Vaseline ရဲ့တမူထူးခြားအသုံးဝင်တဲ့ နည်းလမ်းကောင်းလေးများ

0
152

Vaseline လို့ပြောလိုက်ရင် မိန်းကလေးတိုင်းလိုလိုသိကြပါတယ်။Vaselineက အလှအပအတွက် အများကြီးအသုံးဝင်တာမို့ အိမ်မှာ Vaseline တစ်ဘူးဝယ်ထားရင် မျိုးစုံသုံးလို့ရပါတယ်။Vaseline ကို များသောအားဖြင့် အသားအရည်ချောမွေ့ဖို့၊ အဆီဓာတ်ဖြည့်ဖို့ပဲသုံးလေ့ရှိကြပါတယ်။ဒါပေမဲ့Vaseline ကိုအဲ့ဒါတွေအပြင် တခြားနေရာတွေမှာပါသုံးလို့ရပါသေးတယ်။ဘာတွေလဲဆိုတော့…

၁)မိတ်ကပ်ဖျက်တဲ့အခါ

မိတ်ကပ်ဖျက်ဆေး၊Remover ကုန်နေရင် Vaseline ကိုသုံးပေးလို့ရပါတယ်။Vaseline အနည်းငယ်ကိုမျက်နှာအနှံ့ပွတ်လိမ်းပြီးဖျက်ပါ။ပြီးရင်မျက်နှာသစ်ဆးနဲ့ပြောင်စင်အောင်ဆေးပါ။

၂)အသားအရည်ခြောက်တဲ့အခါ

ဆောင်းတွင်းမှာဖြစ်စေ၊တခြားအချိန်တွေမှာဖြစ်စေ အသားအရည်ကခြောက်ကပ်နေတယ်လို့ ခံစားနေရပါသလား?ညအိပ်ရာမဝင်ခင် Vaseline ကိုလိမ်းအိပ်ပါ။ညဘက်မှာဆဲလ်တွေ ကပြောင်းလဲပြီး Vaselineက အားဖြည့်ပေးတာကြောင့်မနက်နိုးတဲ့အခါစိုပြည်တဲ့အသားအရည် ကိုပိုင်ဆိုင်ရပါလိမ့်မယ်။ခြေဖနောင့်ကွဲအက်ခြောက်သွေ့တာကိုလည်းသက်သာစေပါတယ်။

၃)နှုတ်ခမ်းခြောက်တဲ့အခါ

အခုကဆောင်းတွင်းဆိုတော့ ပိုပြီးတော့တောင်လိုအပ်ပါသေးတယ်။ ညအိပ်ရာမဝင်ခင်ဖြစ်စေ၊နှုတ်ခမ်းနီမဆိုးခင်မှာဖြစ်စေ Vaseline အနည်းငယ်ကိုလိမ်းပေးထားပါ။ညတစ်ညလုံးလိမ်းထားပေးရင် နှုတ်ခမ်းခြောက်တာကိုသက်သာစေပြီး နှုတ်ခမ်းနီမဆိုးခင်ဆိုးပေးရင်လည်း နှုတ်ခမ်းသားပျက်စီးတာကိုကာကွယ်ပေးနိုင်ပါတယ်။

၄)မျက်တောင်လေးတွေရှည်ချင်တဲ့အခါ

မျက်တောင်လေးကတိုတိုလေးမို့ စိတ်ညစ်မနေပါနဲ့။Vaseline ရှိနေပါပြီ။Vaselineကို မျက်တောင်ကော့ဆေးဘူးအဟောင်းလေးထဲထည့်ပြီးမျက်တောင်ကော့တံလေးသုံးပြီး ညတိုင်းပုံမှန်ကော့ပေးပါ။မျက်တောင်ကိုအားဖြည့်ပေးပြီး မြန်မြန်ရှည်လာနိုင်ပါတယ်။

၅)လက်သည်းခြေသည်းလေးတွေထိန်းသိမ်းချင်တဲ့အခါ

လက်သည်းနီတွေဆိုးပါများရင်လက်သည်းကျန်းမာရေးကိုထိခိုက်စေပါတယ်။အဲ့ဒါကြောင့် လက်သည်းနီမဆိုးတဲ့အချိန်မှာ Vaseline ကို လက်သည်းလေးတွေ၊ခြေသည်းလေးတွေပေါ်မှာ လိမ်းပေးပြီးအားဖြည့်ပေးပါ။တစ်ပတ်ကို ၁ခါလောက်ပုံမှန်လုပ်ပေးရင်ကျန်းမာတဲ့ လက်သည်းလှလှလေးတွေပိုင်ဆိုင်ရမှာပါ။

၆)ခန္ဓာကိုယ်ချေးချွတ်ချင်တဲ့အခါ

နှစ်ပတ်ကိုတစ်ခါလောက်တော့ ခန္ဓာကိုယ်ကိုပေါင်းတင်ချေးချွတ်လုပ်ပေးသင့်ပါတယ်။ ဆိုင်မှာလည်းသွားမလုပ်ချင်ဘူးဆိုရင် ဆားအနည်းငယ်နဲ့ Vaseline ကိုရောပြီးလိမ်းပေးပါ။ ဆားက ဆဲလ်သေတွေဖယ်ရှားပေးပြီး Vaselineက အသားအရည်ခြောက်မသွားအောင် အဆီဓာတ်ကိုထိန်းပေးနိုင်ပါတယ်။နာရီဝက်လောက်ထားပြီးရင် ရေချိုးသန့်စင်လို့ရပါပြီ။

၇)လက်စွပ်ချွတ်ရကျပ်နေတဲ့အခါ

ကိုယ်အရမ်းကြိုက်တဲ့လက်စွပ်မို့လို့ ကျပ်နေလည်းဝတ်ဖြစ်တယ်ဆိုပါတော့။ပြန်ချွတ်တဲ့အခါ အလွယ်တကူချွတ်လို့ရမှာမဟုတ်ပါဘူး။ဒါပေမဲ့ မပူပါနဲ့။Vaselineရှိရင်အဆင်ပြေပါတယ်။ လက်စွပ်စွပ်ထားတဲ့လက်ချောင်းကို Vaseline နည်းနည်းသုတ်လိမ်းပါ။ပြီးမှလှည့်ခွှတ်ကြည့်ပါ။ အဆီကြောင့်အလွယ်တကူချွတ်လို့ရသွားမှာပါ။

၈)ရှူးဖိနပ်တွေအရောင်မှိန်နေတဲ့အခါ

ရှူးဖိနပ်တွေအရောင်မှိန်နေလို့အရောင်တင်ဖို့လိုနေပြီလား?Vaselineကိုသတိရလိုက်ပါ။Vaseline အနည်းငယ်ကိုယူပြီးသွားပွတ်တံအဟောင်းလေးနဲ့သုတ်ပေးပါ။တောက်ပြောင်သွားပါလိမ့်မယ်။

၉)ရေမွှေးနံ့တစ်နေကုန်စွဲနေချင်တဲ့အခါ

ရေမွှေးကတစ်နေကုန်မခံဘူးလား?အဲ့ဒါဆိုရင်ရေမွှေးဆွတ်ရမယ့်အဓိကနေရာလေးတွေကို ရေမွှေးမဆွတ်ခင် Vaseline အနည်းငယ်လိမ်းပေးပါ။ပြီးမှဆွတ်ပါ။ ရေမွှေးနံ့တစ်နေကုန်သင်းပျံ့နေပါလိမ့်မယ်။

၁၀)ဆံပင်တွေရှုပ်ပွနေတဲ့အခါ

ခေါင်းလျှော်ပြီးလို့ အုန်းဆီကလည်းမရှိဘူးဆိုရင် Vaseline အနည်းငယ်ကို ယူပြီးလက်မှာပွတ်ပါ။ပြီးရင်ခေါင်းကိုသပ်ချပေးမယ်ဆိုရင် ဆံပင်တွေရှုပ်ပွမနေတော့ပဲ သပ်သပ်ရပ်ရပ်လေးဖြစ်သွားပါလိမ့်မယ်။

Credit:trend

Vaseline ရဲ႕တမူထူးျခားအသုံးဝင္တဲ့ နည္းလမ္းေကာင္းေလးမ်ား

Vaseline လို႔ေျပာလိုက္ရင္ မိန္းကေလးတိုင္းလိုလိုသိၾကပါတယ္။Vaselineက အလွအပအတြက္ အမ်ားႀကီးအသုံးဝင္တာမို႔ အိမ္မွာ Vaseline တစ္ဘူးဝယ္ထားရင္ မ်ိဳးစုံသုံးလို႔ရပါတယ္။Vaseline ကို မ်ားေသာအားျဖင့္ အသားအရည္ေခ်ာေမြ႕ဖို႔၊ အဆီဓာတ္ျဖည့္ဖို႔ပဲသုံးေလ့ရွိၾကပါတယ္။ဒါေပမဲ့Vaseline ကိုအဲ့ဒါေတြအျပင္ တျခားေနရာေတြမွာပါသုံးလို႔ရပါေသးတယ္။ဘာေတြလဲဆိုေတာ့…

၁)မိတ္ကပ္ဖ်က္တဲ့အခါ

မိတ္ကပ္ဖ်က္ေဆး၊Remover ကုန္ေနရင္ Vaseline ကိုသုံးေပးလို႔ရပါတယ္။Vaseline အနည္းငယ္ကိုမ်က္ႏွာအႏွံ႔ပြတ္လိမ္းၿပီးဖ်က္ပါ။ၿပီးရင္မ်က္ႏွာသစ္ဆးနဲ႔ေျပာင္စင္ေအာင္ေဆးပါ။

၂)အသားအရည္ေျခာက္တဲ့အခါ

ေဆာင္းတြင္းမွာျဖစ္ေစ၊တျခားအခ်ိန္ေတြမွာျဖစ္ေစ အသားအရည္ကေျခာက္ကပ္ေနတယ္လို႔ ခံစားေနရပါသလား?ညအိပ္ရာမဝင္ခင္ Vaseline ကိုလိမ္းအိပ္ပါ။ညဘက္မွာဆဲလ္ေတြ ကေျပာင္းလဲၿပီး Vaselineက အားျဖည့္ေပးတာေၾကာင့္မနက္ႏိုးတဲ့အခါစိုျပည္တဲ့အသားအရည္ ကိုပိုင္ဆိုင္ရပါလိမ့္မယ္။ေျခဖေနာင့္ကြဲအက္ေျခာက္ေသြ႕တာကိုလည္းသက္သာေစပါတယ္။

၃)ႏႈတ္ခမ္းေျခာက္တဲ့အခါ

အခုကေဆာင္းတြင္းဆိုေတာ့ ပိုၿပီးေတာ့ေတာင္လိုအပ္ပါေသးတယ္။ ညအိပ္ရာမဝင္ခင္ျဖစ္ေစ၊ႏႈတ္ခမ္းနီမဆိုးခင္မွာျဖစ္ေစ Vaseline အနည္းငယ္ကိုလိမ္းေပးထားပါ။ညတစ္ညလုံးလိမ္းထားေပးရင္ ႏႈတ္ခမ္းေျခာက္တာကိုသက္သာေစၿပီး ႏႈတ္ခမ္းနီမဆိုးခင္ဆိုးေပးရင္လည္း ႏႈတ္ခမ္းသားပ်က္စီးတာကိုကာကြယ္ေပးႏိုင္ပါတယ္။

၄)မ်က္ေတာင္ေလးေတြရွည္ခ်င္တဲ့အခါ

မ်က္ေတာင္ေလးကတိုတိုေလးမို႔ စိတ္ညစ္မေနပါနဲ႔။Vaseline ရွိေနပါၿပီ။Vaselineကို မ်က္ေတာင္ေကာ့ေဆးဘူးအေဟာင္းေလးထဲထည့္ၿပီးမ်က္ေတာင္ေကာ့တံေလးသုံးၿပီး ညတိုင္းပုံမွန္ေကာ့ေပးပါ။မ်က္ေတာင္ကိုအားျဖည့္ေပးၿပီး ျမန္ျမန္ရွည္လာႏိုင္ပါတယ္။

၅)လက္သည္းေျခသည္းေလးေတြထိန္းသိမ္းခ်င္တဲ့အခါ

လက္သည္းနီေတြဆိုးပါမ်ားရင္လက္သည္းက်န္းမာေရးကိုထိခိုက္ေစပါတယ္။အဲ့ဒါေၾကာင့္ လက္သည္းနီမဆိုးတဲ့အခ်ိန္မွာ Vaseline ကို လက္သည္းေလးေတြ၊ေျခသည္းေလးေတြေပၚမွာ လိမ္းေပးၿပီးအားျဖည့္ေပးပါ။တစ္ပတ္ကို ၁ခါေလာက္ပုံမွန္လုပ္ေပးရင္က်န္းမာတဲ့ လက္သည္းလွလွေလးေတြပိုင္ဆိုင္ရမွာပါ။

၆)ခႏၶာကိုယ္ေခ်းခြၽတ္ခ်င္တဲ့အခါ

ႏွစ္ပတ္ကိုတစ္ခါေလာက္ေတာ့ ခႏၶာကိုယ္ကိုေပါင္းတင္ေခ်းခြၽတ္လုပ္ေပးသင့္ပါတယ္။ ဆိုင္မွာလည္းသြားမလုပ္ခ်င္ဘူးဆိုရင္ ဆားအနည္းငယ္နဲ႔ Vaseline ကိုေရာၿပီးလိမ္းေပးပါ။ ဆားက ဆဲလ္ေသေတြဖယ္ရွားေပးၿပီး Vaselineက အသားအရည္ေျခာက္မသြားေအာင္ အဆီဓာတ္ကိုထိန္းေပးႏိုင္ပါတယ္။နာရီဝက္ေလာက္ထားၿပီးရင္ ေရခ်ိဳးသန႔္စင္လို႔ရပါၿပီ။

၇)လက္စြပ္ခြၽတ္ရက်ပ္ေနတဲ့အခါ

ကိုယ္အရမ္းႀကိဳက္တဲ့လက္စြပ္မို႔လို႔ က်ပ္ေနလည္းဝတ္ျဖစ္တယ္ဆိုပါေတာ့။ျပန္ခြၽတ္တဲ့အခါ အလြယ္တကူခြၽတ္လို႔ရမွာမဟုတ္ပါဘူး။ဒါေပမဲ့ မပူပါနဲ႔။Vaselineရွိရင္အဆင္ေျပပါတယ္။ လက္စြပ္စြပ္ထားတဲ့လက္ေခ်ာင္းကို Vaseline နည္းနည္းသုတ္လိမ္းပါ။ၿပီးမွလွည့္ခႊတ္ၾကည့္ပါ။ အဆီေၾကာင့္အလြယ္တကူခြၽတ္လို႔ရသြားမွာပါ။

၈)ရႉးဖိနပ္ေတြအေရာင္မွိန္ေနတဲ့အခါ

ရႉးဖိနပ္ေတြအေရာင္မွိန္ေနလို႔အေရာင္တင္ဖို႔လိုေနၿပီလား?Vaselineကိုသတိရလိုက္ပါ။Vaseline အနည္းငယ္ကိုယူၿပီးသြားပြတ္တံအေဟာင္းေလးနဲ႔သုတ္ေပးပါ။ေတာက္ေျပာင္သြားပါလိမ့္မယ္။

၉)ေရေမႊးနံ႔တစ္ေနကုန္စြဲေနခ်င္တဲ့အခါ

ေရေမႊးကတစ္ေနကုန္မခံဘူးလား?အဲ့ဒါဆိုရင္ေရေမႊးဆြတ္ရမယ့္အဓိကေနရာေလးေတြကို ေရေမႊးမဆြတ္ခင္ Vaseline အနည္းငယ္လိမ္းေပးပါ။ၿပီးမွဆြတ္ပါ။ ေရေမႊးနံ႔တစ္ေနကုန္သင္းပ်ံ႕ေနပါလိမ့္မယ္။

၁၀)ဆံပင္ေတြရႈပ္ပြေနတဲ့အခါ

ေခါင္းေလွ်ာ္ၿပီးလို႔ အုန္းဆီကလည္းမရွိဘူးဆိုရင္ Vaseline အနည္းငယ္ကို ယူၿပီးလက္မွာပြတ္ပါ။ၿပီးရင္ေခါင္းကိုသပ္ခ်ေပးမယ္ဆိုရင္ ဆံပင္ေတြရႈပ္ပြမေနေတာ့ပဲ သပ္သပ္ရပ္ရပ္ေလးျဖစ္သြားပါလိမ့္မယ္။

Credit:trend