မေတ္တာဖြင့်လမ်းခွဲနိူင်အောင် ကြိုးစားကြည့်ပါ

0
192

လမ်းခွဲတယ်ဆိုတာနှစ်မျိုးရှိပါတယ်။ ကောင်းသောလမ်းခွဲခြင်းနဲ့ မကောင်းသောလမ်းခွဲခြင်းတို့ပင် ဖြစ်ပါသည်။ ကောင်းသောလမ်းခွဲခြင်းနဲ့(မေတ္တာ) လမ်းခွဲရင်ဝမ်းနည်းစရာမလိုပါဘူး။

မကောင်းသောလမ်းခွဲခြင်းနဲ့ (တဏှာ)လမ်းခွဲရင်တော့ ဝမ်းနည်းရပါလိမ့်မယ်။ တဏှာဆိုတာ တစ်ဖက်အာရုံပေါ်မှာ ငြိကပ်နေတဲ့သဘောရှိပါတယ်။

တစ်ဖက်အာရုံကို အာရုံပြုပြီးတော့ မိမိရဲ့ကိုယ်စိတ်နှစ်ပါး ချမ်းသာမှုကို ရယူလိုတဲ့ သဘောရှိတယ်။

ဒီတော့ လူတစ်ယောက်နဲ့တစ်ယောက် ခေတ္တခဏဆုံတွေ့ပြီးလို့ လမ်းခွဲရတဲ့အခါ ကိုယ်ခွဲရလိုက်တဲ့ ပုဂ္ဂိုလ်အပေါ်မှာတဏှာငြိ ကပ်တွယ်တာနေမယ် သံယောဇဉ်နဲ့နှောင်ဖွဲ့ ရစ်ပတ်စွဲလမ်းနေမယ်ဆိုရင်

မိမိရဲ့စိတ်အစဉ်မှာ မိမိနဲ့လမ်းခွဲလိုက်ရတဲ့ပုဂ္ဂိုလ်ကိုပဲ အမြဲတမ်းတမြင်ယောင်နေတဲ့အတွက် မိမိရဲ့စိတ်အစဉ်ကို မိမိကိုခွဲထွက်သွားတဲ့ပုဂ္ဂိုလ်ကပဲအနိုင်ယူ လွမ်းမိုးထားတဲ့အတွက် မိမိမှာဝမ်းနည်းရပါတယ်

မေတ္တာနဲ့လမ်းခွဲပြီဆိုရင်တော့ တစ်ဖက်ပုဂ္ဂိုလ်ကမိမိရဲ့ စိတ်အစဉ်မှာ မလွမ်းမိုးတော့ပါဘူး။ မေတ္တာရဲ့သဘောက တစ်ဖက်အာရုံပေါ်မှာငြိကပ်, တွယ်တာ, နှောင်ဖွဲ့နေတဲ့သဘောမရှိပါဘူး။

တစ်ဖက်သားကို ကောင်းစားစေချင်တယ်။ ချမ်းသာစေချင်တယ်။ အစစစအရာရာအဆင်ပြေစေချင်တယ်။ တစ်ဖက်သားကောင်းကျိုးရတယ်ဆိုရင် ကျေနပ်နေတဲ့သဘောရှိပါတယ်။

လူချင်းထိပ်တိုက်တွေ့အခါမှာလည်းပဲ တစ်ဖက်သားကောင်းကျိုးဖြစ်စေမည့်စကား, စိတ်, အကြံကိုပဲ ပြောဆိုတွေးတက်ပါတယ်။

အကြောင်းအားလျော်စွာ လမ်းခွဲလိုက်ရတဲ့အခါမှာလည်း တစ်ဖက်အာရုံမှာငြိကပ်ပြီးတော့ ဝမ်းနည်းနေတယ်ပူဆွေးနေတယ် သတိရတမ်းတနေတယ် လွမ်းဆွတ်နေတယ်ဆိုတာမရှိပါဘူး။

ဒီတော့အသက်ရှင်စဉ်မှာ တစ်ယောက်နဲ့ တစ်ယောက်လမ်းခွဲကြတဲ့အခါ တဏှာနဲ့လမ်းခွဲပြီဆိုရင် တစ်ဖက်အာရုံအပေါ်မှာ ငြိကပ်စွဲလမ်းပြီးတော့နေတဲ့အတွက် တစ်ဖက်အာရုံက မိမိရဲ့စိတ်အစဉ်ကိုကြိုးနဲ့တုပ်သလို ချုပ်ကိုင်နှောင်တွယ်ပြီးထားတဲ့အတွက်ကြောင့် မိမိမှာဝမ်းနည်းရပါတယ်။

တဏှာနဲ့လမ်းခွဲရင် ဝမ်းနည်းရတာပါပဲ။ သူဘယ်လိုနေမလဲ သူဘယ်လိုများဖြစ်နေမလဲ သူငါ့ကိုမှသတိရပါ့မလား၊ ငါကတော့သူကိုသတိရလိုက်ရတာ၊ ငါသတိရသလောက်မှသူသတိရပါ့မလား။

အဲ့ဒီလိုတဏှာနဲ့ လမ်းခွဲသူရဲ့သန္တာန်မှာ ဝမ်းနည်းစိတ်တွေဖြစ်နေရပါတယ် မေတ္တာနဲ့လမ်းခွဲသူကတော့ တစ်ဖက်အာရုံမှာငြိကပ်စွဲလမ်းနေတာမျိုး မရှိတဲ့အတွက် လမ်းခွဲရပေမယ့် ဝမ်းမနည်းပါဘူး။

မေတ္တာရဲ့သဘောက တစ်ယောက်နဲ့တစ်ယောက်ဆုံတွေ့ရဖို့အဓိကမဟုတ်ဘူး တစ်ဖက်သားမှာ ကောင်းကျိုးတွေဖြစ်နေစေချင်တဲ့ စိတ်ကလေးရှိနေဖို့အဓိကပါပဲ။

တစ်ယောက်နဲ့ တစ်ယောက်မဆုံတွေ့ရရင်နေပါစေ။ တစ်ဖက်သားမှာကောင်းကျိုးချမ်းသာတွေဖြစ်နေမယ်ဆိုရင် ကျေနပ်နေတာပါပဲ။ ကိုယ်မေတ္တာထားရသူနဲ့ မဆုံတွေ့ရလည်းဝမ်းနည်းခြင်း, ပူဆွေးခြင်း, တမ်းတခြင်းလွမ်းဆွတ်ခြင်း မရှိပါဘူး။

ဝမ်းမနည်းလို့မေတ္တာမရရှိဘူးမထင်ပါနဲ့။ မေတ္တာရှိတာနဲ့ ဝမ်းနည်းတာနဲ့မဆိုင်ပါဘူး။ မေတ္တာရှိတာကအဒေါသ,ဝမ်းနည်းတာက ဒေါသ,တစ်ခုနဲ့တစ်ခုဆန့်ကျင်နေတာပါ။

မေတ္တာကြောင့်ဝမ်းနည်းရတယ်ဆိုတာ ဘယ်တော့မှမရှိပါဘူး။ တဏှာကြောင့်သာ ဝမ်းနည်းကြရတာပါ။

“ရှေ့ရေစက်ကြီးလွန်းလို့ တွေ့ခွင့်ဆုံခွင့် ချစ်ခင်ခွင့်ရခဲ့ကြတာမဟုတ်လား။

ဘာလို့များ တစ်ယောက်ပေါ်တစ်ယောက် ခွင့်မလွတ်နိူင်လောက်အောင် စိတ်ဆိုးငြိုးတေးနေရတာလဲ။

နာကျည်းမှုကုဋေကုဋာနဲ့ ဝမ်းနည်းစွာလမ်းခွဲခဲ့ကြမှတော့ သံသရာတစ်ကွေ့ပြန်လာတွေ့တဲ့အခါ ဘယ်လိုအပြုံး, ဘယ်လိုမျက်လုံးတွေနဲ့ နှုတ်ဆက်ဖက်ပွေ့ကြမလဲကွယ်”

တစ်ယောက်နဲ့တစ်ယောက် မေတ္တာဖြင့်သာလမ်းခွဲနိူင်ပါစေလို့ ရေးသားတင်ပြရင်း

ရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)၏

“လမ်းခွဲတာဝမ်းနည်းစရာလား””

ေမတၱာျဖင့္လမ္းခြဲနိူင္ေအာင္ ႀကိဳးစားၾကည့္ပါ

လမ္းခြဲတယ္ဆိုတာႏွစ္မ်ိဳးရွိပါတယ္။ ေကာင္းေသာလမ္းခြဲျခင္းနဲ႔ မေကာင္းေသာလမ္းခြဲျခင္းတို႔ပင္ ျဖစ္ပါသည္။ ေကာင္းေသာလမ္းခြဲျခင္းနဲ႔(ေမတၱာ) လမ္းခြဲရင္ဝမ္းနည္းစရာမလိုပါဘူး။

မေကာင္းေသာလမ္းခြဲျခင္းနဲ႔ (တဏွာ)လမ္းခြဲရင္ေတာ့ ဝမ္းနည္းရပါလိမ့္မယ္။ တဏွာဆိုတာ တစ္ဖက္အာ႐ုံေပၚမွာ ၿငိကပ္ေနတဲ့သေဘာရွိပါတယ္။

တစ္ဖက္အာ႐ုံကို အာ႐ုံျပဳၿပီးေတာ့ မိမိရဲ့ကိုယ္စိတ္ႏွစ္ပါး ခ်မ္းသာမႈကို ရယူလိုတဲ့ သေဘာရွိတယ္။

ဒီေတာ့ လူတစ္ေယာက္နဲ႔တစ္ေယာက္ ေခတၱခဏဆုံေတြ႕ၿပီးလို႔ လမ္းခြဲရတဲ့အခါ ကိုယ္ခြဲရလိုက္တဲ့ ပုဂၢိဳလ္အေပၚမွာတဏွာၿငိ ကပ္တြယ္တာေနမယ္ သံေယာဇဥ္နဲ႔ေႏွာင္ဖြဲ႕ ရစ္ပတ္စြဲလမ္းေနမယ္ဆိုရင္

မိမိရဲ့စိတ္အစဥ္မွာ မိမိနဲ႔လမ္းခြဲလိုက္ရတဲ့ပုဂၢိဳလ္ကိုပဲ အျမဲတမ္းတျမင္ေယာင္ေနတဲ့အတြက္ မိမိရဲ့စိတ္အစဥ္ကို မိမိကိုခြဲထြက္သြားတဲ့ပုဂၢိဳလ္ကပဲအနိုင္ယူ လြမ္းမိုးထားတဲ့အတြက္ မိမိမွာဝမ္းနည္းရပါတယ္

ေမတၱာနဲ႔လမ္းခြဲၿပီဆိုရင္ေတာ့ တစ္ဖက္ပုဂၢိဳလ္ကမိမိရဲ့ စိတ္အစဥ္မွာ မလြမ္းမိုးေတာ့ပါဘူး။ ေမတၱာရဲ့သေဘာက တစ္ဖက္အာ႐ုံေပၚမွာၿငိကပ္, တြယ္တာ, ေႏွာင္ဖြဲ႕ေနတဲ့သေဘာမရွိပါဘူး။

တစ္ဖက္သားကို ေကာင္းစားေစခ်င္တယ္။ ခ်မ္းသာေစခ်င္တယ္။ အစစစအရာရာအဆင္ေျပေစခ်င္တယ္။ တစ္ဖက္သားေကာင္းက်ိဳးရတယ္ဆိုရင္ ေက်နပ္ေနတဲ့သေဘာရွိပါတယ္။

လူခ်င္းထိပ္တိုက္ေတြ႕အခါမွာလည္းပဲ တစ္ဖက္သားေကာင္းက်ိဳးျဖစ္ေစမည့္စကား, စိတ္, အႀကံကိုပဲ ေျပာဆိုေတြးတက္ပါတယ္။

အေၾကာင္းအားေလ်ာ္စြာ လမ္းခြဲလိုက္ရတဲ့အခါမွာလည္း တစ္ဖက္အာ႐ုံမွာၿငိကပ္ၿပီးေတာ့ ဝမ္းနည္းေနတယ္ပူေဆြးေနတယ္ သတိရတမ္းတေနတယ္ လြမ္းဆြတ္ေနတယ္ဆိုတာမရွိပါဘူး။

ဒီေတာ့အသက္ရွင္စဥ္မွာ တစ္ေယာက္နဲ႔ တစ္ေယာက္လမ္းခြဲၾကတဲ့အခါ တဏွာနဲ႔လမ္းခြဲၿပီဆိုရင္ တစ္ဖက္အာ႐ုံအေပၚမွာ ၿငိကပ္စြဲလမ္းၿပီးေတာ့ေနတဲ့အတြက္ တစ္ဖက္အာ႐ုံက မိမိရဲ့စိတ္အစဥ္ကိုႀကိဳးနဲ႔တုပ္သလို ခ်ဳပ္ကိုင္ေႏွာင္တြယ္ၿပီးထားတဲ့အတြက္ေၾကာင့္ မိမိမွာဝမ္းနည္းရပါတယ္။

တဏွာနဲ႔လမ္းခြဲရင္ ဝမ္းနည္းရတာပါပဲ။ သူဘယ္လိုေနမလဲ သူဘယ္လိုမ်ားျဖစ္ေနမလဲ သူငါ့ကိုမွသတိရပါ့မလား၊ ငါကေတာ့သူကိုသတိရလိုက္ရတာ၊ ငါသတိရသေလာက္မွသူသတိရပါ့မလား။

အဲ့ဒီလိုတဏွာနဲ႔ လမ္းခြဲသူရဲ့သႏၲာန္မွာ ဝမ္းနည္းစိတ္ေတြျဖစ္ေနရပါတယ္ ေမတၱာနဲ႔လမ္းခြဲသူကေတာ့ တစ္ဖက္အာ႐ုံမွာၿငိကပ္စြဲလမ္းေနတာမ်ိဳး မရွိတဲ့အတြက္ လမ္းခြဲရေပမယ့္ ဝမ္းမနည္းပါဘူး။

ေမတၱာရဲ့သေဘာက တစ္ေယာက္နဲ႔တစ္ေယာက္ဆုံေတြ႕ရဖို႔အဓိကမဟုတ္ဘူး တစ္ဖက္သားမွာ ေကာင္းက်ိဳးေတြျဖစ္ေနေစခ်င္တဲ့ စိတ္ကေလးရွိေနဖို႔အဓိကပါပဲ။

တစ္ေယာက္နဲ႔ တစ္ေယာက္မဆုံေတြ႕ရရင္ေနပါေစ။ တစ္ဖက္သားမွာေကာင္းက်ိဳးခ်မ္းသာေတြျဖစ္ေနမယ္ဆိုရင္ ေက်နပ္ေနတာပါပဲ။ ကိုယ္ေမတၱာထားရသူနဲ႔ မဆုံေတြ႕ရလည္းဝမ္းနည္းျခင္း, ပူေဆြးျခင္း, တမ္းတျခင္းလြမ္းဆြတ္ျခင္း မရွိပါဘူး။

ဝမ္းမနည္းလို႔ေမတၱာမရရွိဘူးမထင္ပါနဲ႔။ ေမတၱာရွိတာနဲ႔ ဝမ္းနည္းတာနဲ႔မဆိုင္ပါဘူး။ ေမတၱာရွိတာကအေဒါသ,ဝမ္းနည္းတာက ေဒါသ,တစ္ခုနဲ႔တစ္ခုဆန႔္က်င္ေနတာပါ။

ေမတၱာေၾကာင့္ဝမ္းနည္းရတယ္ဆိုတာ ဘယ္ေတာ့မွမရွိပါဘူး။ တဏွာေၾကာင့္သာ ဝမ္းနည္းၾကရတာပါ။

“ေရွ႕ေရစက္ႀကီးလြန္းလို႔ ေတြ႕ခြင့္ဆုံခြင့္ ခ်စ္ခင္ခြင့္ရခဲ့ၾကတာမဟုတ္လား။

ဘာလို႔မ်ား တစ္ေယာက္ေပၚတစ္ေယာက္ ခြင့္မလြတ္နိူင္ေလာက္ေအာင္ စိတ္ဆိုးၿငိဳးေတးေနရတာလဲ။

နာက်ည္းမႈကုေဋကုဋာနဲ႔ ဝမ္းနည္းစြာလမ္းခြဲခဲ့ၾကမွေတာ့ သံသရာတစ္ေကြ႕ျပန္လာေတြ႕တဲ့အခါ ဘယ္လိုအျပဳံး, ဘယ္လိုမ်က္လုံးေတြနဲ႔ ႏႈတ္ဆက္ဖက္ေပြ႕ၾကမလဲကြယ္”

တစ္ေယာက္နဲ႔တစ္ေယာက္ ေမတၱာျဖင့္သာလမ္းခြဲနိူင္ပါေစလို႔ ေရးသားတင္ျပရင္း

ရွင္ဆႏၵာဓိက(ေရႊပါရမီေတာရ)၏

“လမ္းခြဲတာဝမ္းနည္းစရာလား””