ပြည်ပမှ အရက်များအား တင်သွင်းခွင့်ပြုလိုက်ပါပြီး

0
132

“ပြည်ပမှ တင်သွင်းခွင့်မပြုသည့် ကုန်ပစ္စည်းများအား ပြင်ဆင်သတ်မှတ်သည့် အမိန့်ကြော်ငြာစာ ထုတ်ပြန်”

ယခုထုတ်ပြန်ချက်အရ ယခင်ကအမိန့်ကြော်ငြာစာအမှတ် (၈/၂၀၁၃) နဲ့ပြည်ပမှတင်သွင်းခွင့်မပြုသော ကုန်ပစ္စည်းများအဖြစ် သတ်မှတ်ထုတ်ပြန်ထားတဲ့ ” အရက်၊ ဘီယာ၊ စီးကရက်နဲ့ တည်ဆဲဥပဒေအရ ကန့်သတ်ထားသောပစ္စည်းများ” အနက်အရက် အား တင်သွင်းခွင့်ပြုလိုက်ပါတယ်။

ဒါကြောင့် လက်ရှိမှာ ပြည်ပမှ တင်သွင်းခွင့်မပြုသော ကုန်ပစ္စည်းများအဖြစ် ယခုအမိန့်ကြော်ငြာစာမှာပါတဲ့အတိုင်း

(က) ဘီယာ၊

(ခ) စီးကရက်နဲ့

(ဂ) တည်ဆဲဥပဒေအရ ကန့်သတ်၊ တားမြစ်ထားသည့် ကုန်ပစ္စည်းများသာ ကျန်ရှိပါတော့တယ်။

အရက်တင်သွင်းလိုသူ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအနေဖြင့် အရက်တင်သွင်းခွင့်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ အမိန့်ကြော်ငြာစာအမှတ် ၃၉/၂၀၂၀ ပါ သတ်မှတ်ချက်များနဲ့အညီ ဆောင်ရွက်နိုင်ပါတယ်။

စီးပွားကူးသန်းဝန်ကြီးဌာန website ဖြစ်တဲ့ www.commerce.gov.mm မှာလည်း ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်။





(က) ဘီယာ၊

(ခ) စီးကရက်နဲ့


