ကလေးတွေကို ရိုက်နှက်ပြီးတောင်းစားခိုင်းတဲ့ လူနှစ်ယောက်

0
136

ဒီနေ့မနက် ၇၈×၂၆လမ်းထောင့်မှာ တောင်းခိုင်းနေတယ်လို့ ပြည်သူတစ်ယောက်ကတင်ထားတာတွေ့တာနဲ့ ကျွန်တော်နဲ့ ကျွန်တော့်ညီ LynnKhine အဲဒီနေရာကိုသွားပြီးကြည့် သက်ဆိုင်ရာနဲ့ဝိုင်းဝန်းဖမ်းဆီးပြီး ကျွန်တော်ကိုယ်တိုင် တရားလိုလပ်ပြီး အမှုဖွင့်လိုက်ပါပြီ…

မိတဲ့နေရာကတော့ ဆေးရုံကြီးရှေ့မှာပါ..

ကလေးနှစ်ယောက်ကိုတော့ တိုင်းလူမှုဝန်ထမ်းဦးစီးဌာနကိုပို့ပေးမှာပါ… ဝိုင်းဝန်းကူညီ ဖမ်းဆီးပေးကြတဲ့ အောင်နန်းရိပ်သာအနောက်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးတင်ယု၊ ကဥ္စနမဟီရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ဦး ၊ အမှတ် ၈ မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်မင်းမင်းသက်MoonCandy နှင့် လှည့်ကင်းတပ်ဖွဲ့ဝင်များအားလုံး ကျေးဇူးအထူးတင်ရှိပါတယ်…

Ko Naung (25-5-2020)

D ZinTun

ကနဦးသတင်း

မြို့ထဲကားပတ်မောင်းရင်း လမ်း၃၀ × ၇၃ထောင့် မီးပွိုင့်မှာ ကလေးလေး အသက်က၃နှစ် ၄နှစ်ဘဲရှိဦးမယ်။

ယောက်ျားကြီးနှစ်ယောက်က ကလေးကိုအတင်းဆွဲရိုက်ပြီး ကလေးကိုအတင်း ပိုက်ဆံတောင်းခိုင်းတာ ကလေးမျက်နှာနဲ့အကျႌမှာ သွေးတွေရဲနေတာ

ကိုယ်လဲ ကလေးနှစ်ယောက်နဲ့မို့ဆင်းပြီး မကူနိုင်လို့ရဲစခန်းဘဲ ဖုန်းဆက်လိုက်တယ်။ သနားဖို့တော်တော်ကောင်းတယ်။

ပုံမှန်ချိန်ဆို ဆင်းပြီးတစ်ခုခုလုပ်ပေးတယ်။

crd Thu Ya

ကူညီနိုင်သူများ ကူညီပေးကြပါ။

ဒီလိုကလေးမျိုးတွေ မြန်မာနိုင်ငံမှာ ဘယ်လောက်တောင်ရှိနေလိုက်မလဲ။

ကြည့်ပီး သနားလိုက်တာဗျာ။

ဝဠ်ကြွေးးတွေရှိရင်လဲ ဒီဘဝဒီမျှနဲ့ပဲ ကျေနိုင်ပါစေ ခလေးရယ်…။

ကံကောင်းနိုင်ပါစေ။