မြောက်ဥက္ကလာပမြို့နယ်၊ ဆေး၂​ရှေ့တဲ့

0
833

မြောက်ဥက္ကလာစခန်းက လက်မြောက်ထားတဲ့ကတုံး

အမေကတိုက်ပိုင်ရှင် သားကငမူး အမြဲသောက်ပြီးရူးနေတဲ့ကောင် သူတို့မြေညီထပ်မှာဌားတဲ့ Beauty Saloon လဲ

ဆိုင်ဖွင့်တဲ့ချိန်ဆို ဆိုင်ထဲထိ အတွင်းခံပဲဝတ်ပြီး ရည်းစားစကားပြောလို့ပြော မိုက်ကြေးခွဲလို့ခွဲ ဆိုင်လာတဲ့ကာစတမ်မာဆိုလဲရိုက်လွှတ် ရဲစခန်းတိုင်လဲ တပတ်နဲ့ပြန်ပြန်ထွက်လာလို့ နောက်ဆုံးသူဒဏ်မခံနိုင်လို့ ၃ လနဲ့ဌားခအဆုံးခံပြီးပြေးခဲ့ရတယ်။

အပေါ်အခန်းဌားနေတဲ့ သင်္ဘောသားမိန်းမလဲ ယောကျာ်းသင်္ဘောတတ်တဲ့ချိန်ဆို ညဘက်အခန်းခိုးခိုးဝင်ဖို့လုပ်လို့ ပြောင်းပြေးရတယ်။

ဆေးကျောင်းရှေ့မို့ ဆေးကျောင်းကကလေးတွေ ခဲနဲ့ထု ပိုက်ဆံတောင်း ပြသာနာရှာလို့ ကလေးတွေ ရဲစခန်းသွားအမှုဖွင့်လဲဘာမှ့မထူးပါဘူးတဲ့။

ဒီနေ့တော့ ဘေးဆိုင်ငွေင်္ဒဂါးကမခံနိုင်တော့ ရဲမတိုင်တော့ပဲ ကိုယ့်ဟာကိုယ်ပဲလုပ်တော့ ကွဲကျပြဲကျပေါ့။

ဒီလိုမျိုးတွေ ကျနော်တို့ဘေးပတ်ဝန်းကျင်မှာ အများကြီးဖြစ်နေပါပြီ။

အမှုမဲ့ အမှတ်မဲ့ ငါနဲ့မဆိုင်ဘူးဆို တနေ့ကိုယ့်အလှည့်ရောက်လာပါလိမ့်မယ်။

ကျနော်တို့ခင်များတို့ရဲ့ပတ်ဝန်းကျင်မှာ တကယ့်ကိုတရားဉပဒေစိုးမိုးဖို့ လိုအပ်နေပါပြီ။

တာဝန်ရှိသူများသိစေရန် ခေမာသီလမ်း​၊ မြောက်ဥက္ကလာပမြို့နယ်၊ ဆေး၂​ရှေ့

မူရင်း credit