ပြည်သူ့အစိုးရက ပြည်သူရဲ့ အသံကို သိစေချင်တယ်

0
127

“အောက်ခြေက ဒီလိုသာ ဆက်လုပ်နေမယ်ဆိုရင် ပြည်သူတွေတင်ထားတဲ့ ပြည်သူ့ အစိုးရပုံရိပ်ကို အများကြီးထိခိုက်နိုင်တယ်” ဟုဆို

Mytel တာဝါတိုင်ဆောက်လုပ်နေခြင်းကို ရပ်ကွက်နေပြည်သူများ ကန့်ကွက်

မေ (၃၀) AlinnMyay(အလင်းမြေ)

မန္တလေးမြို့၊ အမရပူရ၊ ကျန်တန်းအုပ်စု၊ ပွဲတော်ရပ်ကွက်အတွင်း Mytel တာဝါတိုင်ဆောက်လုပ်နေခြင်းကို ရပ်ကွက်နေပြည်သူများက ကန့်ကွက်နေပါတယ်။ ထိုသို့ ရပ်ကွက်နေ ပြည်သူများကန့်ကွက်နေသော်လည်း Mytel တာဝါတိုင်ဆောက်လုပ်ခြင်းကို ပြန်လည်ဖြုတ်သိမ်းခြင်း မရှိပဲ ဆက်လက်လုပ်ဆောင်နေတယ်လို့ ဒေသခံများရဲ့ ပြောပြချက်အရသိရပါတယ်။

အဆိုပါ Mytel တာဝါတိုင် ဆောက်လုပ်ခြင်းကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလပိုင်းလောက်က မန္တလေးမြို့၊ အမရပူရ၊ ကျန်တန်းအုပ်စု၊ ပွဲတော်ရပ်ကွက်အတွင်း လူနေအိမ်များအကြား၊ မြေပိုင်ရှင် ဦးဆန်းဝင်း ပိုင်ဆိုင်သော ခြံဝင်းအတွင်း၌ စတင်ဆောက်လုပ်ခဲ့သည်ဟု သိရပါတယ်။ ထိုသို့ ရပ်ကွက်အတွင်း လူနေအိမ်များအကြားတွင် ဆက်သွယ်ရေးတာဝါတိုင် တည်ဆောက်ခြင်းကို အဆိုပါ ဆောက်လုပ်သည့်နေရာနှင့် အနီးကပ်ဆုံး ရပ်ကွက်နေပြည်သူများဖြစ်ကြတဲ့ ဦးထွန်းရွှေ၊ ဦးသိန်းတန်နှင့် ဦးတင်မျိုးတို့ အပါအဝင် ရပ်မိရပ်ဖများ၊ အခြား ရပ်ကွက်နေပြည်သူတစ်ချို့လည်း ပါဝင်ကာ ကန့်ကွက်ကြောင်းလက်မှတ်ထိုးပြီး ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ (၅) ရက်နေ့တွင် တစ်ကြိမ် နှင့် ၂၀၁၉ ခုနှစ် မတ်လ (၁) ရက်နေ့တွင် တစ်ကြိမ် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာ အဆင့်ဆင့်ကို တင်ပြထားခဲ့ကြောင်း ကန့်ကွက်သူ များထံမှ သိရပါတယ်။

ထိုသို့ ကန့်ကွက်ပြီးနောက် မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများမှ လာရောက်စစ်ဆေးခဲ့ခြင်းများ ရှိခဲ့ကြောင်း နှင့် ကန့်ကွက်သူများကို မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ရုံး၊ အမရပူရမြို့ သို့ ခေါ်ယူ စစ်ဆေးခဲ့ကြောင်း ကန့်ကွက်သူများ၏ ပြောပြချက်များအရ သိရပါတယ်။ ထိုသို့ ဆက်သွယ်ရေးတာဝါတိုင်တည်ဆောက်နေမှုကို မြေအောက် ဖောင်ဒေးရှင်း မချခင်က စတင်ပြီး ကန့်ကွက်နေခဲ့သော်လည်း ဆက်သွယ်ရေးတာဝါတိုင် တည်ဆောက်ပြီးဆီးလုနီးပါး အထိ၊ အပေါ်မှာ စက်တပ်ရုံ၊ အောက်မှာ စက်ထားရုံ သာကျန်ရှိတော့သည်အထိ ဆက်လက် ဆောက်လုပ်ခဲ့ကြောင်းကိုလည်း ဒေသခံများရဲ့ ပြောပြချက်များအရ သိရပါတယ်။

ထို့နောက်တွင် ဆက်သွယ်ရေး တာဝါတိုင် တည်ဆောက်နေမှုကို ရပ်ဆိုင်းထားခဲ့ပြီး ယခု ၂၀၂၀ ခုနှစ် မေလ (၂၉) ရက်နေ့တွင် ပြန်လည်ကာ ဆက်လက်ဆောက်လုပ်နေခြင်းဖြစ်ကြောင်း သိရပါတယ်။

ရပ်ကွက်အတွင်း လူနေအိမ်များအကြားတွင် ဒေသခံပြည်သူများ ကန့်ကွက်နေသည့်ကြားက ဆက်သွယ်ရေး တာဝါတိုင် တည်ဆောက်ခြင်းနှင့်ပတ်သက်ပြီး “ပြည်သူ့အစိုးရက ပြည်သူရဲ့ အသံကို သိစေချင်တယ်””အောက်ခြေက ဒီလိုသာ ဆက်လုပ်နေမယ်ဆိုရင် ပြည်သူတွေတင်ထားတဲ့ ပြည်သူ့ အစိုးရ ပုံရိပ်ကို အများကြီးထိခိုက်နိုင်တယ်” လို့ ကန့်ကွက်သူလည်းဖြစ် အမရပူရ၊ ကျန်တန်း၊ ပွဲတော်ရပ် ရာအိမ်မှူးလည်းဖြစ်တဲ့ ဦးတင်မျိုးမှ အခုလိုပြောပါတယ်။

“ငွေရှိတဲ့လူတွေက အာဏာပိုင်အဖွဲ့အစည်းတွေ၊ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေကို လာဘ်ပေးလာဘ်ယူသဘောမျိုးနဲ့ လုပ်ပြီးတော့မှ လုပ်နေတယ်လို့ ထင်တာပဲ” ဟု ကန့်ကွက်သူလည်းဖြစ် ရပ်မိရပ်ဖလည်းဖြစ်တဲ့ ဦးသိန်းတန်မှ အခုလို ထည့်သွင်း ပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့ ကန့်ကွက်နေတဲ့ကြားက ဆက်လုပ်နေမယ်ဆိုရင်တော့ နိုင်ငံတော် အတိုင်ပင်ခံနဲ့ နိုင်ငံတော်သမ္မတအထိ ရောက်အောင် ပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒါထဲကမှ မရဘူးဆိုရင်တော့ သက်ဆိုင်ရာ ကုမ္ပဏီကို တရားစွဲဆိုသွားမှာပါ” လို့ ကန့်ကွက်သူ ဦးထွန်းရွှေမှ ပြောပါတယ်။

“လူအများစုကတော့ သူတို့အနားလုပ်ရင် ကန့်ကွက်ချင်ကြတာပဲလေ၊ သို့သော်လည်း ပိုင်ရှင်အနေနဲ့ကတော့ သူ့မြေပေါ်မှာသူ အငှါးချထားတာဆိုတော့ ကျွန်တော်တို့က ထောက်ခံချက်ပေးရမှာပေါ့ လာတောင်းတယ်ဆိုတော့ ကျွန်တော်တို့ တာဝန်ပေါ့။ ထောက်ခံချက်ပေးခဲ့တာကလည်း သူရဲ့ မြေပိုင်ဆိုင်မှု မှန်မမှန်ကို ပေးခဲ့တာပါ” လို့ အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဆန်းက အခုလို ထည့်သွင်းပြောကြားခဲ့ပါတယ်။


ဆက်သွယ်ရေးတာဝါတိုင်ဆောက်လုပ်ခြင်းနှင့် ပတ်သက်ပြီး Mytel တာဝန်ရှိသူ တစ်ဦးထံ AlinnMyay(အလင်းမြေ) မီဒီယာမှ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာမှာ စက်ပိတ်ထားခြင်းကြောင့် အဆက်အသွယ် မရရှိခဲ့ပါဘူး။

#AlinnMyay(အလင်းမြေ)

#ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

#Mytel #ဆက်သွယ်ရေးတာဝါတိုင် #တာဝါတိုင် #တည်ဆောက်ခြင်း #ကန့်ကွက်

Credit to AlinnMyay

ျပည္သူ႔အစိုးရက ျပည္သူရဲ့ အသံကို သိေစခ်င္တယ္

“ေအာက္ေျခက ဒီလိုသာ ဆက္လုပ္ေနမယ္ဆိုရင္ ျပည္သူေတြတင္ထားတဲ့ ျပည္သူ႔ အစိုးရပုံရိပ္ကို အမ်ားႀကီးထိခိုက္နိုင္တယ္” ဟုဆို

Mytel တာဝါတိုင္ေဆာက္လုပ္ေနျခင္းကို ရပ္ကြက္ေနျပည္သူမ်ား ကန႔္ကြက္

ေမ (၃၀) AlinnMyay(အလင္းေျမ)

မႏၲေလးၿမိဳ႕၊ အမရပူရ၊ က်န္တန္းအုပ္စု၊ ပြဲေတာ္ရပ္ကြက္အတြင္း Mytel တာဝါတိုင္ေဆာက္လုပ္ေနျခင္းကို ရပ္ကြက္ေနျပည္သူမ်ားက ကန႔္ကြက္ေနပါတယ္။ ထိုသို႔ ရပ္ကြက္ေန ျပည္သူမ်ားကန႔္ကြက္ေနေသာ္လည္း Mytel တာဝါတိုင္ေဆာက္လုပ္ျခင္းကို ျပန္လည္ျဖဳတ္သိမ္းျခင္း မရွိပဲ ဆက္လက္လုပ္ေဆာင္ေနတယ္လို႔ ေဒသခံမ်ားရဲ့ ေျပာျပခ်က္အရသိရပါတယ္။

အဆိုပါ Mytel တာဝါတိုင္ ေဆာက္လုပ္ျခင္းကို ၂၀၁၉ ခုႏွစ္၊ ေဖေဖာ္ဝါရီလပိုင္းေလာက္က မႏၲေလးၿမိဳ႕၊ အမရပူရ၊ က်န္တန္းအုပ္စု၊ ပြဲေတာ္ရပ္ကြက္အတြင္း လူေနအိမ္မ်ားအၾကား၊ ေျမပိုင္ရွင္ ဦးဆန္းဝင္း ပိုင္ဆိုင္ေသာ ၿခံဝင္းအတြင္း၌ စတင္ေဆာက္လုပ္ခဲ့သည္ဟု သိရပါတယ္။ ထိုသို႔ ရပ္ကြက္အတြင္း လူေနအိမ္မ်ားအၾကားတြင္ ဆက္သြယ္ေရးတာဝါတိုင္ တည္ေဆာက္ျခင္းကို အဆိုပါ ေဆာက္လုပ္သည့္ေနရာႏွင့္ အနီးကပ္ဆုံး ရပ္ကြက္ေနျပည္သူမ်ားျဖစ္ၾကတဲ့ ဦးထြန္းေရႊ၊ ဦးသိန္းတန္ႏွင့္ ဦးတင္မ်ိဳးတို႔ အပါအဝင္ ရပ္မိရပ္ဖမ်ား၊ အျခား ရပ္ကြက္ေနျပည္သူတစ္ခ်ိဳ႕လည္း ပါဝင္ကာ ကန႔္ကြက္ေၾကာင္းလက္မွတ္ထိုးၿပီး ၂၀၁၉ ခုႏွစ္ ေဖေဖာ္ဝါရီလ (၅) ရက္ေန႔တြင္ တစ္ႀကိမ္ ႏွင့္ ၂၀၁၉ ခုႏွစ္ မတ္လ (၁) ရက္ေန႔တြင္ တစ္ႀကိမ္ သက္ဆိုင္ရာ တာဝန္ရွိသူမ်ားႏွင့္ ဌာနဆိုင္ရာ အဆင့္ဆင့္ကို တင္ျပထားခဲ့ေၾကာင္း ကန႔္ကြက္သူ မ်ားထံမွ သိရပါတယ္။

ထိုသို႔ ကန႔္ကြက္ၿပီးေနာက္ ၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီႏွင့္ က်န္းမာေရးဆိုင္ရာ တာဝန္ရွိသူမ်ားမွ လာေရာက္စစ္ေဆးခဲ့ျခင္းမ်ား ရွိခဲ့ေၾကာင္း ႏွင့္ ကန႔္ကြက္သူမ်ားကို ၿမိဳ႕နယ္ အေထြေထြ အုပ္ခ်ဳပ္ေရးမႉး ႐ုံး၊ အမရပူရၿမိဳ႕ သို႔ ေခၚယူ စစ္ေဆးခဲ့ေၾကာင္း ကန႔္ကြက္သူမ်ား၏ ေျပာျပခ်က္မ်ားအရ သိရပါတယ္။ ထိုသို႔ ဆက္သြယ္ေရးတာဝါတိုင္တည္ေဆာက္ေနမႈကို ေျမေအာက္ ေဖာင္ေဒးရွင္း မခ်ခင္က စတင္ၿပီး ကန႔္ကြက္ေနခဲ့ေသာ္လည္း ဆက္သြယ္ေရးတာဝါတိုင္ တည္ေဆာက္ၿပီးဆီးလုနီးပါး အထိ၊ အေပၚမွာ စက္တပ္႐ုံ၊ ေအာက္မွာ စက္ထား႐ုံ သာက်န္ရွိေတာ့သည္အထိ ဆက္လက္ ေဆာက္လုပ္ခဲ့ေၾကာင္းကိုလည္း ေဒသခံမ်ားရဲ့ ေျပာျပခ်က္မ်ားအရ သိရပါတယ္။

ထို႔ေနာက္တြင္ ဆက္သြယ္ေရး တာဝါတိုင္ တည္ေဆာက္ေနမႈကို ရပ္ဆိုင္းထားခဲ့ၿပီး ယခု ၂၀၂၀ ခုႏွစ္ ေမလ (၂၉) ရက္ေန႔တြင္ ျပန္လည္ကာ ဆက္လက္ေဆာက္လုပ္ေနျခင္းျဖစ္ေၾကာင္း သိရပါတယ္။

ရပ္ကြက္အတြင္း လူေနအိမ္မ်ားအၾကားတြင္ ေဒသခံျပည္သူမ်ား ကန႔္ကြက္ေနသည့္ၾကားက ဆက္သြယ္ေရး တာဝါတိုင္ တည္ေဆာက္ျခင္းႏွင့္ပတ္သက္ၿပီး “ျပည္သူ႔အစိုးရက ျပည္သူရဲ့ အသံကို သိေစခ်င္တယ္””ေအာက္ေျခက ဒီလိုသာ ဆက္လုပ္ေနမယ္ဆိုရင္ ျပည္သူေတြတင္ထားတဲ့ ျပည္သူ႔ အစိုးရ ပုံရိပ္ကို အမ်ားႀကီးထိခိုက္နိုင္တယ္” လို႔ ကန႔္ကြက္သူလည္းျဖစ္ အမရပူရ၊ က်န္တန္း၊ ပြဲေတာ္ရပ္ ရာအိမ္မႉးလည္းျဖစ္တဲ့ ဦးတင္မ်ိဳးမွ အခုလိုေျပာပါတယ္။

“ေငြရွိတဲ့လူေတြက အာဏာပိုင္အဖြဲ႕အစည္းေတြ၊ ဌာနဆိုင္ရာ အဖြဲ႕အစည္းေတြကို လာဘ္ေပးလာဘ္ယူသေဘာမ်ိဳးနဲ႔ လုပ္ၿပီးေတာ့မွ လုပ္ေနတယ္လို႔ ထင္တာပဲ” ဟု ကန႔္ကြက္သူလည္းျဖစ္ ရပ္မိရပ္ဖလည္းျဖစ္တဲ့ ဦးသိန္းတန္မွ အခုလို ထည့္သြင္း ေျပာၾကားခဲ့ပါတယ္။

“ကၽြန္ေတာ္တို႔ ကန႔္ကြက္ေနတဲ့ၾကားက ဆက္လုပ္ေနမယ္ဆိုရင္ေတာ့ နိုင္ငံေတာ္ အတိုင္ပင္ခံနဲ႔ နိုင္ငံေတာ္သမၼတအထိ ေရာက္ေအာင္ ျပဳလုပ္သြားမွာျဖစ္ပါတယ္။ ဒါထဲကမွ မရဘူးဆိုရင္ေတာ့ သက္ဆိုင္ရာ ကုမၸဏီကို တရားစြဲဆိုသြားမွာပါ” လို႔ ကန႔္ကြက္သူ ဦးထြန္းေရႊမွ ေျပာပါတယ္။

“လူအမ်ားစုကေတာ့ သူတို႔အနားလုပ္ရင္ ကန႔္ကြက္ခ်င္ၾကတာပဲေလ၊ သို႔ေသာ္လည္း ပိုင္ရွင္အေနနဲ႔ကေတာ့ သူ႔ေျမေပၚမွာသူ အငွါးခ်ထားတာဆိုေတာ့ ကၽြန္ေတာ္တို႔က ေထာက္ခံခ်က္ေပးရမွာေပါ့ လာေတာင္းတယ္ဆိုေတာ့ ကၽြန္ေတာ္တို႔ တာဝန္ေပါ့။ ေထာက္ခံခ်က္ေပးခဲ့တာကလည္း သူရဲ့ ေျမပိုင္ဆိုင္မႈ မွန္မမွန္ကို ေပးခဲ့တာပါ” လို႔ အုပ္ခ်ဳပ္ေရးမႉး ဦးခင္ေမာင္ဆန္းက အခုလို ထည့္သြင္းေျပာၾကားခဲ့ပါတယ္။

ဆက္သြယ္ေရးတာဝါတိုင္ေဆာက္လုပ္ျခင္းႏွင့္ ပတ္သက္ၿပီး Mytel တာဝန္ရွိသူ တစ္ဦးထံ AlinnMyay(အလင္းေျမ) မီဒီယာမွ ဖုန္းျဖင့္ ဆက္သြယ္ေမးျမန္းရာမွာ စက္ပိတ္ထားျခင္းေၾကာင့္ အဆက္အသြယ္ မရရွိခဲ့ပါဘူး။

#AlinnMyay(အလင္းေျမ)

#ျပည္သူ႔ကူညီေရး #ျပည္သူ႔အသံေဖာ္ေဆာင္ေရး #သတင္းမွန္မီဒီယာ

#Mytel #ဆက္သြယ္ေရးတာဝါတိုင္ #တာဝါတိုင္ #တည္ေဆာက္ျခင္း #ကန႔္ကြက္

Credit to AlinnMyay