သူတစ်ပါး အလှူကိုု ပိတ်ပင် တားဆီးသူတစ်ဦး၏ အကုသိုလ်

0
101

ဒါနကိို ပစ်ပယ်သူ၏ ဆိုးကျိုး

ဒေါ်ခင်ရီသည် ရပ်ကွက်ထဲတွင် နှမြောတွန့်တိုရုံမျှမက မိိမိလင်သားနှင့် သားသမီးများ လှူဒါန်းလျှင်သော် လည်းကောင်း

အိမ်နီးနားချင်း တစ်ဦးဦး လှူဒါန်းလျှင်သော်လည်းကောင်း ပိိတ်ပင် တားဆီးလေ့ ရှိပါတယ်။

ဤသို့ ဒါနပြုရန် ပိတ်ပင် တားဆီးခြင်းသည် အကုသိုလ်် အလွန်ကြီးသော အမှုဖြစ်ပေသည်။

ကွေးသောလက် မဆန့်မီ ဆန့်သောလက် မကွေးမှီ ဆိုသည့်အတိုင်း ဒေါ်ခင်ရီသည် ရေချိုးမှားပြီး အပြင်းဖျားကာ ကွယ်လွန်သွားခဲ့လေသည်။

ထုံးစံအတိုင်းပဲ ရက်လည်ဆွမ်းကျွေးတာပေါ့…

နောက်တစ်နေ့တွင်… ဒေါ်ခင်ရီသည် သူမ၏သမီးငယ်အား အိပ်မက်ပေးလေ သည်။

အိိပ်မက်ထဲတွင် အမေဖြစ်သူမှာ…ပိန်လှီလှပြီး အရိုးပေါ်အရေတင်ရုံသာ ရှိပါတယ်။ အဝတ်အစားမပါပဲ ကိိုယ်တုံးလုံးဖြစ်နေတယ်တဲ့။

အမေဖြစ်သူမှလည်း အိပ်မက်ထဲမှာ သမီးဖြစ်သူကိို ပြောပြပါတယ်။

သမီးရယ် အမေ့ကိုကယ်ပါဦး… အမေ့မှာ စားစရာ ဝတ်စရာမရှိ ဖြစ်နေပြီ။ သမီးမြင်ရတဲ့အတိုင်းပဲ။

အမေရယ်… အမေဆုံးတဲ့နေ့ကလည်း သက်ပျောက်ဆွမ်း ကျွေးတယ်။ ရက်လည်တဲ့နေ့ကလည်း သံဃာတော်များပင့်ပြီး ဆွမ်းကျွေးတယ်။ သင်္ကင်္န်းတွေ လှူဒါန်းပေးတယ်။

သမီးတိို့ အမျှပေးဝေတာ အမေ မရဘူးလား-?

ခေါ်လို့ မရပါဘူးသမီးရယ်…

ဟင်-ဘာဖြစ်လို့လဲ အမေ-?

အင်း… ကိုယ်ပြုတဲ့ကံ ကိုယ်ပြန်ခံရတာပါ သမီးရယ်။

အမေမသေခင်က ကိုယ်ကိုယ်တိုင်မလှူတဲ့ အပြင် သူတစ်ပါးပြုတဲ့ဒါနကိုပင် ပိတ်ပင်တားဆီးခဲ့တဲ့ အကုသိုလ်ကံကြောင့်

အခု အမေ့မှာ သာဓုခေါ်စရာ ပါးစပ်ပေါက် ပါမလာဘူး သမီးရယ်ဟု ပြောပြီး ပါးစပ်ပေါက်ပါမလာသော မျက်နှာအား ပြသဖြင့် သမီးဖြစ်သူမှာ လန့်ပြီး အိပ်ရာမှ နိုးသွားခဲ့ပါတယ်။

ဒေါ်ခင်ရီကား… ပြိတ္တာဘုံဘဝမှ ကျွတ်လွတ်ရန်မလွယ်ကူတော့ချေ။

ဒါနနှင့်ပတ်သက်၍ ပိိတ်ပင်တားဆီးသူ အချို့ကို တွေ့မြင်ဘူးပါသည်။ ဘုရားဟော တရားတော်ကို အထင်သေးသူများ ဖြစ်ကြ၏။

ဒါနနှင့် ပတ်သက်၍ အကျိုးကျေးဇူးများစွာရှိကြောင်း ဗုဒ္ဓစာပေများအား လေ့လာခြင်းဖြင့် တွေ့ရှိနိုင်ပေသည်။

သို့ဖြစ်ပါ၍ ဒါနသာ မက ဝိပဿနာကုသိုလ်ထူးကြီးကိုပါ ကျိုးစားအားထုတ်ခြင်းဖြင့် လူချမ်းသာ နတ်ချမ်းသာနှင့် နိဗ္ဗာန်ချမ်းသာကိုပါ ရရှိိစေမည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။

မေတ္တာဖြင့်…အရှင်ပုည( ဝကုန်း )

သူတစ္ပါး အလွဴကိုု ပိတ္ပင္ တားဆီးသူတစ္ဦး၏ အကုသိုလ္

ဒါနကိုိ ပစ္ပယ္သူ၏ ဆိုးက်ိဳး

ေဒၚခင္ရီသည္ ရပ္ကြက္ထဲတြင္ ႏွေျမာတြန္႔တိုရံုမွ်မက မိိမိလင္သားႏွင့္ သားသမီးမ်ား လွဴဒါန္းလ်ွင္ေသာ္ လည္းေကာင္း

အိမ္နီးနားခ်င္း တစ္ဦးဦး လွဴဒါန္းလ်ွင္ေသာ္လည္းေကာင္း ပိိတ္ပင္ တားဆီးေလ့ ရွိပါတယ္။

ဤသို႔ ဒါနျပဳရန္ ပိတ္ပင္ တားဆီးျခင္းသည္ အကုသိုလ္္ အလြန္ႀကီးေသာ အမႈျဖစ္ေပသည္။

ေကြးေသာလက္ မဆန္႔မီ ဆန္႔ေသာလက္ မေကြးမီွ ဆိုသည့္အတိုင္း ေဒၚခင္ရီသည္ ေရခ်ိဳးမွားၿပီး အျပင္းဖ်ားကာ ကြယ္လြန္သြားခဲ႔ေလသည္။

ထုံးစံအတိုင္းပဲ ရက္လည္ဆြမ္းေကြ်းတာေပါ့…

ေနာက္တစ္ေန႔တြင္… ေဒၚခင္ရီသည္ သူမ၏သမီးငယ္အား အိပ္မက္ေပးေလ သည္။

အိိပ္မက္ထဲတြင္ အေမျဖစ္သူမွာ…ပိန္လွီလွၿပီး အရိုးေပၚအေရတင္ရံုသာ ရွိပါတယ္။ အဝတ္အစားမပါပဲ ကိုိယ္တုံးလုံးျဖစ္ေနတယ္တဲ႔။

အေမျဖစ္သူမွလည္း အိပ္မက္ထဲမွာ သမီးျဖစ္သူကိုိ ေျပာျပပါတယ္။

သမီးရယ္ အေမ့ကိုကယ္ပါဦး… အေမ့မွာ စားစရာ ဝတ္စရာမရွိ ျဖစ္ေနၿပီ။ သမီးျမင္ရတ့ဲအတိုင္းပဲ။

အေမရယ္… အေမဆုံးတ့ဲေန႔ကလည္း သက္ေပ်ာက္ဆြမ္း ေက်ြးတယ္။ ရက္လည္တ့ဲေန႔ကလည္း သံဃာေတာ္မ်ားပင့္ၿပီး ဆြမ္းေက်ြးတယ္။ သကၤၤန္းေတြ လွဴဒါန္းေပးတယ္။

သမီးတိုိ႔ အမ်ွေပးေဝတာ အေမ မရဘူးလား-?

ေခၚလို႔ မရပါဘူးသမီးရယ္…

ဟင္-ဘာျဖစ္လို႔လဲ အေမ-?

အင္း… ကိုယ္ျပဳတ့ဲကံ ကိုယ္ျပန္ခံရတာပါ သမီးရယ္။

အေမမေသခင္က ကိုယ္ကိုယ္တိုင္မလွဴတ့ဲ အျပင္ သူတစ္ပါးျပဳတ့ဲဒါနကိုပင္ ပိတ္ပင္တားဆီးခ့ဲတ့ဲ အကုသိုလ္ကံေၾကာင့္

အခု အေမ့မွာ သာဓုေခၚစရာ ပါးစပ္ေပါက္ ပါမလာဘူး သမီးရယ္ဟု ေျပာၿပီး ပါးစပ္ေပါက္ပါမလာေသာ မ်က္ႏွာအား ျပသျဖင့္ သမီးျဖစ္သူမွာ လန္႔ၿပီး အိပ္ရာမွ ႏိုးသြားခ့ဲပါတယ္။

ေဒၚခင္ရီကား… ၿပိတၱာဘုံဘဝမွ က်ြတ္လြတ္ရန္မလြယ္ကူေတာ့ေခ်။

ဒါနႏွင့္ပတ္သက္၍ ပိိတ္ပင္တားဆီးသူ အခ်ိဳ႕ကို ေတြ႔ျမင္ဘူးပါသည္။ ဘုရားေဟာ တရားေတာ္ကို အထင္ေသးသူမ်ား ျဖစ္ၾက၏။

ဒါနႏွင့္ ပတ္သက္၍ အက်ိဳးေက်းဇူးမ်ားစြာရွိေၾကာင္း ဗုဒၶစာေပမ်ားအား ေလ့လာျခင္းျဖင့္ ေတြ႔ရွိႏိုင္ေပသည္။

သို႔ျဖစ္ပါ၍ ဒါနသာ မက ဝိပႆနာကုသိုလ္ထူးႀကီးကိုပါ က်ိဳးစားအားထုတ္ျခင္းျဖင့္ လူခ်မ္းသာ နတ္ခ်မ္းသာႏွင့္ နိဗၺာန္ခ်မ္းသာကိုပါ ရရွိိေစမည္ျဖစ္ပါေၾကာင္း ေရးသားလိုက္ရေပသည္။

ေမတၱာျဖင့္…အရွင္ပုည( ဝကုန္း )