ဝိတ်ကျပြီး ဝမ်းမှန်စေတဲ့ ကြံရည်

0
131

ကြံရည်၏ ကျန်းမာရေးအာနိသင်များ

နွေရဲ့သင်္ကေတတစ်ခုဖြစ်တဲ့ ကြံရည်က ဘယ်လိုကောင်းကျိုးတွေရှိလဲဆိုတာ သိပါသလား။ မသိသေးရင်ပြောပြမယ်နော်။ ဆင်လေးတွေရဲ့အဓိကအစားအစာဖြစ်တဲ့ ကြံတွေဟာ လူ့ခန္ဓာကိုယ်အတွက် ဘယ်လောက်တောင် အကျိုးပြုလဲဆိုရင်…..

ကြံပင်ဟာ အဆစ်တွေ ပါပြီး ကြံ့ခိုင်တဲ့ အပင်ဖြစ်ပြီး အမြင့်အားဖြင့် ၂-၆ မီတာ လောက် မြင့်ပါတယ်။ ကြံရိုးက ရတဲ့ ကြံရည်ဟာ မရှိမဖြစ် အာဟာရဓာတ်တွေ ပါဝင်တာကြောင့် ကျန်းမာရေးနဲ့ အလွန် ညီညွတ်ပါတယ်။

၁. ဝိတ်ကျစေတယ်

ကြံရည်က ချိုပေမယ့်လည်း ခန္ဓာကိုယ်ရဲ့ bad cholesterol တွေကို လျော့ကျစေတယ်။ လျော့ကျစေတာကလည်း ဝိတ်ကျစေနိုင်တဲ့ အဓိက အကြောင်းရင်းပဲဖြစ်တယ်။ ကြံရည်က အမျှင်ဓာတ်လည်းပါဝင်ပါတယ်။

ကြံရည်က အပူကို နိုင်စေပါတယ်။ ကြံရည်မှာ carbohydrates ၊ proteins ၊ calcium ၊ phosphorus ၊ iron ၊zinc ၊ potassium နဲ့ vitamins A ၊ B-complex နဲ့ C တို့ပါဝင်ပါတယ်။ ဒါကြောင့် ကြံရည်သောက်ခြင်းက ခန္ဓာကိုယ်ပိန်သွယ်စေပါတယ်။

၂. ရေဓာတ် ပြည့်ဝစေပါတယ်

ပူပြင်းတဲ့ ရာသီဒဏ်ခံရရင် ဒါမှမဟုတ် ကိုယ်လက် လှုပ်ရှားမှုကို ကြာကြာ လုပ်ရင် ကြံရည်ကို သောက်သင့် ပါတယ်။ ဒါက ခန္ဓာကိုယ်ကို ရေဓာတ် ပြည့်ဝစေ ပါတယ်။ အထူးသဖြင့် ဆော်ဒါလို အချိုရည် တွေအစား ကြံရည်ကို သောက်သင့် ပါတယ်။

၃. ကိုယ်ခံအားကောင်းစေတယ်

ကြံရည်မှာ antioxidants လုံလောက်စွာပါဝင်တာကြောင့် ကိုယ်ခံအားကောင်းစေနိုင်တယ်။ ကြံရည်က ရောဂါပိုးမွှားများကို တိုက်ဖျက်ပေးနိုင်တဲ့အပြင် အသည်း နဲ့ အစာချေဖျက်အားကိုကောင်းစေနိုင်တယ်။

၄. အနာကျက်မြန်စေတယ်

ကိုယ်ခံအားကိုကောင်းစေတဲ့အပြင် ကြံရည်က အနာ ၊ ဒဏ်ရာတွေကိုပါ မြန်မြန်ပျောက်ကင်းစေနိုင်တယ်။ ကြံရည်မှာ ကြံသကြားပါတာကြောင့်လည်း အနာတွေကို အချိန်ခဏလေးနဲ့ ပျောက်ကင်းစေနိုင်တာပါ။ ကြံရည်နဲ့ အနာတွေကို လိမ်းပေးခြင်းကလည်း သိသာတဲ့ရလဒ်ကို ရစေမှာပါ။

၅. လည်ချောင်းနာတာ သက်သာစေတယ်

လည်ချောင်းယား ၊ ချောင်းဟန့်နေတယ်ဆိုရင် ကြံရည်ကို သံပုရာသီး ညှစ် ၊ ဆားနည်းနည်းထည့် ဖျော်သောက်ပေးပါ။ ကြံရည်မှာ ပါဝင်နေတဲ့ Vitamin C ဟာ လည်ချောင်းယားပြီး နာတာတွေကို သက်သာစေပါတယ်။

ကြံရည်မှာက antioxidants လုံလောက်စွာပါဝင်တာကြောင့် ပိုးမွှားတွေကို တိုက်ဖျက်ပေးနိုင်တယ်။ ရေခဲတော့ထည့်မသောက်နဲ့ပေါ့နော်။

၆. ဆီးလမ်း ကြောင်း ကျန်းမာ စေပါတယ်

ကြံရိုးဟာ ဆီးလမ်းကြောင်းကို သန့်စင်စေပြီး ကျောက်ကပ်တွေကို လုပ်ငန်း ဆောင်တာ ကောင်းကောင်း လုပ်နိုင်ဖို့ ကူညီပါတယ်။

ကြံရိုးဟာ ဂနိုဆီးပူ ညောင်း ကျရောဂါ၊ ဆီးကျိတ် ကြီးတာ၊ ဆီးအိတ် ရောင်တာ တို့ကြောင့် ဖြစ်တဲ့ ဆီးသွားလို စိတ်များတဲ့ ဝေဒနာကို သက်သာ စေပါ တယ်။

၇. သက်လုံ ကောင်းစေပါတယ်

ကြံရိုးမှာ ကာဗိုဟိုက် ဒရိတ်ပါဝင်မှု များတာကြောင့် ခန္ဓာကိုယ်ကို စွမ်းအင် ဖြည့်ပေးပြီး လန်းဆန်း စေပါတယ်။ ပင်ပန်းနေတဲ့ ကြွက်သားတွေကို စွမ်းအင် ချက်ချင်း ပေးနိုင်ပြီး အားကစား သမား တွေမှာ သက်လုံ ကောင်းစေပါတယ်။

၈. ဝမ်းမှန်မှန် သွားစေပါတယ်

ကြံရိုးမှာ ပိုတက်စီယမ် ပါဝင်မှု မြင့်မား တာကြောင့် အစာကြေညက်စေပြီး ဝမ်းနုတ်ဆေး အပျော့စားလို ထိထိ ရောက်ရောက် အသုံး ဝင်ပါတယ်။

၉. ရင်သားကင်ဆာပြန့်ပွားမှုနှုန်းလျော့နည်းစေတယ်

ကြံရည်ရဲ့အစွမ်းကတော့ အံ့မခန်းပါပဲ ။ ကြံရည်က သေစေနိုင်လောက်တဲ့ ရောဂါတွေဖြစ်တဲ့ ရင်သားကင်ဆာ ၊ ပရော့စတိတ်ကင်ဆာတို့ကို တိုက်ဖျက်ပေးနိုင်တယ်။ ကြံရည်မှာ ပါတဲ့

flavonoids က ကင်ဆာဖြစ်စေနိုင်ဆဲလ်တွေကို ကောင်းကောင်းကြီး လျော့ကျသွားအောင် တိုက်ဖျက်ပေးနိုင်တယ်။ ရင်သားကင်ဆာ ဖြစ်စေနိုင်နှုန်းကိုလည်း လျော့နည်းသွားစေတယ်။

သတိပြုရန်

ကြံရည်ကို တစ်နေ့နှစ်ခွက်ထက် ပိုမသောက်မိပါစေနဲ့။

မူရင္း

ဝိတ္က်ၿပီး ဝမ္းမွန္ေစတဲ့ ႀကံရည္

ႀကံရည္၏ က်န္းမာေရးအာနိသင္မ်ား

ေႏြရဲ့သေကၤတတစ္ခုျဖစ္တဲ့ ႀကံရည္က ဘယ္လိုေကာင္းက်ိဳးေတြရွိလဲဆိုတာ သိပါသလား။ မသိေသးရင္ေျပာျပမယ္ေနာ္။ ဆင္ေလးေတြရဲ့အဓိကအစားအစာျဖစ္တဲ့ ႀကံေတြဟာ လူ႔ခႏၶာကိုယ္အတြက္ ဘယ္ေလာက္ေတာင္ အက်ိဳးျပဳလဲဆိုရင္…..

ႀကံပင္ဟာ အဆစ္ေတြ ပါၿပီး ႀကံ့ခိုင္တဲ့ အပင္ျဖစ္ၿပီး အျမင့္အားျဖင့္ ၂-၆ မီတာ ေလာက္ ျမင့္ပါတယ္။ ႀကံရိုးက ရတဲ့ ႀကံရည္ဟာ မရွိမျဖစ္ အာဟာရဓာတ္ေတြ ပါဝင္တာေၾကာင့္ က်န္းမာေရးနဲ႔ အလြန္ ညီညြတ္ပါတယ္။

၁. ဝိတ္က်ေစတယ္

ႀကံရည္က ခ်ိဳေပမယ့္လည္း ခႏၶာကိုယ္ရဲ့ bad cholesterol ေတြကို ေလ်ာ့က်ေစတယ္။ ေလ်ာ့က်ေစတာကလည္း ဝိတ္က်ေစနိုင္တဲ့ အဓိက အေၾကာင္းရင္းပဲျဖစ္တယ္။ ႀကံရည္က အမၽွင္ဓာတ္လည္းပါဝင္ပါတယ္။

ႀကံရည္က အပူကို နိုင္ေစပါတယ္။ ႀကံရည္မွာ carbohydrates ၊ proteins ၊ calcium ၊ phosphorus ၊ iron ၊zinc ၊ potassium နဲ႔ vitamins A ၊ B-complex နဲ႔ C တို႔ပါဝင္ပါတယ္။ ဒါေၾကာင့္ ႀကံရည္ေသာက္ျခင္းက ခႏၶာကိုယ္ပိန္သြယ္ေစပါတယ္။

၂. ေရဓာတ္ ျပည့္ဝေစပါတယ္

ပူျပင္းတဲ့ ရာသီဒဏ္ခံရရင္ ဒါမွမဟုတ္ ကိုယ္လက္ လႈပ္ရွားမႈကို ၾကာၾကာ လုပ္ရင္ ႀကံရည္ကို ေသာက္သင့္ ပါတယ္။ ဒါက ခႏၶာကိုယ္ကို ေရဓာတ္ ျပည့္ဝေစ ပါတယ္။ အထူးသျဖင့္ ေဆာ္ဒါလို အခ်ိဳရည္ ေတြအစား ႀကံရည္ကို ေသာက္သင့္ ပါတယ္။

၃. ကိုယ္ခံအားေကာင္းေစတယ္

ႀကံရည္မွာ antioxidants လုံေလာက္စြာပါဝင္တာေၾကာင့္ ကိုယ္ခံအားေကာင္းေစနိုင္တယ္။ ႀကံရည္က ေရာဂါပိုးမႊားမ်ားကို တိုက္ဖ်က္ေပးနိုင္တဲ့အျပင္ အသည္း နဲ႔ အစာေခ်ဖ်က္အားကိုေကာင္းေစနိုင္တယ္။

၄. အနာက်က္ျမန္ေစတယ္

ကိုယ္ခံအားကိုေကာင္းေစတဲ့အျပင္ ႀကံရည္က အနာ ၊ ဒဏ္ရာေတြကိုပါ ျမန္ျမန္ေပ်ာက္ကင္းေစနိုင္တယ္။ ႀကံရည္မွာ ႀကံသၾကားပါတာေၾကာင့္လည္း အနာေတြကို အခ်ိန္ခဏေလးနဲ႔ ေပ်ာက္ကင္းေစနိုင္တာပါ။ ႀကံရည္နဲ႔ အနာေတြကို လိမ္းေပးျခင္းကလည္း သိသာတဲ့ရလဒ္ကို ရေစမွာပါ။

၅. လည္ေခ်ာင္းနာတာ သက္သာေစတယ္

လည္ေခ်ာင္းယား ၊ ေခ်ာင္းဟန႔္ေနတယ္ဆိုရင္ ႀကံရည္ကို သံပုရာသီး ညႇစ္ ၊ ဆားနည္းနည္းထည့္ ေဖ်ာ္ေသာက္ေပးပါ။ ႀကံရည္မွာ ပါဝင္ေနတဲ့ Vitamin C ဟာ လည္ေခ်ာင္းယားၿပီး နာတာေတြကို သက္သာေစပါတယ္။

ႀကံရည္မွာက antioxidants လုံေလာက္စြာပါဝင္တာေၾကာင့္ ပိုးမႊားေတြကို တိုက္ဖ်က္ေပးနိုင္တယ္။ ေရခဲေတာ့ထည့္မေသာက္နဲ႔ေပါ့ေနာ္။

၆. ဆီးလမ္း ေၾကာင္း က်န္းမာ ေစပါတယ္

ႀကံရိုးဟာ ဆီးလမ္းေၾကာင္းကို သန႔္စင္ေစၿပီး ေက်ာက္ကပ္ေတြကို လုပ္ငန္း ေဆာင္တာ ေကာင္းေကာင္း လုပ္နိုင္ဖို႔ ကူညီပါတယ္။

ႀကံရိုးဟာ ဂနိုဆီးပူ ေညာင္း က်ေရာဂါ၊ ဆီးက်ိတ္ ႀကီးတာ၊ ဆီးအိတ္ ေရာင္တာ တို႔ေၾကာင့္ ျဖစ္တဲ့ ဆီးသြားလို စိတ္မ်ားတဲ့ ေဝဒနာကို သက္သာ ေစပါ တယ္။

၇. သက္လုံ ေကာင္းေစပါတယ္

ႀကံရိုးမွာ ကာဗိုဟိုက္ ဒရိတ္ပါဝင္မႈ မ်ားတာေၾကာင့္ ခႏၶာကိုယ္ကို စြမ္းအင္ ျဖည့္ေပးၿပီး လန္းဆန္း ေစပါတယ္။ ပင္ပန္းေနတဲ့ ႂကြက္သားေတြကို စြမ္းအင္ ခ်က္ခ်င္း ေပးနိုင္ၿပီး အားကစား သမား ေတြမွာ သက္လုံ ေကာင္းေစပါတယ္။

၈. ဝမ္းမွန္မွန္ သြားေစပါတယ္

ႀကံရိုးမွာ ပိုတက္စီယမ္ ပါဝင္မႈ ျမင့္မား တာေၾကာင့္ အစာေၾကညက္ေစၿပီး ဝမ္းႏုတ္ေဆး အေပ်ာ့စားလို ထိထိ ေရာက္ေရာက္ အသုံး ဝင္ပါတယ္။

၉. ရင္သားကင္ဆာျပန္႔ပြားမႈႏႈန္းေလ်ာ့နည္းေစတယ္

ႀကံရည္ရဲ့အစြမ္းကေတာ့ အံ့မခန္းပါပဲ ။ ႀကံရည္က ေသေစနိုင္ေလာက္တဲ့ ေရာဂါေတြျဖစ္တဲ့ ရင္သားကင္ဆာ ၊ ပေရာ့စတိတ္ကင္ဆာတို႔ကို တိုက္ဖ်က္ေပးနိုင္တယ္။ ႀကံရည္မွာ ပါတဲ့

flavonoids က ကင္ဆာျဖစ္ေစနိုင္ဆဲလ္ေတြကို ေကာင္းေကာင္းႀကီး ေလ်ာ့က်သြားေအာင္ တိုက္ဖ်က္ေပးနိုင္တယ္။ ရင္သားကင္ဆာ ျဖစ္ေစနိုင္ႏႈန္းကိုလည္း ေလ်ာ့နည္းသြားေစတယ္။

သတိျပဳရန္

ႀကံရည္ကို တစ္ေန႔ႏွစ္ခြက္ထက္ ပိုမေသာက္မိပါေစနဲ႔။

မူရင္း