မင်္ဂလာ သတင်းလေး မို့ အတည်ပြုပြီး တင်ပေးလိုက်ပါပြီ ကောလဟာလမဟုတ် သတင်းအမှန်ပါ။
0
1388
မင်္ဂလာ သတင်းလေး မို့ confirmအတည်ပြုပြီး တင်ပေးလိုက်ပါပြီ။……ကောလဟာလမဟုတ် သတင်းအမှန်ပါ။ ဖတ်ကြည့်ကြပါ။ အားရှိသွားပီလေ။
ကောလဟာလမဟုတ် သတင်းအမှန်ပါ။
တရုတ် နိုင်ငံ က COVID-19 ကာကွယ်ဆေး ကို ထုတ်လုပ်လိုက်တယ် ဆိုတဲ့ သတင်းဟာအမှန်ပါ။
ကောလဟာလ မဟုတ်ပါဘူး သတင်းအမှန်ပါ။
china Xinhua News(ဆင်ဟွာ သတင်းဌာန)က ဒီ‌ကနေ့ မှာအတည်ပြု ရေးသားခဲ့တာပါ။
အခုဒီဆေးကို လူခန္ဓာကိုယ်မှာ စမ်းသပ်ဖို့တရုတ်အာဏာပိုင်တွေက ခွင့်ပြုလိုက်ပါပြီ။
ဆေးရဲ့ ဘေးထွက် ဆိုးကျိုး နည်းပြီးကောင်းကျိုး သက်ရောက်‌မှု တွေ များဖို့အတွက် ကမ္ဘာသူ ကမ္ဘာသားတွေ အားလုံးဝိုင်းဆုတောင်းပေးရမှာပါ။
အောင်မြင်ပါစေ……….
မဂ်လာ သတင်းလေး မို့ confirmအတည်ပြုပြီး တင်ပေးလိုက်ပါပြီ။……
ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက်ရန်အတွက် ကာကွယ်ဆေး နှစ်မျိုးအား လူသားများနှင့် စမ်းသပ်ရန် တရုတ်အစိုးရက သဘောတူခွင့်ပြုထားကြောင်း အစိုးရမီဒီယာဆင်ဟွာက ဧပြီ ၁၄ တွင်ဖော်ပြခဲ့သည်။
ယင်းကာကွယ်ဆေးနှစ်မျိုးကို China National Pharmaceutical Group (Sinopharm) လက်အောက်ရှိ Wuhan Institute of Biological Products ကုမ္ပဏီနှင့် ပေကျင်းအခြေစိုက် Sinovac Research and Development က ထတ်လုပ်ခဲ့ခြင်းဖြစ်သည်။
ထိုကာကွယ်ဆေးများသည် လူနှင့် စမ်းသပ်ရန်အတွက် ကမ္ဘာတွင် ပထမဆုံးခွင့်ပြုချက်ရရှိသော ကာကွယ်ဆေးများ ဖြစ်သည်ဟု Global Times က ဖော်ပြခဲ့သည်။
Sinopharm သည် ကနဦးလက်တွေ့စမ်းသပ်မှုအတွက် ဆေး ၅၀,၀၀၀ ထုတ်လုပ်ထားပြီး ထုတ်လုပ်မှု ပုံမှန်ပြန်ဖြစ်ပါက တစ်နှစ်လျှင် ကာကွယ်ဆေး သန်း ၁၀၀ အထိ ထုတ်လုပ်နိုင်မည်ဟု ဆင်ဟွာက ဆိုသည်။
လက်တွေ့စမ်းသပ်မှု၏ ပထမအဆင့်မှာ မတ်လကုန်တွင် ပြီးစီးခဲ့ပြီး ဒုတိယအဆင့်ကို ဧပြီ ၁၂ ရက်တွင် စတင်ခဲ့ကြောင်း သိရသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ၎င်းသည် ဒုတိယအဆင့် လက်တွေ့စမ်းသပ်မှုကို ပြုလုပ်နေသော ကမ္ဘာ့ပထမဆုံး COVID-19 ကာကွယ်ဆေးဖြစ်ကြောင်း သိရသည်။
ကမ္ဘာတစ်ဝန်းမှ သိပ္ပံပညာရှင်များသည် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို အပူတပြင်း ကြိုးပမ်းနေကြသည်။
လာမည့်နှစ်အစောပိုင်းတွင် ကာကွယ်ဆေးကို အစောဆုံးထုတ်လုပ်နိုင်ရန် ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီများက ဆောင်ရွက်နေကြသည်။ ယင်းက ကာကွယ်ဆေးထုတ်လုပ်ရန် အချိန်ကို သိသိသာသာကြီး လျှော့ချနိုင်ခြင်းဖြစ်မည်ဖြစ်သည်။
ပုံမှန်အားဖြင့် ကာကွယ်ဆေးထုတ်လုပ်ရန် ၁၀ နှစ်ကျော် အချိန်ကြာမြင့်တတ်သည်။
ကမ္ဘာတစ်ဝန်းတွင် ကိုရိုနာဗိုင်းရပ်စ်အတွက် ကာကွယ်ဆေး ၇၀ ကို စမ်းသပ်ထုတ်လုပ်နေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုထားသည်။
ယင်းကာကွယ်ဆေးများအနက် သုံးမျိုးကို လူများနှင့် စမ်းသပ်နေပြီးဖြစ်သည်။
ဟောင်ကောင်အခြေစိုက် CanSino Biologics နှင့် Beijing Institute of Biotechnology တို့ ပူးတွဲထုတ်လုပ်သော ကာကွယ်ဆေးသည် တိုးတက်မှု အလျင်မြန်ဆုံးဖြစ်ပြီး လူသားများတွင် စမ်းသပ်သည့် ဒုတိယအဆင့်ကို ပြီးခဲ့သည့် သီတင်းပတ်ကစတင်ခဲ့သည်။
လူများတွင် စမ်းသပ်နေသော နောက်ထပ်ကာကွယ်ဆေး နှစ်မျိုးသည် အမေရိကန်ဆေးကုမ္ပဏီ Moderna နှင့် Inovio Pharmaceuticals တို့၏ ဆေးများဖြစ်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုသည်။
Credit : Eleven Media Group
အောင်မြင်ပါစေ……….