ဝက်လက်မြို့ ရွှေဂူကြီးကျောင်း၌ ထိုင်းကပြန်လာသူ ၄ ဦးထားရှိသဖြင့် ဒေသခံ ၂၀၀ ခန့် ကန့်ကွက်

0
115

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ပင်းဇင်းကျေးရွာ ရွှေဂူကြီးကျောင်းအတွင်းမှာ Quarantine Center ပြုလုပ်ပြီး ထိုင်းနိုင်ငံကပြန်လာသူ ၄ ဦးအား ထားရှိတာကို ၃၀ ရက် ည ၈ နာရီခွဲလောက် ဒေသခံ ၂၀၀ ဝန်းကျင် စုဝေးကန့်ကွက်ခဲ့ကြတယ်လို့ သိရပါတယ်။

ဝက်လက်မြို့ အထက်တန်းကျောင်း Quarantine Center ဟာ ဇွန်လထဲမှာ ပညာရေးဌာနကို ပြန်လည်အပ်နှံရမှာဖြစ်တဲ့အတွက် ကိုဗစ်-၁၉ ထိန်းချုပ် ကုသရေးကော်မတီအဖွဲ့က ပင်းဇင်းကျေးရွာ ရွှေဂူကျောင်းဆရာတော်ဆီကို Quarantine Center ပြုလုပ်ဖို့ လျှောက်ထားပြီး ဆရာတော်ရဲ့ ခွင့်ပြုချက်နဲ့ Center စတင်ပြုလုပ်ကာ ထိုင်းနိုင်ငံက ပြန်ရောက်လာသူ ၄ ယောက် ထားရှိတာကို ဒေသခံတွေက ကန့်ကွက်ခဲ့ကြတာပါ။

ထိုင်းနိုင်ငံက ပြန်လည်ရောက်ရှိလာသူ ၄ ဦးဟာ ရွှေဘိုမြို့ Quarantine Center ကနေ ဓာတ်ခွဲနမူနာပေးပို့စစ်ဆေးပြီး ရောဂါပိုးမတွေ့ရှိလို့ သက်ဆိုင်ရာမြို့နယ်တွေက Quarantine Center တွေကို ပို့ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံခြားက ပြန်လာသူတွေကို အခုလို ထားရှိမယ့်အပေါ် ကျေးရွာ အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတွေက လူထုကို အသိမပေးတာ၊ ရောဂါပိုးကူးစက်မှာ စိုးရိမ်နေကြတာတွေကြောင့် ဒေသခံတွေက လူစုလူဝေးပြု ကန့်ကွက်တာလို့ သိရပါတယ်။

ည ၉ နာရီခွဲလောက် လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ လာရောက်ပြီး ဒေသခံတွေကို ဖျောင်းဖျ ညှိနှိုင်းပေမဲ့ ပြေလည်မှုမရခဲ့တာကြောင့် လူစုလူဝေး ဆက်လက်မဖြစ်ပေါ်ရအောင် ည ၁၀ နာရီခွဲလောက် ထိုင်းကပြန်လာသူ ၄ ဦးကို ပြန်လည်ခေါ်ယူသွားပါတယ်။

အဲဒီ ၄ ဦးကို တညသီးခြားစောင့်ကြည့်မှာဖြစ်ပြီး မြို့နယ် Quarantine Center တခု အမြန်ဆုံး ဆောင်ရွက်ဖို့ စီစဉ်သွားမယ်လို့ သိရပါတယ်။ကန့်ကွက်သူ ၂၀၀ ကျော်ဟာ ည ၁၀ ခွဲခန့်လောက် လူစုကွဲသွားခဲ့ပါတယ်။

DVB TV News

စစ္ကိုင္းတိုင္း၊ ဝက္လက္ၿမိဳ႕နယ္၊ ပင္းဇင္းေက်း႐ြာ ေ႐ႊဂူႀကီးေက်ာင္းအတြင္းမွာ Quarantine Center ျပဳလုပ္ၿပီး ထိုင္းႏိုင္ငံကျပန္လာသူ ၄ ဦးအား ထားရွိတာကို ၃၀ ရက္ ည ၈ နာရီခြဲေလာက္ ေဒသခံ ၂၀၀ ဝန္းက်င္ စုေဝးကန႔္ကြက္ခဲ့ၾကတယ္လို႔ သိရပါတယ္။

ဝက္လက္ၿမိဳ႕ အထက္တန္းေက်ာင္း Quarantine Center ဟာ ဇြန္လထဲမွာ ပညာေရးဌာနကို ျပန္လည္အပ္ႏွံရမွာျဖစ္တဲ့အတြက္ ကိုဗစ္-၁၉ ထိန္းခ်ဳပ္ ကုသေရးေကာ္မတီအဖြဲ႕က ပင္းဇင္းေက်း႐ြာ ေ႐ႊဂူေက်ာင္းဆရာေတာ္ဆီကို Quarantine Center ျပဳလုပ္ဖို႔ ေလွ်ာက္ထားၿပီး ဆရာေတာ္ရဲ႕ ခြင့္ျပဳခ်က္နဲ႔ Center စတင္ျပဳလုပ္ကာ ထိုင္းႏိုင္ငံက ျပန္ေရာက္လာသူ ၄ ေယာက္ ထားရွိတာကို ေဒသခံေတြက ကန႔္ကြက္ခဲ့ၾကတာပါ။

ထိုင္းႏိုင္ငံက ျပန္လည္ေရာက္ရွိလာသူ ၄ ဦးဟာ ေ႐ႊဘိုၿမိဳ႕ Quarantine Center ကေန ဓာတ္ခြဲနမူနာေပးပို႔စစ္ေဆးၿပီး ေရာဂါပိုးမေတြ႕ရွိလို႔ သက္ဆိုင္ရာၿမိဳ႕နယ္ေတြက Quarantine Center ေတြကို ပို႔ေဆာင္ေပးခဲ့တာ ျဖစ္ပါတယ္။

ႏိုင္ငံျခားက ျပန္လာသူေတြကို အခုလို ထားရွိမယ့္အေပၚ ေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉးနဲ႔ ရာအိမ္မႉးေတြက လူထုကို အသိမေပးတာ၊ ေရာဂါပိုးကူးစက္မွာ စိုးရိမ္ေနၾကတာေတြေၾကာင့္ ေဒသခံေတြက လူစုလူေဝးျပဳ ကန႔္ကြက္တာလို႔ သိရပါတယ္။

ည ၉ နာရီခြဲေလာက္ လႊတ္ေတာ္ကိုယ္စားလွယ္၊ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးနဲ႔အဖြဲ႕ လာေရာက္ၿပီး ေဒသခံေတြကို ေဖ်ာင္းဖ် ညႇိႏႈိင္းေပမဲ့ ေျပလည္မႈမရခဲ့တာေၾကာင့္ လူစုလူေဝး ဆက္လက္မျဖစ္ေပၚရေအာင္ ည ၁၀ နာရီခြဲေလာက္ ထိုင္းကျပန္လာသူ ၄ ဦးကို ျပန္လည္ေခၚယူသြားပါတယ္။

အဲဒီ ၄ ဦးကို တညသီးျခားေစာင့္ၾကည့္မွာျဖစ္ၿပီး ၿမိဳ႕နယ္ Quarantine Center တခု အျမန္ဆုံး ေဆာင္႐ြက္ဖို႔ စီစဥ္သြားမယ္လို႔ သိရပါတယ္။ကန႔္ကြက္သူ ၂၀၀ ေက်ာ္ဟာ ည ၁၀ ခြဲခန႔္ေလာက္ လူစုကြဲသြားခဲ့ပါတယ္။

DVB TV News