ဒီလို မိန်းကလေးမျိုးကို ပိုင်ဆိုင်ထားရတာ ထီပေါက်တာထက်ကို ကံကောင်းပါတယ်

0
131

ဒီလို မိန်းကလေးမျိုးကို ချစ်သူတော်ထားရတာ ထီပေါက်တာထက်ကို ကံကောင်းပါတယ်။ သင့်အပေါ်ကို အချစ်စစ် အချစ်မှန်နဲ့ ချစ်ပေးနေတဲ့ မိန်းကလေးတစ်ယောက် ပိုင်ဆိုင်ထားရတယ်ဆိုတာ သင့်အတွက် အရမ်းကို ကံကောင်းပါတယ် …။

သင့်အနေနဲ့ ဒီလို မိန်းကလေးမျိုးကို အမှန်တကယ် တန်ဖိုးထားပြီး ချစ်တတ်ဖို့ လိုအပ်ပါတယ်။ ဘယ်လို မိန်းကလေးမျိုးလဲဆိုတာ ကြည့်လိုက်ကြရအောင်နော် …။

၁။ သင့်ဘက်မှာ အမြဲတမ်းရပ်တည်နေတတ်တဲ့ မိန်းကလေး

အရည်ချင်းရှိတဲ့ မိန်းမတစ်ယောက်အတွက် လက်တွဲဖော် မရှားပါဘူး။ ဒါပေမဲ့လည်း သူမဟာ တစ်ဘဝလုံးအတွက် သင့်တစ်ယောက်ထဲကိုပဲ သစ္စာရှိရှိ ချစ်နေမှာပါ။ သင်နဲ့အတူ ပျော်ရွှင်စရာ မိသားစုဘဝလေး တည်ဆောက်ချင်တယ်။ သူမအတွက် ပြင်ပ အပျော်တွေ မလိုအပ်ပါဘူး …။

၂။ သင့်စိတ်ကူး အိပ်မက်တွေကို ပါရမီဖြည့်ပေးဖို့ အသင့်ရှိနေတဲ့ မိန်းကလေး

အရည်အချင်းရှိတဲ့ မိန်းမတွေဟာ သူတို့ အလိုဆန္ဒတွေကို ဖြည့်ဆည်းပေးဖို့ပဲ ယောကျ်ားတစ်ယောက်ကို လိုအပ်တာ မဟုတ်ပါဘူး။ သင်ဖြစ်ချင်တဲ့ ဆန္ဒတွေကိုလဲ သူမ ကိုယ်ပိုင် အိမ်မက်တွေကို အကောင်ထည်ဖော်နေသလိုပဲ အားတတ် သရော ပါရမီဖြည့်ပေးနေမှာပဲ ဖြစ်ပါတယ် …။

၃။ သင့်ကို လမ်းမှန်ရောက်ဖို့ အမြဲအားပေးနေတဲ့ မိန်းကလေး

သင်မှားနေခဲ့ရင်တောင် သင့်အတ္တတွေကို အရောင်တင်ပေးပြီး သင့်စိတ်ကြိုက် အလိုက်ဆောင်ပေးမယ့် သူတွေအများကြီး ရှိနေမှာပါ။ ဒါပေမယ့် အရည်အချင်းရှိတဲ့ မိန်းမတစ်ယောက်ကတော့ ဘယ်လောက် ခါးသီးနေပါစေ အမှန်တရားဆီကိုပဲ သင့်ကို ခေါ်ဆောင် သွားပါလိမ့်မယ်နော် …။

၄။ သင့်ကို ခွန်အားဖြစ်စေတဲ့ မိန်းကလေး

အမျိုးသမီးတွေဟာ ပြင်းထန်တဲ့ လောကဓံ ရိုက်ချက်တွေကို ခံနိုင်ရည် မရှိကြပါဘူး။ ဒါပေမဲ့ အရည်ချင်းရှိတဲ့ မိန်းမတွေကတော့ သင်နဲ့အတူ လောကဓံကို ကြံ့ကြံ့ခံပြီး သင့်တစ်ချိန်က ခိုင်မာတဲ့ခံယူချက်တွေကို ပြန်သတိပေးပြီး ဆက်လက် ရှင်သန်သွားဖို့ အသင့်ရှိနေပါတယ် …။

၅။ သင့်အရှိန်အဝါတွေထက် သင့်ကိုပိုပြီး လေးစားတန်ဖိုးထားတဲ့ မိန်းကလေး

သူမရဲ့ ချစ်ခြင်းမေတ္တာတွေဟာ သင့်ရဲ့လက်ရှိ အခြေအနေ၊ အရှိန်အဝါတွေ အပေါ်မှာ မမူတည်ပါဘူး။ ခဏတာ အထင်ကြီးမှု မဟုတ်ပါဘူး …။

သင့်ရဲ့ကိုယ်ကျင့်တရားတွေ၊ ဖြူစင်ရိုးသားမှုတွေကို တန်ဖိုးထားတာပါ။ ထာဝရ ခိုင်မာတဲ့ ချစ်ခြင်းမေတ္တာတွေဖြစ်တဲ့အတွက် အကြွင်းမဲ့ ယုံကြည်လိုက်ပါနော် …။ ။

Credit

ဒီလို မိန္းကေလးမ်ိဳးကို ပိုင္ဆိုင္ထားရတာ ထီေပါက္တာထက္ကို ကံေကာင္းပါတယ္

ဒီလို မိန္းကေလးမ်ိဳးကို ခ်စ္သူေတာ္ထားရတာ ထီေပါက္တာထက္ကို ကံေကာင္းပါတယ္။ သင့္အေပၚကို အခ်စ္စစ္ အခ်စ္မွန္နဲ႔ ခ်စ္ေပးေနတဲ့ မိန္းကေလးတစ္ေယာက္ ပိုင္ဆိုင္ထားရတယ္ဆိုတာ သင့္အတြက္ အရမ္းကို ကံေကာင္းပါတယ္ …။

သင့္အေနနဲ႔ ဒီလို မိန္းကေလးမ်ိဳးကို အမွန္တကယ္ တန္ဖိုးထားၿပီး ခ်စ္တတ္ဖို႔ လိုအပ္ပါတယ္။ ဘယ္လို မိန္းကေလးမ်ိဳးလဲဆိုတာ ၾကည့္လိုက္ၾကရေအာင္ေနာ္ …။

၁။ သင့္ဘက္မွာ အျမဲတမ္းရပ္တည္ေနတတ္တဲ့ မိန္းကေလး

အရည္ခ်င္းရွိတဲ့ မိန္းမတစ္ေယာက္အတြက္ လက္တြဲေဖာ္ မရွားပါဘူး။ ဒါေပမဲ့လည္း သူမဟာ တစ္ဘဝလုံးအတြက္ သင့္တစ္ေယာက္ထဲကိုပဲ သစၥာရွိရွိ ခ်စ္ေနမွာပါ။ သင္နဲ႔အတူ ေပ်ာ္ရႊင္စရာ မိသားစုဘဝေလး တည္ေဆာက္ခ်င္တယ္။ သူမအတြက္ ျပင္ပ အေပ်ာ္ေတြ မလိုအပ္ပါဘူး …။

၂။ သင့္စိတ္ကူး အိပ္မက္ေတြကို ပါရမီျဖည့္ေပးဖို႔ အသင့္ရွိေနတဲ့ မိန္းကေလး

အရည္အခ်င္းရွိတဲ့ မိန္းမေတြဟာ သူတို႔ အလိုဆႏၵေတြကို ျဖည့္ဆည္းေပးဖို႔ပဲ ေယာက်္ားတစ္ေယာက္ကို လိုအပ္တာ မဟုတ္ပါဘူး။ သင္ျဖစ္ခ်င္တဲ့ ဆႏၵေတြကိုလဲ သူမ ကိုယ္ပိုင္ အိမ္မက္ေတြကို အေကာင္ထည္ေဖာ္ေနသလိုပဲ အားတတ္ သေရာ ပါရမီျဖည့္ေပးေနမွာပဲ ျဖစ္ပါတယ္ …။

၃။ သင့္ကို လမ္းမွန္ေရာက္ဖို႔ အျမဲအားေပးေနတဲ့ မိန္းကေလး

သင္မွားေနခဲ့ရင္ေတာင္ သင့္အတၱေတြကို အေရာင္တင္ေပးၿပီး သင့္စိတ္ႀကိဳက္ အလိုက္ေဆာင္ေပးမယ့္ သူေတြအမ်ားႀကီး ရွိေနမွာပါ။ ဒါေပမယ္႔ အရည္အခ်င္းရွိတဲ့ မိန္းမတစ္ေယာက္ကေတာ့ ဘယ္ေလာက္ ခါးသီးေနပါေစ အမွန္တရားဆီကိုပဲ သင့္ကို ေခၚေဆာင္ သြားပါလိမ့္မယ္ေနာ္ …။

၄။ သင့္ကို ခြန္အားျဖစ္ေစတဲ့ မိန္းကေလး

အမ်ိဳးသမီးေတြဟာ ျပင္းထန္တဲ့ ေလာကဓံ ရိုက္ခ်က္ေတြကို ခံနိုင္ရည္ မရွိၾကပါဘူး။ ဒါေပမဲ့ အရည္ခ်င္းရွိတဲ့ မိန္းမေတြကေတာ့ သင္နဲ႔အတူ ေလာကဓံကို ႀကံ့ႀကံ့ခံၿပီး သင့္တစ္ခ်ိန္က ခိုင္မာတဲ့ခံယူခ်က္ေတြကို ျပန္သတိေပးၿပီး ဆက္လက္ ရွင္သန္သြားဖို႔ အသင့္ရွိေနပါတယ္ …။

၅။ သင့္အရွိန္အဝါေတြထက္ သင့္ကိုပိုၿပီး ေလးစားတန္ဖိုးထားတဲ့ မိန္းကေလး

သူမရဲ့ ခ်စ္ျခင္းေမတၱာေတြဟာ သင့္ရဲ့လက္ရွိ အေျခအေန၊ အရွိန္အဝါေတြ အေပၚမွာ မမူတည္ပါဘူး။ ခဏတာ အထင္ႀကီးမႈ မဟုတ္ပါဘူး …။

သင့္ရဲ့ကိုယ္က်င့္တရားေတြ၊ ျဖဴစင္ရိုးသားမႈေတြကို တန္ဖိုးထားတာပါ။ ထာဝရ ခိုင္မာတဲ့ ခ်စ္ျခင္းေမတၱာေတြျဖစ္တဲ့အတြက္ အႂကြင္းမဲ့ ယုံၾကည္လိုက္ပါေနာ္ …။ ။

Credit