တရားေဟာဆရာ ဒေးဗစ်လားအပါအဝင် လေးဦးကို အမှုဖွင့်အရေးယူ

0
898

တရားဟောဆရာ ဒေးဗစ်လားအပါအဝင် လေးဦးကို အမှုဖွင့်

ဧပြီ-၁၄၊ ၂၀၂၀

ရောဂါဖြစ်ပွားစေနိုင်တဲ့လူစုလူဝေးဆောင်ရွက်ခဲ့တဲ့အတွက် တရားဟောဆရာ ဒေးဗစ်လားနဲ့ သင်းအုပ်ဆရာအပါအဝင် လေးဦးတို့ကို

သဘာဝအန္တရယ် စီမံခန့်ခွဲမှုဆိုင်ရာဥပဒေအရ အမှုဖွင့်လိုက်ကြောင်း ထုတ်ပြန်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ကပ်ရောဂါ ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေးကော်မတီက ဒီကနေ့ ဧပြီ ၁၄ ရက် ရက်စွဲနဲ့ ထုတ်ပြန်လိုက်တာပါ။

တရားဟောဆရာဒေးဗစ်လား၊ သင်းအုပ်ဆရာ၊ အမှုတော်ဆောင်နဲ့ နဝရတ်တေးသံသွင်းမှ ဦးဝေထွန်းတို့ကို

အင်းစိန်မြို့မရဲစခန်းနဲ့ မရမ်းကုန်မြို့မရဲ့စခန်းတွေမှာ သီးခြားစီအမှုဖွင့်လိုက်တာဖြစ်ပါတယ်။

ပြီးတော့လည်း ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရန်ကုန်အနောက်ပိုင်းခရိုင်တို့ အတွင်းမှာရှိတဲ့ ကပ်ရောဂါ တွေ့ရှိခဲ့သူတွေနေထိုင်ရာနေရာတွေကို

အသွားအလာကန့်သတ်တားမြစ်ခြင်း L 0 c k d o w m လုပ်ထားပြီးပြီလို့လည်း ထုတ်ပြန်ချက်မှာ ပါပါတယ်။

ခရက်ဒစ် 7day

တရားေ ဟာဆရာ ေဒးဗစ္လားအပါအဝင္ ေလးဦးကို အမွုဖြင့္ အေရးယူ

တရားေဟာဆရာ ေဒးဗစ္လားအပါအဝင္ ေလးဦးကို အမႈဖြင့္

ဧၿပီ-၁၄၊ ၂၀၂၀

ေရာဂါျဖစ္ပြားေစနိုင္တဲ့လူစုလူေဝးေဆာင္ရြက္ခဲ့တဲ့အတြက္ တရားေဟာဆရာ ေဒးဗစ္လားနဲ႔ သင္းအုပ္ဆရာအပါအဝင္ ေလးဦးတို႔ကို

သဘာဝအႏၲရယ္ စီမံခန႔္ခြဲမႈဆိုင္ရာဥပေဒအရ အမႈဖြင့္လိုက္ေၾကာင္း ထုတ္ျပန္ပါတယ္။

ရန္ကုန္တိုင္းေဒသႀကီး ကပ္ေရာဂါ ထိန္းခ်ဳပ္ေရးနဲ႔ အေရးေပၚတုံ႔ျပန္ေရးေကာ္မတီက ဒီကေန႔ ဧၿပီ ၁၄ ရက္ ရက္စြဲနဲ႔ ထုတ္ျပန္လိုက္တာပါ။

တရားေဟာဆရာေဒးဗစ္လား၊ သင္းအုပ္ဆရာ၊ အမႈေတာ္ေဆာင္နဲ႔ နဝရတ္ေတးသံသြင္းမွ ဦးေဝထြန္းတို႔ကို

အင္းစိန္ၿမိဳ႕မရဲစခန္းနဲ႔ မရမ္းကုန္ၿမိဳ႕မရဲ့စခန္းေတြမွာ သီးျခားစီအမႈဖြင့္လိုက္တာျဖစ္ပါတယ္။

ၿပီးေတာ့လည္း ရန္ကုန္ေျမာက္ပိုင္းခရိုင္၊ ရန္ကုန္အေနာက္ပိုင္းခရိုင္တို႔ အတြင္းမွာရွိတဲ့ ကပ္ေရာဂါ ေတြ႕ရွိခဲ့သူေတြေနထိုင္ရာေနရာေတြကို

အသြားအလာကန႔္သတ္တားျမစ္ျခင္း L 0 c k d o w m လုပ္ထားၿပီးၿပီလို႔လည္း ထုတ္ျပန္ခ်က္မွာ ပါပါတယ္။

ခရက္ဒစ္ 7day