ဒီကနေ့ည(၈)နာရီ ကျန်းမာရေးဝန်ကြီးဌာနမှ ကိုဗစ်ရောဂါနှင့်ပါတ်သက်၍ သတင်းထုတ်ပြန်ချက်

0
1192

ဒီကနေ့ည(၈)နာရီ ကျန်းမာရေးဝန်ကြီးဌာနမှ ကိုဗစ်ရောဂါနှင့်ပါတ်သက်၍ သတင်းထုတ်ပြန်ချက်

ဒီကနေ့ ည (၈) နာရီထုတ်ပြန်ချက် COVID-19 ရောဂါပိုးရှိသူ (၁) ဦး ထပ်မံတွေ့ရှိ 😱😱 ရောဂါဖြစ်ပွားသူ (၆၃)ဦးရှိပြီ 😢

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးတွင် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်‌‌ခြင်းနှင့် စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို သက်ဆိုင်ရာ ဒေသအာဏာပိုင်အဖွဲ့များ၊ အခြားဌာနဆိုင်ရာများနှင့် ချိတ်ဆက်၍ အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိပါသည်။

၂။ (၁၃-၄-၂၀၂၀) ရက်နေ့၊ ညနေ (၆)နာရီမှ (၁၄-၄-၂၀၂၀)ရက်နေ့၊ ညနေ (၆)နာရီအထိ စောင့်ကြည့်လူနာအသစ် (၁၂၃) ဦး ရှိပါသည်။

၃။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)၏ (၁၄-၄-၂၀၂၀)ရက်နေ့၊ ည‌ (၇)နာရီအချိန် ထုတ်ပြန်ချက်အရ COVID-19 ရောဂါစောင့်ကြည့်လူနာနှင့် အသွားအလာကန့် သတ်ခြင်း/ တားမြစ်ခြင်း ဆောင်ရွက်ထားရှိသူ စုစုပေါင်း (၉၁)ဦးအား ပထမအသုတ်အနေဖြင့် စစ်‌ဆေးခဲ့ရာ (ဇယား-၁) တွင် ဖော်ပြထားသူ (၁)ဦးတွင် COVID-19 ရောဂါပိုးတွေ့ရှိရသဖြင့် ၎င်း အားသက်ဆိုင်ရာဆေးရုံသို့ ပို့ဆောင်၍ ကုသမှုပေးရန် ဆက်လက်စီစဉ်ဆောင်ရွက်သွား မည်ဖြစ်ပြီး ကျန် (၉၀)ဦးတွင် COVID-19 ရောဂါပိုး မတွေ့ရှိပါကြောင်း သိရှိရပါသည်။

၄။ ယခုအချိန်အထိ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၆၃)ဦး တွေ့ရှိပြီးဖြစ်ကာ ၎င်းတို့အနက် –

• ချင်းပြည်နယ်၊ တီးတိန် ပြည်သူ့ဆေးရုံတွင် (၃) ဦး၊

• ရန်ကုန်မြို့၊ ဝေဘာဂီအထူးကုဆေးရုံကြီးတွင် လူနာ (၄၉) ဦး၊

• ရှမ်း ပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးပြည်သူ့ဆေးရုံကြီးတွင် (၁)ဦး၊

• မော်လမြိုင်ပြည်သူ့ဆေးရုံကြီးတွင် လူနာ (၁) ဦး၊

• စဝ်စံထွန်းပြည်သူ့ဆေးရုံကြီးတွင် လူနာ (၁)ဦးနှင့်

• ပြည်သူ့ဆေးရုံကြီး၊ မကွေးမြို့တွင် (၁)ဦး၊

• ယခုသတင်းတွင် ဖော်ပြထားသည့် ဓာတ်ခွဲအတည်ပြုလူနာသစ် (၁)ဦး၊ စုစုပေါင်း (၅၇)ဦး၏ ကျန်းမာရေးအခြေအနေမှာ တည်ငြိမ်လျက်ရှိပါသည်။

• COVID-19 ရောဂါပိုးကင်းစင်၍ ဆေးရုံဆင်းခွင့်ပြုခဲ့ပြီး ရောဂါစောင့်ကြည့်လူနာနှင့် အသွားအလာကန့် သတ်ခြင်း/ တားမြစ်ခြင်း (Quarantine) ဆက်လက် ဆောင်ရွက် ထားရှိသူ (၂)ဦးနှင့် သေဆုံးသူ (၄)ဦးတို့ ဖြစ်ပါသည်။

၅။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် COVID-19 ရောဂါနှင့်ပတ်သက်၍ သတင်းထုတ်ပြန်မှုအား (၁၅-၄-၂၀၂၀) ရက်နေ့မှစ၍ နံနက် (၉)နာရီမှ (၁၀) နာရီအကြားတွင် တစ်ကြိမ်နှင့် ည (၈)နာရီမှ (၉) နာရီအကြားတွင် တစ်ကြိမ်တို့ဖြင့် ထုတ်ပြန်သွားမည်ဖြစ်ပါသည်။

credit

ဒီကေန႕ည(၈)နာရီ က်န္းမာေရး၀န္ၾကီးဌာနမွ ကိုဗစ္ေရာဂါႏွင့္ပါတ္သက္၍ သတင္းထုတ္ျပန္ခ်က္

ဒီကေန႔ ည (၈) နာရီထုတ္ျပန္ခ်က္ COVID-19 ေရာဂါပိုးရွိသူ (၁) ဦး ထပ္မံေတြ႕ရွိ 😱😱 ေရာဂါျဖစ္ပြားသူ (၆၃)ဦးရွိၿပီ 😢

၁။ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနသည္ တိုင္းေဒသႀကီး/ ျပည္နယ္အသီးသီးတြင္ COVID-19 ေရာဂါ ကာကြယ္ထိန္းခ်ဳပ္‌‌ျခင္းႏွင့္ ေစာင့္ၾကပ္ၾကည့္ရႈျခင္းလုပ္ငန္းမ်ားကို သက္ဆိုင္ရာ ေဒသအာဏာပိုင္အဖြဲ႕မ်ား၊ အျခားဌာနဆိုင္ရာမ်ားႏွင့္ ခ်ိတ္ဆက္၍ အရွိန္အဟုန္ျမႇင့္ ေဆာင္ရြက္ လ်က္ရွိပါသည္။

၂။ (၁၃-၄-၂၀၂၀) ရက္ေန႔၊ ညေန (၆)နာရီမွ (၁၄-၄-၂၀၂၀)ရက္ေန႔၊ ညေန (၆)နာရီအထိ ေစာင့္ၾကည့္လူနာအသစ္ (၁၂၃) ဦး ရွိပါသည္။

၃။ အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (ရန္ကုန္)၏ (၁၄-၄-၂၀၂၀)ရက္ေန႔၊ ည‌ (၇)နာရီအခ်ိန္ ထုတ္ျပန္ခ်က္အရ COVID-19 ေရာဂါေစာင့္ၾကည့္လူနာႏွင့္ အသြားအလာကန႔္ သတ္ျခင္း/ တားျမစ္ျခင္း ေဆာင္ရြက္ထားရွိသူ စုစုေပါင္း (၉၁)ဦးအား ပထမအသုတ္အေနျဖင့္ စစ္‌ေဆးခဲ့ရာ (ဇယား-၁) တြင္ ေဖာ္ျပထားသူ (၁)ဦးတြင္ COVID-19 ေရာဂါပိုးေတြ႕ရွိရသျဖင့္ ၎ အားသက္ဆိုင္ရာေဆး႐ုံသို႔ ပို႔ေဆာင္၍ ကုသမႈေပးရန္ ဆက္လက္စီစဥ္ေဆာင္ရြက္သြား မည္ျဖစ္ၿပီး က်န္ (၉၀)ဦးတြင္ COVID-19 ေရာဂါပိုး မေတြ႕ရွိပါေၾကာင္း သိရွိရပါသည္။

၄။ ယခုအခ်ိန္အထိ COVID-19 ေရာဂါ ဓာတ္ခြဲအတည္ျပဳလူနာ (၆၃)ဦး ေတြ႕ရွိၿပီးျဖစ္ကာ ၎တို႔အနက္ –

• ခ်င္းျပည္နယ္၊ တီးတိန္ ျပည္သူ႔ေဆး႐ုံတြင္ (၃) ဦး၊

• ရန္ကုန္ၿမိဳ႕၊ ေဝဘာဂီအထူးကုေဆး႐ုံႀကီးတြင္ လူနာ (၄၉) ဦး၊

• ရွမ္း ျပည္နယ္ (ေျမာက္ပိုင္း)၊ လားရွိုးျပည္သူ႔ေဆး႐ုံႀကီးတြင္ (၁)ဦး၊

• ေမာ္လၿမိဳင္ျပည္သူ႔ေဆး႐ုံႀကီးတြင္ လူနာ (၁) ဦး၊

• စဝ္စံထြန္းျပည္သူ႔ေဆး႐ုံႀကီးတြင္ လူနာ (၁)ဦးႏွင့္

• ျပည္သူ႔ေဆး႐ုံႀကီး၊ မေကြးၿမိဳ႕တြင္ (၁)ဦး၊

• ယခုသတင္းတြင္ ေဖာ္ျပထားသည့္ ဓာတ္ခြဲအတည္ျပဳလူနာသစ္ (၁)ဦး၊ စုစုေပါင္း (၅၇)ဦး၏ က်န္းမာေရးအေျခအေနမွာ တည္ၿငိမ္လ်က္ရွိပါသည္။

• COVID-19 ေရာဂါပိုးကင္းစင္၍ ေဆး႐ုံဆင္းခြင့္ျပဳခဲ့ၿပီး ေရာဂါေစာင့္ၾကည့္လူနာႏွင့္ အသြားအလာကန႔္ သတ္ျခင္း/ တားျမစ္ျခင္း (Quarantine) ဆက္လက္ ေဆာင္ရြက္ ထားရွိသူ (၂)ဦးႏွင့္ ေသဆုံးသူ (၄)ဦးတို႔ ျဖစ္ပါသည္။

၅။ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနအေနျဖင့္ COVID-19 ေရာဂါႏွင့္ပတ္သက္၍ သတင္းထုတ္ျပန္မႈအား (၁၅-၄-၂၀၂၀) ရက္ေန႔မွစ၍ နံနက္ (၉)နာရီမွ (၁၀) နာရီအၾကားတြင္ တစ္ႀကိမ္ႏွင့္ ည (၈)နာရီမွ (၉) နာရီအၾကားတြင္ တစ္ႀကိမ္တို႔ျဖင့္ ထုတ္ျပန္သြားမည္ျဖစ္ပါသည္။

credit