ဗစ်တိုးရီးယားအမှုရဲအရာရှိကြီး၃ ဦးကိုအရေးယူထားဟု ဦးဇော်ဌေးပြော

0
147

ေနျပည္ေတာ္ ေန႔ကေလးထိန္းေက်ာင္းမွာ ျဖစ္ပြားခဲ့တဲ့ ဗစ္တိုးရီးယားအမႈကိစၥနဲ႔ ပတ္သက္ၿပီး တာဝန္ရွိတဲ့ ရဲအရာရွိႀကီး ၃ ဦးကို အေရးယူခဲ့တယ္လို႔ သမၼတ႐ုံးေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌးက ေျပာပါတယ္။

ရာထူးတိုးျမႇင့္ျခင္းရပ္ဆိုင္းတဲ့ ျပစ္ဒဏ္ခ်မွတ္ထားတာ ျဖစ္ၿပီး ရဲအရာရွိႀကီးေတြရဲ႕ နာမည္ေတြကိုေတာ့ ထုတ္ေဖာ္ေျပာဆိုသြားျခင္း မရွိခဲ့ပါဘူး။

Wisdom Hill ေက်ာင္းမွာ ေက်ာင္းတက္ေနတဲ့ ဗစ္တိုးရီးယားေလးဟာ ၂၀၁၉ ေမလအတြင္းက လိင္အၾကမ္းဖက္ခံခဲ့ရတာလည္း ျဖစ္ပါတယ္။

ေနျပည္ေတာ္မွာရွိတဲ့ Wisdom Hill မူႀကိဳေက်ာင္းမွာ ေက်ာင္းသူေလးတဦး လိင္ပိုင္းဆိုင္ရာက်ဴးလြန္ခံရတယ္ဆိုတဲ့အေပၚမွာ ရဲတပ္ဖြဲ႕ရဲ႕ ကိုင္တြယ္ေဆာင္႐ြက္ပုံနဲ႔ ပတ္သက္ၿပီး လူထုၾကားမွာ ေဝဖန္မႈေတြ ျမင့္တက္ခဲ့တာပါ။

ရဲတပ္ဖြဲ႕က တရားခံလို႔ ယူဆၿပီး တရားစြဲဆိုခဲ့တဲ့ ေက်ာင္းအုပ္ခ်ဳပ္ေရးမႉးရဲ႕ ယာဥ္ေမာင္းကိုလည္း ၿပီးခဲ့တဲ့ႏွစ္ ဒီဇင္ဘာ ၈ ရက္‌ေန႔မွာ တရား႐ုံးက တရားရွင္ျပန္လႊတ္ေပးခဲ့ၿပီး ဗစ္တိုးရီးယားအမႈျဖစ္စဥ္ဟာလည္း လက္ရွိအခ်ိန္ထိ အေျဖမရွာႏိုင္ဘဲ ၿပီးဆုံးသြားခဲ့ရတာပါ။

DVB TV News

နေပြည်တော် နေ့ကလေးထိန်းကျောင်းမှာ ဖြစ်ပွားခဲ့တဲ့ ဗစ်တိုးရီးယားအမှုကိစ္စနဲ့ ပတ်သက်ပြီး တာဝန်ရှိတဲ့ ရဲအရာရှိကြီး ၃ ဦးကို အရေးယူခဲ့တယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။

ရာထူးတိုးမြှင့်ခြင်းရပ်ဆိုင်းတဲ့ ပြစ်ဒဏ်ချမှတ်ထားတာ ဖြစ်ပြီး ရဲအရာရှိကြီးတွေရဲ့ နာမည်တွေကိုတော့ ထုတ်ဖော်ပြောဆိုသွားခြင်း မရှိခဲ့ပါဘူး။

Wisdom Hill ကျောင်းမှာ ကျောင်းတက်နေတဲ့ ဗစ်တိုးရီးယားလေးဟာ ၂၀၁၉ မေလအတွင်းက လိင်အကြမ်းဖက်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။

နေပြည်တော်မှာရှိတဲ့ Wisdom Hill မူကြိုကျောင်းမှာ ကျောင်းသူလေးတဦး လိင်ပိုင်းဆိုင်ရာကျူးလွန်ခံရတယ်ဆိုတဲ့အပေါ်မှာ ရဲတပ်ဖွဲ့ရဲ့ ကိုင်တွယ်ဆောင်ရွက်ပုံနဲ့ ပတ်သက်ပြီး လူထုကြားမှာ ဝေဖန်မှုတွေ မြင့်တက်ခဲ့တာပါ။

ရဲတပ်ဖွဲ့က တရားခံလို့ ယူဆပြီး တရားစွဲဆိုခဲ့တဲ့ ကျောင်းအုပ်ချုပ်ရေးမှူးရဲ့ ယာဉ်မောင်းကိုလည်း ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၈ ရက်‌နေ့မှာ တရားရုံးက တရားရှင်ပြန်လွှတ်ပေးခဲ့ပြီး ဗစ်တိုးရီးယားအမှုဖြစ်စဉ်ဟာလည်း လက်ရှိအချိန်ထိ အဖြေမရှာနိုင်ဘဲ ပြီးဆုံးသွားခဲ့ရတာပါ။

DVB TV News