲ့အဆင္မ​ေျပမႈ​ေတြ fb တင္လာတာ​ေတြေတြ႕ခဲ့ရပါတယ္ ၊

လူအမ်ိဳးမ်ိဳးစိတ္အ​ေထြ​ေထြဆိုသလို ဖတ္ရသူ​ေတြမွာလည္း အမ်ိဳးမ်ိဳးခံစားရကာ အျမင္အမ်ိဳးမ်ိဳး​ေရးၾကတာ​ေတြထဲ ဖတ္ရႈ႔ရကာ စာနာ​သနားလို႔ ​ေဖးမ​ေျဖသိမ့္​ေပးသူ​ေတြ ကိုယ့္အိမ္မွမဟုတ္တာလို႔ အျပစ္ျမင္ဆိုၾကသူ​ေတြလည္း​ေတြ႕ရပါတယ္ ။

တစ္ခ်ိဳ႕ဆိုကိုယ့္​ေသာက ကိုယ္​ေရးတာက​ေန အျပစ္တင္ခံရ​ေတာ့ ပို​ေသာက​ေရာက္ၾကရရွာပါတယ္။

ဒီ​​ေန႔မွာ​ေတာ့ အခုျမင္ကြင္းမ်ိဳး​ေလးျမင္ရကာ စိတ္ခ်မ္း​​ေႁမြရသလို အားတက္ရမႈပါရလာလို႔ျမင္ရခဲတဲ့ ျမင္ကြင္းျမင္ခြင့္ရ​ေစသူနဲ႔တကြ ဒီလိုျမင္ရဖို႔ ​ေကာင္းတဲ့စိတ္ထားဇြဲလုံလဝီရိယနဲ႔​ေဖာ္ ေဆာင္ၾကသူမ်ားကိုခ်ီးက်ဴးဂုဏ္ျပဴလိုလာပါတယ္ ။

ဒီျမင္ကြင္ျမင္ရသူတိုင္းကလည္း စာ​ေရးသူနဲ႔ထပ္သူ ခ်ီးက်ဴးဂုဏ္ျပဴလို စိတ္မွာမတိုင္ပင္ဘဲ တူၾကမယ္ယုံၾကည္မိတယ္။

ဒီျမင္ကြင္းက စင္ကာပူမွ 5th Relief Flight ျဖင့္ ျပန္ၾကလာၾကသူ စီးပြားေရးတကၠသိုလ္ေဆာင္ (ရြာသာႀကီး) မွာFacilities Quartineဝင္ေနသူမ်ား မွ

အေဆာင္ (D001 ~ D007 ,D020 ~ D026) တို႔က ျပည္​ေတာ္ျပန္​ေတြက အမ်ားသုံး​ေရကန္ကို သန္႔ရွင္းေရးျပဳလုပ္ၾကတဲ့ျမင္ကြင္းပါ။

ျမင္ရတဲ့ျမင္ကြင္းမွာ ​ေရကန္ထဲ အနည္ထိုင္​ေနတဲ့ အနယ္ႏုန္းက ​​ေျခက်င္းဝတ္အထက္ျမဳတ္​ေအာင္ထုရွိ​ေနတာ​​ေတြ႕ရတယ္။

အခုလိုညစ္ထပ္​ေနတဲ့ အနယ္ထုလက္​ေလးသစ္မက​ေၾကာင့္ က်န္းမာ​ေရးအတြက္ မသင့္​ေတာ္တာကို အခု သန္႔ရွင္း​ေရး​ေဆာင္ရြက္ၾကသူFacilities Quartineဝင္သူ​ေတြက စီမံသူ တာဝန္ရွိသူ​ေတြ အ​ေပၚအျပစ္ဆိုမထားဘူး ၊

ဒီလိုညစ္ထပ္​ေနတဲ့​ေရ​ေတြအတြက္ တစ္ပါးသူ​ေဆာင္ရြက္​ေပးတာ​ေစာင့္မ​ေနဘဲ အားလုံးက မတြက္ကပ္ (အပါးမခို ) ျခင္းနဲ႔ စည္းလုံးညီညာ

ေဖာ္​ေဆာင္ၾကတဲ့အခါ အဲ့ဒီညစ္ထပ္​ေနခဲ့ဖူးတဲ့​ေရ​ကန္ဟာ သန္႔စင္ၾကည္လင္တဲ့​ေရနဲ႔ ပနံတင့္​ေအာင္ ရွိသြားရတာမ်က္ျမင္ဆိုတာကိုပဲ သူတို႔က သက္​ေသျပခဲ့ၾကတယ္။

တကယ္​ေတာ့ ဒီက​ေန႔ကာလမွာ မဆန္း​ေတာ့တဲ့သူတစ္ပါးကို ​ေဝဖန္ျပစ္တင္ဆဲဆိုျခင္းလုပ္ရပ္ ေတြအတြက္ ထုသား​ေပသားရ အသားက်သြားပုံရ​ေနၾကၿပီ​ျဖစ္တဲ့ အခ်ိန္မွာအခုလို

ကိုယ္စြမ္းကိူယ္စ​ေကာင္း​ေကာင္းနဲ႔ စည္းလုံးျခင္းအင္အားကိုျပသြားၾကပုံက တာဝန္မကင္းခဲ့သူ (အပါးခိုခဲ့သူ​)ေတြကိုအခန္႔မသင့္တိုင္း ဆဲဆို​ေနတာထက္ကို ပိုအထိနာ​ေစ​မလားပဲ ။

သူတို႔က ဘယ္သူ႔ကိုမွ နာ​ေစလိုပုံမ​ေပၚၾကတာ​ေတာ့​ေသခ်ာတယ္။

တကယ့္ကို​ေလးစားပါတယ္ဗ်ာ။ ။

ဂါရဝျဖင့္ ကိုမ်ိဳး(ျမန္မာစာ)

( သန္႔ရွင္​ေရး​ေဆာင္ရြက္ပုံ တင္သူ Ny Nayyee ကို​ေက်းဇူးအထူးတင္ကာ ခရက္ဒစ္ ေပးပါတယ္ခင္ဗ်ာ)

LEAVE A REPLY

Please enter your comment!
Please enter your name here