မင်းတုန်းမင်းကြီး၏ နန်းတွင်းဓလေ့များ

0
133

မင်းတုန်းမင်းသည်နေ့စဉ် အစည်းအဝေးကို နှစ်ကြိမ်ပြု လုပ်တော်မူလေရှိသည်။ ထိုအစည်းအဝေးသည် လွှတ်တော် အစည်းအဝေး မျို းမဟုတ်ဘဲ ဘုရင်နှင့် သီးသန့် အစည်းအဝေးမျိူ းဖြစ်လေ၏။ နန်းတော်အတွင်းရှိ လက်ဖက်ရည်ဆောင် နှင့် ဗောင်းတော်ဆောင် တွင်ပြုလုပ်လေ့ရှိသည်။

မနက်ညီလာခံ သည် အရေးကြီးပြီး ဝန်ရှင်တော်မင်း နှင့် ရာထူးကြီးသော အမတ်မင်းကြီး များ တက်ရောက်ကာ တိုင်းရေးပြည်ရေး နှင့် ငွေရေးကြေးရေး များကို လျှောက်တင် ဆွေးနွေးလေ့ရှိသည်။ ညနေ ညီလာခံ တွင်မူ မင်းတုန်းမင်း၏ ကိုယ်ရေးကိုယ်တာ ကိစ္စ နှင့် နန်းတွင်း သားရေး သမီးရေး ဘုရင့်ဆွေမျိူ းရေး ပြဿ နာ များကို ဆွေးနွေး သဖြင့် တိုင်းပြည်အရေး မဟုတ်ပေ။

မင်းတုန်းမင်းသည် တနေ့ လေးကြိမ်ပွဲတော်တည်၏။ ပွဲတော်တည်ချိန်တွင် မိဖုရား နှင့် မင်းသမီးများက စောင့်နေကြရသည်။ ဓလေ့အဖြစ် မနက်ညီလာခံ မစမီ ပွဲတော်ခေါ်ချိန်တွင် ဘုရင့်၏ အမြတ်နိုးဆုံး မိဖုရား တဦး ကသာ ဘုရင်ကို စားစရာ တိုက်ရိုက် ဆက်သခွင့်ရှိလေ၏။ တခြား မိဖုရားများကမူ ယပ်ခတ်၊ လက်ဆေးရေး လောင်းပေးသည်များကိုသာ ပြုလုပ်ရလေသည်။

ဘုရင့်၏ ပွဲတော်စားစရာ အားလုံးကို ဘုရင်ရှေ့တွင် အပျိူ တော် များမှ စားပြရလေ၏။ စားပြပြီးမှသာလျှင် မင်းတုန်းမင်း ထံ ဆက်သလေ၏။ ညနေပိုင်းတွင် စာပေကျွမ်းကျင်သူ အပျိူ တော်များက စာတော်များကို ဖတ်ပြရလေ၏။ ဘုရင်မှ ရပ်နားစေ လို့ အမိန့်ပေးမှ ရပ်နားရလေသည်။

ထိုအချိန် ဘုရင်စက်တော်ခေါ်လျှင်လည်း ဆက်တိုက် အပျိူ တော် အလှဲအလှယ် လုပ်ကြ မရပ်မနားရွတ်ဖတ်ရလေ၏။ ထိုအချိန်မျိူ းတွင် မိဖုရားခေါင်ကြီး မှ အဆောင်တော်သို့ ကြွလာတတ်ပြီး အပျိူ တော်ကို ရပ်စေ လို့ အမိန့်လာပေးတတ်လေ၏။

မင်းတုန်းမင်းသည် နန်းရစတွင် မိဖုရား တပါးစီ တလတကြိမ် အဆောင်တော်လှည့်လေ့ရှိ၏။ မြင်ကွန်းအရေးတော် နောက်ပိုင်းတွင် အဆောင်တော် မကူးတော့ပေ။ ထိုအဆောင်လှည့်လျှင် အပျိူ တော်စိုး အစရှိသည့် အမူထမ်းများမှ ဘုရင့်၏ အသွားအလာကို တိတိကျကျ မှတ်သားရလေ၏။

ဘုရင် ဝတ်တော်လှဲသည့်အခါ တွင် မိဖုရားများကသာ ပြု စုရလေသည်။ ထိုအလုပ်များကို စာရင်းများဖြင့် အလှည့်ကျလုပ်ပြီး မိဖုရားခေါင်ကြီး၏ အမူထမ်းများက စီစဉ်ကြပြီး မိဖုရားခေါင်ကြီးမှ တဆင့် မိဖုရားငယ်များကို စေခိုင်းရ၏။ စာရင်း အလှည့်ကျသော မိဖုရားများသည် မိမိတို့၏ အပျိူ တော်များနှင့် ဘုရင်ကို ပြုစုရလေသည်။

ဘုရင်ရှေ့တွင် မိဖုရားကြီး လေးပါးက လွဲလို့ ဘယ်သူမှ ဖိနပ်စီးခွင့်မရှိပေ။ အိမ်ရှေ့မင်းသား တောင်မှ စီးခွင့် မရှိပေ။ ထီးတော်သည်လည်း မိဖုရားကြီး လေးပါးသာလျှင် ဘုရင်အနားတွင် ထီးဆောင်းလိုက်ပါခွင့်ရလေ၏။ ဘုရင်နှင့် ထိတွေ့ စကားပြောလျှင် ဖြစ်ဖြစ်၊ ပစ္စည်းပေးလျှင် ဖြစ်ဖြစ် ရှိခိုးပြီးမှ ပေးရလေသည်။

ဘုရင်နှင့် စကားပြောလျှင် မျက်လုံးချင်း မကြည့်ရပေ။ ခေါင်းအောက်စိုက်ကာ စကားပြောဆိုရ၏။ ဘုရင်နှင့် စကားပြောသည့်အခါ မရှိခိုးဘဲ လက်ပိုက်ကာ ဝါကျဆုံးထိ နေနိုင်သူမှာ မိဖုရားခေါင်ကြီး တပါးသာ ရှိလေ၏။မင်းတုန်းမင်းလက်ထက် တွင် အသက်ကယ်ခွင့်ရသူမှာ စကြာဒေဝီ ဖြစ်သည်။ စကြာဒေဝီသည် မင်းတုန်းမင်း၏ မိဖုရားခေါင်ကြီး ဖြစ်ပြီး ထို အသက်ကယ်ခွင့်ကို သာယာဝတီမင်း လက်ထက်မှ ရခြင်းဖြစ်၏။

ဘုရင်မှ စိတ်လက်မာန်ပါ သတ်စေ ဟု ပေးသော အမိန့်များကို ယာယီ ထောင်သွင်းချထားစေ ဟု ပြန်လည် အမိန့် ပေးနိုင်ပြီး အမူကို သေချာ ပြန်လည်သုံးသပ်ရန် အချိန်ဆွဲထားနိုင်လေ၏။ စကြာဒေဝီသည် အသက်များစွာ ကို ကယ်တင်နိုင်ခဲ့လေ၏။ သာယာဝတီမင်းမှ နောင်တော်စစ်ကိုင်းမင်းကို အောင်နိုင်သည့်အခါ စစ်ကိုင်းမင်းကို သတ်ရန် အမိန့်ထုတ်ခဲ့၏။

သို့သော် စကြာဒေဝီမှ ခမည်းတော်အား အဖနှင့်တူသော နောင်တော်ကို သတ်မိပါက ကံကြီးထိုက်ကာ အဇာတသတ်မင်းကဲ့သို့ ငရဲတွင် ခံရမည်ဟု ရဲဝင့်စွာ လျှောက်ဖူးသဖြင့် သာယာဝတီမင်းမှ သမီးတော်စကားကို နားထောင်ခဲ့လေ၏။ သို့သော်လည်း စကြာဒေဝီ မကယ်တင်နိုင်သော အသက်များစွာ လည်း ရှိခဲ့ပါသည်။ စကြာမင်းသားလေး၊ ပြည်မင်း၊မြတောင်မီးသမီး နှင့် မိဖုရား မမြကလေး တို့ကိုမူ မကယ်တင်နိုင်ခဲ့ပေ။

မင်းတုန်းမင်းသည် အလှူ ရေစက် လက်နှင့်မကွာ သော မင်းဖြစ်သဖြင့် အလှူ ဒါန အရေးတို့တွင် နေ့တိုင်းလိုလို ပြုလုပ်လေ့ရှိ၏။ နန်းတွင်းအရေးတွင်လည်း ထိုအလှူ အဒါန်းအရေးဖြင့်သာ အလုပ်များကြလေ၏။ မင်းတုန်းမင်းသည် သင်္ဂါယနာတင်ပွဲကို ၁၈၇၁၊ ၄ လပိုင်း၊ ၁၅ ရက်နေ့တွင် စတင်ကျင်းပခဲ့ပြီး ထိုနှစ် ၉ လပိုင်း ၁၂ ရက်နေ့ တွင် အောင်မြင်ပြီးမြှောက်ခဲ့လေသည်။

မြေနန်းတော်တွင် အခမ်းအနားကြီးကျယ်စွာဖြင့် ကျင်းပပြီး ရဟန်းတော် ၂၄၀၀ ကို သုဓမ္မာဆရာတော် ၈ ပါးမှ အုပ်ချူ ပ်ပြီး ၅ လကြာမျှ ပိဋ္ဋကတ် ၃ ပုံကို ရွတ်ဖတ် ပြု ပြင်ကြလေသည်။ ထို ရဟန်းတော် ၂၄၀၀ သည် ကုန်းဘောင်အင်ပါယာ အနယ်နယ် အရပ်ရပ်ရှိ သော ရဟန်းတော် များအနက် ပိဋ္ဋကတ် ၃ ပုံကို နူတ်ငုံရွတ်ဆိုနိုင်သူ၂၄၀၀ ပါးကိုသာ ရွေးချယ်ခြင်းဖြစ်လေ၏။ ကျောက်ထက်အက္ခရာတင်ရာတွင် မင်းတုန်းမင်းမှ အမှားတလုံး တွေ့သူကို ဒေါင်းဒင်္ဂါး တပြား ဆုချလေ၏။

မင်းတုန်းမင်းသည် နှစ်စဉ် ဆွမ်းလောင်းပွဲကြီး ကို မြေနန်းတော်တွင် ကျင်းပ၏။ ဘုရင်နှင့် မိဖုရားခေါင်၊ မိဖုရားငယ်များ၊ မင်းသား၊မင်းသမီး အားလုံး တက်ရောက် အလှူ ဒါနပြုလုပ်ရလေသည်။ ထိုပြင် ယိုးဒယားဆိုင်း၊ တီးမျိူ း၊မူတ်မျိူ းများစွာဖြင့် သာယာဖွယ်ကောင်းသော အသံများဖြင့် တီးခတ်ပူဇော်ကြလေ၏။

ရတနာပုံနေပြည်တော်ရှိ ပဌာန်းဇရပ်တွင် ပထမကျော် စာပြန်ပွဲများလည်း ပြုလုပ်၏။ ပထမပြန် ဆိုနိုင်သော သာမဏေ ငယ်များ ၏ ဆွေမျိူ း ၇ ဆက်တို့သည် ဘုရင့်အခွန်တော် များမှ အားလုံး လွတ်ငြိမ်းလေ၏။ ပထမကျော် ကိုလည်း ဆုတော်ငွေ ၅၀၀၀ လှူ ဒါန်း၏။

မင်းတုန်းမင်းလက်ထက်တွင် နေပြည်တော်၏ လေးမျက်နှာတွင် ခရီးသွားများ နားရန် အုတ်ဇရပ်ကြီး ၈ ခု ဆောက်လုပ်ထားလေ၏။ ထိုဇရပ်တွင် လာလာသမျှ ခရီးသွားများ သုံးဆောင်နိုင်ရန် လက်ဖက်၊ ဆေးလိပ်၊ ကွမ်း၊ ယပ်တောင်၊ နံ့သာဖြူ ၊ သွားပွတ်တံ အစရှိသည့် (ယခုခေတ် ဟိုတယ်အသုံးအဆောင်ကဲ့သို့) ထိုခေတ်က အခြေခံကျသော အသုံးအဆောင်များကို ထားပေးလေ၏။

ထိုပြင် သူနာတိုက် ၅ လုံး၊ သူအိုတိုက် ၅ လုံး ဖြင့် မင်းတုန်းမင်းကိုယ်တိုင် ဆောက်လုပ်လှူ ဒါန်းထားပေးလေ၏။ ထို တိုက်များကို အခွန်မကောက်သည့်အပြင် ကုန်ကျစရိတ်အားလုံးကို ဘုရင်မှ စိုက်ထုတ်ပေး၏။ မင်းတုန်းမင်းသည် တိုင်းပြည်တိုးတက်ရေး၊ သာသာသာသနာ နှင့် ယဉ်ကျေးမူ တည်တံ့ရေးကို သူတတ်နိုင်သည့်ဘက်မှ ပြုလုပ်ခဲ့သော ဘုရင် တပါး ဆိုသည်မှာ မမှားပေ။

ထိုပြင် မင်းတုန်းမင်းသည် ပန်းချီဆရာများကို နန်းတော်တွင် လစားပေးကာ နန်းတွင်းပန်းချီဆရာ အဖြစ် ခန့်အပ်ထားခဲ့တော်မူလေ၏။ ထိုပန်းချီဆရာများ၏ တာဝန်သည် မင်းတုန်းမင်း၏ ကုသိုလ်တော်များ နှင့် တိုင်းရေးပြည်ရေး ကိစ္စအ၀၀ကို ပန်းချီဆွဲ မှတ်တမ်းတင်ရန် ဖြစ်လေသည်။ အောက်ပါ ပန်းချီကားသည် British Library မှ ယူထားသည့် ပုံများဖြစ်ပြီး မင်းတုန်းမင်း၏ မိဖုရားခေါင်ကြီးမှပြုလုပ်သော အလှူ တော် ၇ ခု ဖြစ်ကြောင်း မှတ်တမ်းများက ဆိုထားပါသည်။

မင်းတုန်းမင်း ၏ တသက်သာ အလှူ ကို မှတ်တမ်းတင်ထားရာ ၂၂ ကုဋ္ဋေ နှင့် ၆ သန်း ဖြစ်လေ၏။ (ယခုခေတ် ဒေါ်လာ ၁ ဘီလံယံ နီးပါး ရှိနိုင်ပါသည်။)

Source -Wikipedia

မင္းတုန္းမင္းသည္ေန႔စဥ္ အစည္းအေဝးကို ႏွစ္ႀကိမ္ျပဳ လုပ္ေတာ္မူေလရွိသည္။ ထိုအစည္းအေဝးသည္ လႊတ္ေတာ္ အစည္းအေဝး မ်ိဳ းမဟုတ္ဘဲ ဘုရင္ႏွင့္ သီးသန႔္ အစည္းအေဝးမ်ိဴ းျဖစ္ေလ၏။ နန္းေတာ္အတြင္းရွိ လက္ဖက္ရည္ေဆာင္ ႏွင့္ ေဗာင္းေတာ္ေဆာင္ တြင္ျပဳလုပ္ေလ့ရွိသည္။

မနက္ညီလာခံ သည္ အေရးႀကီးၿပီး ဝန္ရွင္ေတာ္မင္း ႏွင့္ ရာထူးႀကီးေသာ အမတ္မင္းႀကီး မ်ား တက္ေရာက္ကာ တိုင္းေရးျပည္ေရး ႏွင့္ ေငြေရးေၾကးေရး မ်ားကို ေလွ်ာက္တင္ ေဆြးေႏြးေလ့ရွိသည္။ ညေန ညီလာခံ တြင္မူ မင္းတုန္းမင္း၏ ကိုယ္ေရးကိုယ္တာ ကိစၥ ႏွင့္ နန္းတြင္း သားေရး သမီးေရး ဘုရင့္ေဆြမ်ိဴ းေရး ျပႆ နာ မ်ားကို ေဆြးေႏြး သျဖင့္ တိုင္းျပည္အေရး မဟုတ္ေပ။

မင္းတုန္းမင္းသည္ တေန႔ ေလးႀကိမ္ပြဲေတာ္တည္၏။ ပြဲေတာ္တည္ခ်ိန္တြင္ မိဖုရား ႏွင့္ မင္းသမီးမ်ားက ေစာင့္ေနၾကရသည္။ ဓေလ့အျဖစ္ မနက္ညီလာခံ မစမီ ပြဲေတာ္ေခၚခ်ိန္တြင္ ဘုရင့္၏ အျမတ္ႏိုးဆုံး မိဖုရား တဦး ကသာ ဘုရင္ကို စားစရာ တိုက္႐ိုက္ ဆက္သခြင့္ရွိေလ၏။ တျခား မိဖုရားမ်ားကမူ ယပ္ခတ္၊ လက္ေဆးေရး ေလာင္းေပးသည္မ်ားကိုသာ ျပဳလုပ္ရေလသည္။

ဘုရင့္၏ ပြဲေတာ္စားစရာ အားလုံးကို ဘုရင္ေရွ႕တြင္ အပ်ိဴ ေတာ္ မ်ားမွ စားျပရေလ၏။ စားျပၿပီးမွသာလွ်င္ မင္းတုန္းမင္း ထံ ဆက္သေလ၏။ ညေနပိုင္းတြင္ စာေပကြၽမ္းက်င္သူ အပ်ိဴ ေတာ္မ်ားက စာေတာ္မ်ားကို ဖတ္ျပရေလ၏။ ဘုရင္မွ ရပ္နားေစ လို႔ အမိန႔္ေပးမွ ရပ္နားရေလသည္။

ထိုအခ်ိန္ ဘုရင္စက္ေတာ္ေခၚလွ်င္လည္း ဆက္တိုက္ အပ်ိဴ ေတာ္ အလွဲအလွယ္ လုပ္ၾက မရပ္မနား႐ြတ္ဖတ္ရေလ၏။ ထိုအခ်ိန္မ်ိဴ းတြင္ မိဖုရားေခါင္ႀကီး မွ အေဆာင္ေတာ္သို႔ ႂကြလာတတ္ၿပီး အပ်ိဴ ေတာ္ကို ရပ္ေစ လို႔ အမိန႔္လာေပးတတ္ေလ၏။

မင္းတုန္းမင္းသည္ နန္းရစတြင္ မိဖုရား တပါးစီ တလတႀကိမ္ အေဆာင္ေတာ္လွည့္ေလ့ရွိ၏။ ျမင္ကြန္းအေရးေတာ္ ေနာက္ပိုင္းတြင္ အေဆာင္ေတာ္ မကူးေတာ့ေပ။ ထိုအေဆာင္လွည့္လွ်င္ အပ်ိဴ ေတာ္စိုး အစရွိသည့္ အမူထမ္းမ်ားမွ ဘုရင့္၏ အသြားအလာကို တိတိက်က် မွတ္သားရေလ၏။

ဘုရင္ ဝတ္ေတာ္လွဲသည့္အခါ တြင္ မိဖုရားမ်ားကသာ ျပဳ စုရေလသည္။ ထိုအလုပ္မ်ားကို စာရင္းမ်ားျဖင့္ အလွည့္က်လုပ္ၿပီး မိဖုရားေခါင္ႀကီး၏ အမူထမ္းမ်ားက စီစဥ္ၾကၿပီး မိဖုရားေခါင္ႀကီးမွ တဆင့္ မိဖုရားငယ္မ်ားကို ေစခိုင္းရ၏။ စာရင္း အလွည့္က်ေသာ မိဖုရားမ်ားသည္ မိမိတို႔၏ အပ်ိဴ ေတာ္မ်ားႏွင့္ ဘုရင္ကို ျပဳစုရေလသည္။

ဘုရင္ေရွ႕တြင္ မိဖုရားႀကီး ေလးပါးက လြဲလို႔ ဘယ္သူမွ ဖိနပ္စီးခြင့္မရွိေပ။ အိမ္ေရွ႕မင္းသား ေတာင္မွ စီးခြင့္ မရွိေပ။ ထီးေတာ္သည္လည္း မိဖုရားႀကီး ေလးပါးသာလွ်င္ ဘုရင္အနားတြင္ ထီးေဆာင္းလိုက္ပါခြင့္ရေလ၏။ ဘုရင္ႏွင့္ ထိေတြ႕ စကားေျပာလွ်င္ ျဖစ္ျဖစ္၊ ပစၥည္းေပးလွ်င္ ျဖစ္ျဖစ္ ရွိခိုးၿပီးမွ ေပးရေလသည္။

ဘုရင္ႏွင့္ စကားေျပာလွ်င္ မ်က္လုံးခ်င္း မၾကည့္ရေပ။ ေခါင္းေအာက္စိုက္ကာ စကားေျပာဆိုရ၏။ ဘုရင္ႏွင့္ စကားေျပာသည့္အခါ မရွိခိုးဘဲ လက္ပိုက္ကာ ဝါက်ဆုံးထိ ေနႏိုင္သူမွာ မိဖုရားေခါင္ႀကီး တပါးသာ ရွိေလ၏။မင္းတုန္းမင္းလက္ထက္ တြင္ အသက္ကယ္ခြင့္ရသူမွာ စၾကာေဒဝီ ျဖစ္သည္။ စၾကာေဒဝီသည္ မင္းတုန္းမင္း၏ မိဖုရားေခါင္ႀကီး ျဖစ္ၿပီး ထို အသက္ကယ္ခြင့္ကို သာယာဝတီမင္း လက္ထက္မွ ရျခင္းျဖစ္၏။

ဘုရင္မွ စိတ္လက္မာန္ပါ သတ္ေစ ဟု ေပးေသာ အမိန႔္မ်ားကို ယာယီ ေထာင္သြင္းခ်ထားေစ ဟု ျပန္လည္ အမိန႔္ ေပးႏိုင္ၿပီး အမူကို ေသခ်ာ ျပန္လည္သုံးသပ္ရန္ အခ်ိန္ဆြဲထားႏိုင္ေလ၏။ စၾကာေဒဝီသည္ အသက္မ်ားစြာ ကို ကယ္တင္ႏိုင္ခဲ့ေလ၏။ သာယာဝတီမင္းမွ ေနာင္ေတာ္စစ္ကိုင္းမင္းကို ေအာင္ႏိုင္သည့္အခါ စစ္ကိုင္းမင္းကို သတ္ရန္ အမိန႔္ထုတ္ခဲ့၏။

သို႔ေသာ္ စၾကာေဒဝီမွ ခမည္းေတာ္အား အဖႏွင့္တူေသာ ေနာင္ေတာ္ကို သတ္မိပါက ကံႀကီးထိုက္ကာ အဇာတသတ္မင္းကဲ့သို႔ ငရဲတြင္ ခံရမည္ဟု ရဲဝင့္စြာ ေလွ်ာက္ဖူးသျဖင့္ သာယာဝတီမင္းမွ သမီးေတာ္စကားကို နားေထာင္ခဲ့ေလ၏။ သို႔ေသာ္လည္း စၾကာေဒဝီ မကယ္တင္ႏိုင္ေသာ အသက္မ်ားစြာ လည္း ရွိခဲ့ပါသည္။ စၾကာမင္းသားေလး၊ ျပည္မင္း၊ျမေတာင္မီးသမီး ႏွင့္ မိဖုရား မျမကေလး တို႔ကိုမူ မကယ္တင္ႏိုင္ခဲ့ေပ။

မင္းတုန္းမင္းသည္ အလႉ ေရစက္ လက္ႏွင့္မကြာ ေသာ မင္းျဖစ္သျဖင့္ အလႉ ဒါန အေရးတို႔တြင္ ေန႔တိုင္းလိုလို ျပဳလုပ္ေလ့ရွိ၏။ နန္းတြင္းအေရးတြင္လည္း ထိုအလႉ အဒါန္းအေရးျဖင့္သာ အလုပ္မ်ားၾကေလ၏။ မင္းတုန္းမင္းသည္ သဂၤါယနာတင္ပြဲကို ၁၈၇၁၊ ၄ လပိုင္း၊ ၁၅ ရက္ေန႔တြင္ စတင္က်င္းပခဲ့ၿပီး ထိုႏွစ္ ၉ လပိုင္း ၁၂ ရက္ေန႔ တြင္ ေအာင္ျမင္ၿပီးေျမႇာက္ခဲ့ေလသည္။

ေျမနန္းေတာ္တြင္ အခမ္းအနားႀကီးက်ယ္စြာျဖင့္ က်င္းပၿပီး ရဟန္းေတာ္ ၂၄၀၀ ကို သုဓမၼာဆရာေတာ္ ၈ ပါးမွ အုပ္ခ်ဴ ပ္ၿပီး ၅ လၾကာမွ် ပိဋၬကတ္ ၃ ပုံကို ႐ြတ္ဖတ္ ျပဳ ျပင္ၾကေလသည္။ ထို ရဟန္းေတာ္ ၂၄၀၀ သည္ ကုန္းေဘာင္အင္ပါယာ အနယ္နယ္ အရပ္ရပ္ရွိ ေသာ ရဟန္းေတာ္ မ်ားအနက္ ပိဋၬကတ္ ၃ ပုံကို ႏူတ္ငုံ႐ြတ္ဆိုႏိုင္သူ၂၄၀၀ ပါးကိုသာ ေ႐ြးခ်ယ္ျခင္းျဖစ္ေလ၏။ ေက်ာက္ထက္အကၡရာတင္ရာတြင္ မင္းတုန္းမင္းမွ အမွားတလုံး ေတြ႕သူကို ေဒါင္းဒဂၤါး တျပား ဆုခ်ေလ၏။

မင္းတုန္းမင္းသည္ ႏွစ္စဥ္ ဆြမ္းေလာင္းပြဲႀကီး ကို ေျမနန္းေတာ္တြင္ က်င္းပ၏။ ဘုရင္ႏွင့္ မိဖုရားေခါင္၊ မိဖုရားငယ္မ်ား၊ မင္းသား၊မင္းသမီး အားလုံး တက္ေရာက္ အလႉ ဒါနျပဳလုပ္ရေလသည္။ ထိုျပင္ ယိုးဒယားဆိုင္း၊ တီးမ်ိဴ း၊မူတ္မ်ိဴ းမ်ားစြာျဖင့္ သာယာဖြယ္ေကာင္းေသာ အသံမ်ားျဖင့္ တီးခတ္ပူေဇာ္ၾကေလ၏။

ရတနာပုံေနျပည္ေတာ္ရွိ ပဌာန္းဇရပ္တြင္ ပထမေက်ာ္ စာျပန္ပြဲမ်ားလည္း ျပဳလုပ္၏။ ပထမျပန္ ဆိုႏိုင္ေသာ သာမေဏ ငယ္မ်ား ၏ ေဆြမ်ိဴ း ၇ ဆက္တို႔သည္ ဘုရင့္အခြန္ေတာ္ မ်ားမွ အားလုံး လြတ္ၿငိမ္းေလ၏။ ပထမေက်ာ္ ကိုလည္း ဆုေတာ္ေငြ ၅၀၀၀ လႉ ဒါန္း၏။

မင္းတုန္းမင္းလက္ထက္တြင္ ေနျပည္ေတာ္၏ ေလးမ်က္ႏွာတြင္ ခရီးသြားမ်ား နားရန္ အုတ္ဇရပ္ႀကီး ၈ ခု ေဆာက္လုပ္ထားေလ၏။ ထိုဇရပ္တြင္ လာလာသမွ် ခရီးသြားမ်ား သုံးေဆာင္ႏိုင္ရန္ လက္ဖက္၊ ေဆးလိပ္၊ ကြမ္း၊ ယပ္ေတာင္၊ နံ႔သာျဖဴ ၊ သြားပြတ္တံ အစရွိသည့္ (ယခုေခတ္ ဟိုတယ္အသုံးအေဆာင္ကဲ့သို႔) ထိုေခတ္က အေျခခံက်ေသာ အသုံးအေဆာင္မ်ားကို ထားေပးေလ၏။

ထိုျပင္ သူနာတိုက္ ၅ လုံး၊ သူအိုတိုက္ ၅ လုံး ျဖင့္ မင္းတုန္းမင္းကိုယ္တိုင္ ေဆာက္လုပ္လႉ ဒါန္းထားေပးေလ၏။ ထို တိုက္မ်ားကို အခြန္မေကာက္သည့္အျပင္ ကုန္က်စရိတ္အားလုံးကို ဘုရင္မွ စိုက္ထုတ္ေပး၏။ မင္းတုန္းမင္းသည္ တိုင္းျပည္တိုးတက္ေရး၊ သာသာသာသနာ ႏွင့္ ယဥ္ေက်းမူ တည္တံ့ေရးကို သူတတ္ႏိုင္သည့္ဘက္မွ ျပဳလုပ္ခဲ့ေသာ ဘုရင္ တပါး ဆိုသည္မွာ မမွားေပ။

ထိုျပင္ မင္းတုန္းမင္းသည္ ပန္းခ်ီဆရာမ်ားကို နန္းေတာ္တြင္ လစားေပးကာ နန္းတြင္းပန္းခ်ီဆရာ အျဖစ္ ခန႔္အပ္ထားခဲ့ေတာ္မူေလ၏။ ထိုပန္းခ်ီဆရာမ်ား၏ တာဝန္သည္ မင္းတုန္းမင္း၏ ကုသိုလ္ေတာ္မ်ား ႏွင့္ တိုင္းေရးျပည္ေရး ကိစၥအ၀၀ကို ပန္းခ်ီဆြဲ မွတ္တမ္းတင္ရန္ ျဖစ္ေလသည္။ ေအာက္ပါ ပန္းခ်ီကားသည္ British Library မွ ယူထားသည့္ ပုံမ်ားျဖစ္ၿပီး မင္းတုန္းမင္း၏ မိဖုရားေခါင္ႀကီးမွျပဳလုပ္ေသာ အလႉ ေတာ္ ၇ ခု ျဖစ္ေၾကာင္း မွတ္တမ္းမ်ားက ဆိုထားပါသည္။

မင္းတုန္းမင္း ၏ တသက္သာ အလႉ ကို မွတ္တမ္းတင္ထားရာ ၂၂ ကုေဋၬ ႏွင့္ ၆ သန္း ျဖစ္ေလ၏။ (ယခုေခတ္ ေဒၚလာ ၁ ဘီလံယံ နီးပါး ရွိႏိုင္ပါသည္။)

Source -Wikipedia