မှတ်ပုံတင်ရှိတဲ့နိုင်ငံသားတိုင်း WAVEMONEY က ၄၀၀၀၀ ကျပ်ထောက်ပံ့မည့် အစီအစဉ် စတင်ပါတော့မည်

0
107

အခြေခံလူတန်းစားများအတွက် အစိုးရ၏ ဒုတိယအကြိမ် ထောက်ပံ့မည့်အစီအစဉ်ကို လာမည့် သီတင်းပတ်သုံးပတ်ခန့်အတွင်း ပေးအပ်ရန် စီစဉ်နေကြောင်း နိုင်ငံတော်သမ္မတရုံးပြောခွင့်ရ ပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောကြားလိုက်ပါတယ် …။

ယခုအကြောင်းကိုတော့ သမ္မတအိမ်တော် သတင်းစာရှင်းလင်းပွဲကို မေလ ၁၆ ရက် တွင် အွန်လိုင်းမှ တစ်ဆင့်ပြုလုပ်ချိန်က ဒီ အစီအစဉ်ကိုကြေညာခြင်းဖြစ်ပြီး ပထမအကြိမ်ကဲ့သို့ အခြေခံ လူတန်းစားများကို စားသောက်ကုန် ငါးမျိုး ပေးအပ်မည်မဟုတ်ဘဲ ငွေသားကျပ်ငွေ ပေးအပ်မည် ဟု ဆိုပါသည် …။

ဒီလိုငွေကြေးထောက်ပံ့တဲ့အခါမှာလည်း Online Payment (အွန်လိုင်းငွေပေးချေခြင်း) နဲ့။ ဥပမာအားဖြင့် Wave Money တို့၊ KBZ Pay တို့ စသည်ဖြင့်ပေါ့နော် နိုင်ငံသားတိုင်း လက်ထဲရောက်အောင် ထောက်ပံ့ပေးသွားမယ်လို့ ဆိုပါတယ် …။

သြင်္ကန် ရုံးပိတ်ရက်ရှည်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် အိမ်ထောင်တစ်စုလျှင် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန် ပစ္စည်းငါးမျိုးကို ပေးအပ်ခဲ့ရာ တစ်နိုင်ငံလုံးရှိ အိမ်ထောင်စု ပေါင်း ၃ ဒသမ ၉၉ သန်းကို ဝေငှ နိုင်ခဲ့ပြီး နိုင်ငံတော်ဘဏ္ဍာငွေထဲမှ ကျပ် ၅၀ ဒသမ ၈၄၄ ဘီလီယံ ကုန် ကျခံခဲ့ပါတယ် …။

အထက်ပါ အခြေခံရိက္ခာ ပေးဝေသည့် အစီအစဉ်တွင် အ ငြင်းပွားမှုများ၊ အထစ်အငေါ့များ နှင့် ပစ္စည်းအဖြတ်ခံရမှုများရှိသ ဖြင့် ဒုတိယအကြိမ်ပေးအပ်မည့် အစီအစဉ်တွင် ငွေသားကိုသာ သက်ဆိုင်ရာ အိမ်ထောင်စုဆီသို့ ပေးအပ်ရန် စီစဉ်ရခြင်းဖြစ် ကြောင်း သမ္မတရုံးပြောခွင့်ရ ပုဂ္ဂိုလ်က ရှင်းပြပါတယ် …။

အခြေခံလူတန်းစားများကို စားသောက်ကုန်ငါးမျိုး ထောက်ပံ့ ရာတွင် တစ်အိမ်ထောင်လျှင် ကျပ် ၁၂,၀၀၀ မှ ကျပ် ၂၀,၀၀၀ အတွင်း နေရာဒေသအလိုက် ကုန်ကျပြီး ယခု ဒုတိယအကြိမ် တွင် ယခင်ထက် နှစ်ဆ ကျပ် ၃၀,၀၀၀ မှ ကျပ် ၄၀,၀၀၀ အကြားထောက်ပံ့ရန် စီစဉ်ထား ကာ ယင်းအတွက် ကျပ်ဘီလီယံ ၁၀၀ ကျော် သုံးစွဲမည်ဖြစ်ကြောင်း သိရှိရပါတယ် …။ ။

Credit Source

LEAVE A REPLY

Please enter your comment!
Please enter your name here