ထီထိုးသူတိုင်း သိထားဖို့ ထီလ က်မှတ်တစ်ဆောင်ကို ထီ နှစ်ခါ ပေါက်နိုင်တယ်ဆိုတာ (ဆယ်စောင်တွဲ အခါနှစ်ဆယ်ပေါက်)

0
159

ထီ လက်မှတ်တစ်စောင်က (၅)သောင်းဆု နှစ်ခါပေါက်တာ တစ်သိန်းထုတ်မပေးတဲ့ထီဆိုင်။ယခု ပုံပါထီလက်မှတ် ၁၀ စောင်သည် ၅သောင်းဆုတွင် ၂ ခါ ပြန် ပါသည့်အတွက် ထီလက်မှတ် ၁ စောင်တည်းဖြင့် ၅သောင်း၂ဆု =၁သိန်း ၁ဝစောင်ဆိုလျှင် ၁၀ သိန်းရရှိမှာဖြစ်ပါတယ်။ပဲခူးမြို့ပေါ် ရှိ ထီဆိုင်တစ်ဆိုင်မှ ဝန်ထမ်းကောင်မလေးတစ်ဦးက ယခုဖော်ပြပါ ထီလက်မှတ်ကို ၅သောင်း ၁၀ ဆု= ၅သိန်း ပဲ ရရှိမည်ဟု ထီပေါက်သူ အစ်ကို ၂ ဦးအား ပြောပါတယ်တဲ့။

ကျနော့် ဆီကို ထီပေါက်သူ အစ်ကို နှစ်ဦးလာရောက် ပြောကြား၍ ကျနော်က ၁ဝသိန်းရရှိမှာဖြစ်ကြောင်း ရှင်းပြလိုက်ရပါသည်။ထီဆိုင်က အရောင်းဝန်ထမ်းကောင်မလေးကို ထို အစ်ကိုနှစ်ဦးက ထပ်မံမေးမြန်းရာ ထီပေါက်စဉ်မှာ နှစ်ခါ ရိုက်မိကြောင်းနှင့် မိမိတို့ ပင်ရင်းဆိုင်မှာသာ သွားထုတ်လိုက်ပါဟု လမ်းညွှန်ပြန်တယ်။ထိုအစ်ကိုနှစ်ဦး အကူညီတောင်းခံမှုကြောင့် ယခုပုံပါ ထီပေါက်လက်မှတ် ၅သောင်း ၂ဝဆု =၁ဝသိန်းကို ထုတ်ပေးလိုက်ရပါတယ်။

ထီလက်မှတ်တစ်စောင်က ဆုမဲ ဂဏန်းတွေ ထပ်နေပါစေအကြိမ်ကြိမ် ထပ်ခါထပ်ခါ ပေါက်ခွင့်ရှိပါတယ်(ဥပမာ.မိမိထိုးထားတဲ့ ထီလက်မှတ်က သိန်း ၁သောင်းမှာရော.နောက်ထပ် သိန်း ၅ထောင်မှာရော အကုန်တူနေပါက နှစ်ထပ်ကွမ်း သိန်း ၁သောင်း ၅ထောင် ရရှိမှာပါ)အဲ့ဒါတွေကို ထီဆိုင်က ဝန်ထမ်းကောင်မလေးတွေက မသိတာလား တမင် မသိချင်ယောင်ဆောင်နေသလား ထီဆိုင်နာမည်ကိုတော့ လူမှုရေးသဘောအရ မတင်တော့ပါဘူး။နားမလည်မှုများရှိပါက ကျနော့်ဖုန်း 0943160378ကို ဆက်သွယ်ပါ။အတတ်နိုင်ဆုံး ကူညီပါမည်။

Creidt:ကိုလင်းထွဋ်(မင်္ဂလာရွှေမောင်း)




