အခြေခံပညာကျောင်းများ ဖွင့်မည့်နေ့ကို ကြေညာလိုက်ပီ

0
171

ဇူလိုင်၂၁ရက်တွင် အခြေခံပညာအထက်တန်းအဆင့်မှစတင်ပြီး ကျောင်းများပြန်လည်ဖွင့်လှစ်မည်

လာမယ့်ဇူလိုင်၂၁ရက်မှာ အခြေခံပညာအထက်တန်းအဆင့်ကနေစတင်ပြီးတော့ ကျောင်းတွေပြန်ဖွင့်သွားဖို့ရှိတယ်လို့ အခြေခံပညာ ဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းကပြောပါတယ်။

ကျောင်းတွေပြန်မဖွင့်ခင်မှာ COVID19နဲ့ပတ်သက်လို့ ကြိုတင်ပြင်ဆင်ရမယ့် အရာတွေ လုပ်ဆောင်ပြီးမှ ဖွင့်လှစ် သွားမှာဖြစ်တယ်လို့ဆိုပါတယ်။

‘‘မနေ့ကတော့တရားဝင်ပြောလိုက်ပါပြီ။ဒီဇူလိုင်၂၁ရက်မှာ အထက်တန်းအဆင့် ကနေ စပြီး ဖွင့်မယ်။ မဖွင့်ခင်မှာ အကုန်လုံးCOVIDနဲ့ပတ်သက်ပြီး ကြိုတင်ပြင်ဆင်ရမယ့် အရာ ကျောင်းအုပ်ကြီးတွေရော ဆရာ၊ဆရာမတွေရော ကျောင်းသူကျောင်းသားတွေ ရာ မိဘတွေရော ပြည်သူတွေရော ဝိုင်းပြီးဆောင်ရွက်ရမယ့်ကိစ္စတွေအကုန်လုံး ဆရာတို့စီစဉ်ဆောင်ရွက်ထားပြီးသားကိစ္စတွေဖြစ်တယ်။

ဝန်ကြီးဌာန(ပညာရေးဝန်ကြီးဌာန)ရဲ့စီမံချက်ကတော့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနဲ့ညှိနှိုင်းပြီးတော့ ဆွဲပြီးသွားပါပြီ။အကြမ်းတော့ ထွက်သွားပြီးပါပြီ။ ဒါကိုဆရာတို့က COVID-19 ကာကွယ် ထိန်းချုပ် ကုသရေး အမျိုးသားအဆင့်ဦစီးကော်မတီကို တင်ပြပြီးတော့ ဆက်ပြီးတော့ဆောင်ရွက်သွားမှာပေါ့”လို့ ဒေါက်တာတင်မောင်ဝင်းကပြောပါတယ်။

အထက်တန်းအဆင့်ကို နှစ်ပတ်စောင့်ကြည့်ပြီးနောက် အခြေအနေကောင်းရင် အလယ်တန်းအဆင့် ထပ်ဖွင့်မှာဖြစ်ပြီး အလယ်တန်းဖွင့်ပြီးနောက်

တစ်ပတ်ထပ်မံ စောင့်ကြည့်ပြီးတော့မှ မူလတန်းအဆင့်ကို ပြန်ဖွင့်သွားမယ်လို့ ဒေါက်တာ တင်မောင်ဝင်းက ပြောပါတယ်။

ကျောင်းတွေပြန်ဖွင့်ဖို့ ပညာရေးဝန်ကြီးဌာန၊ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတို့က စီမံချက်တွေထွက်ရှိ လာပြီဖြစ်ပြီး COVID-19 ကာကွယ် ထိန်းချုပ် ကုသရေး အမျိုးသား အဆင့် ဗဟိုကော်မတီနဲ့ နိုင်ငံတော်သမ္မတရုံးကို တင်ပြပြီး ဆက်လက်ဆောင်ရွက်သွားဖို့ ရှိတယ်လို့ သိရပါတယ်။

သတင်း-သူသူထက်လွင်

#OneNewsMyanmar

အေျခခံပညာေက်ာင္းမ်ား ဖြင့္မည့္ေန႕ကို ေၾကညာလိုက္ပီ

ဇူလိုင္၂၁ရက္တြင္ အေျခခံပညာအထက္တန္းအဆင့္မွစတင္ၿပီး ေက်ာင္းမ်ားျပန္လည္ဖြင့္လွစ္မည္

လာမယ့္ဇူလိုင္၂၁ရက္မွာ အေျခခံပညာအထက္တန္းအဆင့္ကေနစတင္ၿပီးေတာ့ ေက်ာင္းေတြျပန္ဖြင့္သြားဖို႔ရွိတယ္လို႔ အေျခခံပညာ ဦးစီးဌာန၊ ဒုတိယ ညႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာတင္ေမာင္ဝင္းကေျပာပါတယ္။

ေက်ာင္းေတြျပန္မဖြင့္ခင္မွာ COVID19နဲ႔ပတ္သက္လို႔ ႀကိဳတင္ျပင္ဆင္ရမယ့္ အရာေတြ လုပ္ေဆာင္ၿပီးမွ ဖြင့္လွစ္ သြားမွာျဖစ္တယ္လို႔ဆိုပါတယ္။

‘‘မေန႔ကေတာ့တရားဝင္ေျပာလိုက္ပါၿပီ။ဒီဇူလိုင္၂၁ရက္မွာ အထက္တန္းအဆင့္ ကေန စၿပီး ဖြင့္မယ္။ မဖြင့္ခင္မွာ အကုန္လုံးCOVIDနဲ႔ပတ္သက္ၿပီး ႀကိဳတင္ျပင္ဆင္ရမယ့္ အရာ ေက်ာင္းအုပ္ႀကီးေတြေရာ ဆရာ၊ဆရာမေတြေရာ ေက်ာင္းသူေက်ာင္းသားေတြ ရာ မိဘေတြေရာ ျပည္သူေတြေရာ ဝိုင္းၿပီးေဆာင္ရြက္ရမယ့္ကိစၥေတြအကုန္လုံး ဆရာတို႔စီစဥ္ေဆာင္ရြက္ထားၿပီးသားကိစၥေတြျဖစ္တယ္။

ဝန္ႀကီးဌာန(ပညာေရးဝန္ႀကီးဌာန)ရဲ့စီမံခ်က္ကေတာ့ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနနဲ႔ညႇိႏွိုင္းၿပီးေတာ့ ဆြဲၿပီးသြားပါၿပီ။အၾကမ္းေတာ့ ထြက္သြားၿပီးပါၿပီ။ ဒါကိုဆရာတို႔က COVID-19 ကာကြယ္ ထိန္းခ်ဳပ္ ကုသေရး အမ်ိဳးသားအဆင့္ဦစီးေကာ္မတီကို တင္ျပၿပီးေတာ့ ဆက္ၿပီးေတာ့ေဆာင္ရြက္သြားမွာေပါ့”လို႔ ေဒါက္တာတင္ေမာင္ဝင္းကေျပာပါတယ္။

အထက္တန္းအဆင့္ကို ႏွစ္ပတ္ေစာင့္ၾကည့္ၿပီးေနာက္ အေျခအေနေကာင္းရင္ အလယ္တန္းအဆင့္ ထပ္ဖြင့္မွာျဖစ္ၿပီး အလယ္တန္းဖြင့္ၿပီးေနာက္

တစ္ပတ္ထပ္မံ ေစာင့္ၾကည့္ၿပီးေတာ့မွ မူလတန္းအဆင့္ကို ျပန္ဖြင့္သြားမယ္လို႔ ေဒါက္တာ တင္ေမာင္ဝင္းက ေျပာပါတယ္။

ေက်ာင္းေတြျပန္ဖြင့္ဖို႔ ပညာေရးဝန္ႀကီးဌာန၊က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနတို႔က စီမံခ်က္ေတြထြက္ရွိ လာၿပီျဖစ္ၿပီး COVID-19 ကာကြယ္ ထိန္းခ်ဳပ္ ကုသေရး အမ်ိဳးသား အဆင့္ ဗဟိုေကာ္မတီနဲ႔ နိုင္ငံေတာ္သမၼတ႐ုံးကို တင္ျပၿပီး ဆက္လက္ေဆာင္ရြက္သြားဖို႔ ရွိတယ္လို႔ သိရပါတယ္။

သတင္း-သူသူထက္လြင္

#OneNewsMyanmar