ဝမ်းချုပ်သူများအတွက် အကြောပြေ ဝမ်းမှန်စေရန်

0
227

ဝမ်းချုပ်သူများအတွက် အကြောပြေ၊ ခါးနာပြေ၍ ဝမ်းမှန်စေသည့် ကရွတ်ခွေ

ထမင်းစားတဲ့အခါမှာ ထမင်းတစ်လုပ်၊ ရေတစ်မှုတ် သောက်တတ်သူတွေ၊ ထမင်းစားပြီးတဲ့အခါ ရေကို ဗိုက်တင်းအောင် သောက်တတ်သူတွေဟာ သွေးပြစ်ခြင်း၊ ဝမ်းချုပ်ခြင်း၊ စမြင်းခံခြင်းနဲ့

ကိုယ်လက်တောင့်တင်းခြင်း မလုပ်ချင် မကိုင်ချင်အောင် ကိုယ်လက်မအီမသာဖြစ်ခြင်း စတာတွေ ခံစားရလေ့ ရှိတတ်ပါတယ်။ထမင်းစားတဲ့အခါ နှစ်ရှည်လများ ရေအေးသောက်လာတဲ့သူတွေအတွက်

အထက်ပါဝေဒနာတွေ ကင်းဝေးစေဖို့ တစ်လတန်သည် နှစ်လတန်သည် ဝမ်းကို ပြန်ကျင့် ပေးရပါတယ်။

၁။ ထမင်းစားနေဆဲနဲ့ စားပြီးပြီးခြင်း ရေအေး/ရေခဲရည် လုံးဝမသောက်ပါနဲ့။

၂။ ရေနွေးအနည်းငယ်နဲ့ ဟင်းချို တဝသောက်လို့ရပါတယ်။

၃။ စားပြီးပြီးခြင်း ထန်းလျက်အညို တစ်ခဲ စားပေးပါ။

၄။ ရေကိုနာရီဝက်ကျော်မှသာ နည်းနည်းခြင်း သောက်ပါ။

၅။ ထမင်းစားပြီး တစ်နာရီကျော်သွားရင်တော့ သောက်လို့ရပါပြီ။ ရေခဲရည်ကိုတော့ လုံးဝမသောက်ပါနဲ့။ အခုပြောတာက ဝမ်းမချုပ်၊ သွေးမပြစ်ရအောင် အလေ့အကျင့် ပြုလုပ်ရမယ့် နည်းပါ။

အခုပေးမယ့်နည်းက ဝမ်းချုပ်လွန်းသူများ လုပ်ဆောင်ရမယ့်နည်းပါ။

၁။ နံနက်စောစော အိပ်ရာထမှာ ရေလည်းမသောက်ရသေးမီ၊ ဘာမှမစားရသေးမီ ပုဆိုးတစ်ထည်ကို ကရွတ်ခွေပြုလုပ်ပြီး၊ဝမ်းလျားမှောက် အနေအထားနဲ့ ချက်အောက်မှာထားပါ။

၂။ အသက်ကို တစ်ဝရှူပြီး လေကိုဖြေးညှင်းစွာ ပြန်ထုတ်ခြင်းနဲ့အတူ ချက်ကိုကရွတ်ခွေပေါ် ဖိချပါ။ စိတ်ထဲကလည်း အမှတ်စဉ်(၁) ကနေ (၁၀)အထိ ဆိုပါ။ အဲ့အချိန်မှာ အသက်အောင့်ထားပေးပါ။

၃။ ၎င်းကဲ့သို့ (၅)ကြိမ် ပြုလုပ်ပါ။ တချို့က (၃)ကြိမ်မျှ လုပ်ရုံနှင့်ပင် ဝမ်းသွားပါသည်။ တချို့က (၅)ကြိမ်၊ တချို့က (၇)ကြိမ် ပြုလုပ်ရပါသည်။ တစ်ဦးနှင့်တစ်ဦး အကြိမ်ရေ ကွာခြားနိုင်ပါသည်။

၄။ အဆိုပါနည်းသည် ဝမ်းကြောတင်းခြင်း၊ ခါးကြောတင်းခြင်းနှင့် ခါးနာခြင်းများကို အမှန်တကယ် ပျောက်ကင်းစေပါသည်။

မှတ်ချက်။ ဝမ်းဗိုက်ခွဲထားသူများ အစာအိမ်ဝေဒနာ ပြင်းထန်သူများ ဤနည်းကို မသုံးသင့်ပါ။

ကျန်းမာချမ်းသာကြပါစေ