ဒူးနဲ့တံတောင်ဆစ်ပေါ်က အမည်းကွက်တွေကို ဖယ်ရှားနည်း

0
158

တံတောင်ဆစ် နောက်က အမည်းကွက် ၊ အညိုကွက် တွေကြောင့် အကျီင်္လက်တို ဝတ်ရာမှာ ကြောက်နေသူတွေ ၊ ဒူးမည်းနေလို့ စကပ်တို ၊ ဘောင်းဘီတို ဝတ်ရမှာ စိတ်ညစ် နေတဲ့ ပျိုမေတို့ အတွက် နည်းလမ်းကောင်း ကို ဖော်ပြပေးချင်ပါတယ် ။ အချိန်ကုန် ၊ ငွေကုန် သက်သာပြီး ဒူးမည်း၊တံတောင်မည်းနေတာတွေကို ဖယ် ရှားပေး နိုင်တဲ့ သဘာဝ နည်းလမ်းတွေ ရှိပါတယ် ။ အဲ့ဒါကတွေကတော့…

( ၁ ) အုန်းဆီ

အုန်းဆီဟာ ဒီလို အမည်းကွက်တွေကို ဖယ်ရှား ပေးနိုင်တဲ့ သဘာဝ နည်းလမ်းပါ ။ သူ့မှာ ဆိုရင် ဗီတာမင်အီး ပါတဲ့ အတွက် အရေပြားကို ပိုတောက်ပ စေသလို ၊ ခြောက်သွေ့တာနဲ့ ရေဓါတ် ခမ်းခြောက်တာတွေကို သက်သာ စေပါတယ် ။ ပျက် စီးနေတဲ့ အသားအရေကိုလည်း ပြန်ကုစား ပေးနိုင်ပါတယ် ။ ရေချိုးပြီးတိုင်းမှာ မည်းနေတဲ့ ဒူးဆစ် ၊ တံတောင်ဆစ်နေရာကို အုန်းဆီ လိမ်းပြီး တစ်မိနစ် ၊ နှစ်မိ နစ်လောက် ညင်သာစွာ နှိပ်နယ်ပေးပါ ။ ပိုထိရောက်တဲ့ နည်းကတော့ အုန်းဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်းနဲ့ သံပရိုရည် ဇွန်းဝက်ကို ရောပြီး မည်းနေတဲ့ နေရာပေါ်ကို လိမ်းပေးပါ ။ ( ၁၅ ) မိနစ်လောက် ကြာအောင် ထားပြီးရင် တစ်ရှူးနဲ့ သုတ် ပစ် လိုက်ပါ ။ နေ့စဉ် လုပ်ပေးခြင်း အားဖြင့် မည်းနေတာတွေ သက်သာပျောက် ကင်းသွားမှာပါ ။

( ၂ ) သံပရို

သံပရိုရည်ကို မည်းနေတဲ့ နေရာ အပေါ် လိမ်းပေးပြီး မိနစ်( ၂၀ ) ကြာအောင် ထား ပါ။ပြီးရင်တော့ ရေနွေးလေးနဲ့ ရေဆေးချပါ။ရေစင်အောင် သုတ်ပေးပြီးရင်တော့ Lotion လိမ်းပေးပါ ။

( ၃ ) ဒိန်ချဉ်

ဒိန်ချဉ် လက်ဖက်ရည်ဇွန်း တစ်ဇွန်း နဲ့ အဖြူရောင် ရှာလကာရည်ကို ရောပြီး လိမ်းပေးပါ ။ပြီးရင်တော့ ရေနွေးနဲ့ဆေးချပါ ။ ရေခြောက်အောင် သုတ်ေ ပးပြီးရင်တော့ Lotion ဒါမှမဟုတ် moisturizer လိမ်းပေးပါ။နေ့စဉ်လုပ်ေ ပးရင်တော့ တစ်လအတွင်း သိသိသာသာ အကျိုးထူးစေမှာပါ။

( ၄ ) သကြား

သကြားနဲ့သံလွင်ဆီ လိုပါတယ်။ပြီးရင်တော့ ရောပြီးပျစ်နေအောင်မွှေပါ။ပြီးရင်ေ တာ့ လိမ်းပေးပါ။လိမ်းတဲ့နေရာမှာလည်း လက်ချောင်းကိုသုံးပြီး စက်ဝိုင်းပုံစံမျိုး လှည့်ပြီး လိမ်းပေးရမှာပါ။ငါးမိနစ်လောက် ကြာရင်တော့ ရေနွေးနွေးနဲ့ ဆေးချပါ။

( ၅ ) မုန့်ဖုတ်ဆော်ဒါ

မုန့်ဖုတ်ဆော်ဒါ လက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ နို့တစ်ဇွန်းကိုရောပါ။ပျစ်နေအောင် မွှေပြီးရင်တော့ လိမ်းပေးပါ။နှစ်မိနစ်သုံးမိနစ်လောက် ကြာရင်တော့ ရေဆေးချ ပါ။ ဒီနည်းကိုလည်း နေ့စဉ်လုပ်ပေးရင်တော့ တစ်လအတွင်းမှာပဲ အမည်း ကွက်တွေ သိသိသာသာသက်သာစေမှာပါ။

( ၆ ) ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်ကို လိမ်းပေးရမှာပါ။မိနစ်(၂၀)လောက်ခြောက်အောင် ထားပြီးရင်တော့ ရေနွေးနွေးလေးနဲ့ ဆေးချပေးပါ။ဒီနည်းကိုတော့လည်း တစ်နေ့မှာ တစ်ကြိမ်(သို့)နှစ်ကြိမ်လုပ်ပေးရုံနဲ့ တစ်လအတွင်း သိသိသာသာ အကျိုးထူးစေမှာပါ။

Credit : homeremedies

ဒူးနဲ႔တံေတာင္ဆစ္ေပၚက အမည္းကြက္ေတြကို ဖယ္ရွားနည္း

တံေတာင္ဆစ္ ေနာက္က အမည္းကြက္ ၊ အညိဳကြက္ ေတြေၾကာင့္ အက်ီလၤက္တို ဝတ္ရာမွာ ေၾကာက္ေနသူေတြ ၊ ဒူးမည္းေနလို႔ စကပ္တို ၊ ေဘာင္းဘီတို ဝတ္ရမွာ စိတ္ညစ္ ေနတဲ့ ပ်ိဳေမတို႔ အတြက္ နည္းလမ္းေကာင္း ကို ေဖာ္ျပေပးခ်င္ပါတယ္ ။ အခ်ိန္ကုန္ ၊ ေငြကုန္ သက္သာၿပီး ဒူးမည္း၊တံေတာင္မည္းေနတာေတြကို ဖယ္ ရွားေပး ႏိုင္တဲ့ သဘာဝ နည္းလမ္းေတြ ရွိပါတယ္ ။ အဲ့ဒါကေတြကေတာ့…

( ၁ ) အုန္းဆီ

အုန္းဆီဟာ ဒီလို အမည္းကြက္ေတြကို ဖယ္ရွား ေပးႏိုင္တဲ့ သဘာဝ နည္းလမ္းပါ ။ သူ႔မွာ ဆိုရင္ ဗီတာမင္အီး ပါတဲ့ အတြက္ အေရျပားကို ပိုေတာက္ပ ေစသလို ၊ ေျခာက္ေသြ႕တာနဲ႔ ေရဓါတ္ ခမ္းေျခာက္တာေတြကို သက္သာ ေစပါတယ္ ။ ပ်က္ စီးေနတဲ့ အသားအေရကိုလည္း ျပန္ကုစား ေပးႏိုင္ပါတယ္ ။ ေရခ်ိဳးၿပီးတိုင္းမွာ မည္းေနတဲ့ ဒူးဆစ္ ၊ တံေတာင္ဆစ္ေနရာကို အုန္းဆီ လိမ္းၿပီး တစ္မိနစ္ ၊ ႏွစ္မိ နစ္ေလာက္ ညင္သာစြာ ႏွိပ္နယ္ေပးပါ ။ ပိုထိေရာက္တဲ့ နည္းကေတာ့ အုန္းဆီ လက္ဖက္ရည္ဇြန္း တစ္ဇြန္းနဲ႔ သံပ႐ိုရည္ ဇြန္းဝက္ကို ေရာၿပီး မည္းေနတဲ့ ေနရာေပၚကို လိမ္းေပးပါ ။ ( ၁၅ ) မိနစ္ေလာက္ ၾကာေအာင္ ထားၿပီးရင္ တစ္ရႉးနဲ႔ သုတ္ ပစ္ လိုက္ပါ ။ ေန႔စဥ္ လုပ္ေပးျခင္း အားျဖင့္ မည္းေနတာေတြ သက္သာေပ်ာက္ ကင္းသြားမွာပါ ။

( ၂ ) သံပ႐ို

သံပ႐ိုရည္ကို မည္းေနတဲ့ ေနရာ အေပၚ လိမ္းေပးၿပီး မိနစ္( ၂၀ ) ၾကာေအာင္ ထား ပါ။ၿပီးရင္ေတာ့ ေရေႏြးေလးနဲ႔ ေရေဆးခ်ပါ။ေရစင္ေအာင္ သုတ္ေပးၿပီးရင္ေတာ့ Lotion လိမ္းေပးပါ ။

( ၃ ) ဒိန္ခ်ဥ္

ဒိန္ခ်ဥ္ လက္ဖက္ရည္ဇြန္း တစ္ဇြန္း နဲ႔ အျဖဴေရာင္ ရွာလကာရည္ကို ေရာၿပီး လိမ္းေပးပါ ။ၿပီးရင္ေတာ့ ေရေႏြးနဲ႔ေဆးခ်ပါ ။ ေရေျခာက္ေအာင္ သုတ္ေ ပးၿပီးရင္ေတာ့ Lotion ဒါမွမဟုတ္ moisturizer လိမ္းေပးပါ။ေန႔စဥ္လုပ္ေ ပးရင္ေတာ့ တစ္လအတြင္း သိသိသာသာ အက်ိဳးထူးေစမွာပါ။

( ၄ ) သၾကား

သၾကားနဲ႔သံလြင္ဆီ လိုပါတယ္။ၿပီးရင္ေတာ့ ေရာၿပီးပ်စ္ေနေအာင္ေမႊပါ။ၿပီးရင္ေ တာ့ လိမ္းေပးပါ။လိမ္းတဲ့ေနရာမွာလည္း လက္ေခ်ာင္းကိုသုံးၿပီး စက္ဝိုင္းပုံစံမ်ိဳး လွည့္ၿပီး လိမ္းေပးရမွာပါ။ငါးမိနစ္ေလာက္ ၾကာရင္ေတာ့ ေရေႏြးေႏြးနဲ႔ ေဆးခ်ပါ။

( ၅ ) မုန႔္ဖုတ္ေဆာ္ဒါ

မုန႔္ဖုတ္ေဆာ္ဒါ လက္ဖက္ရည္ဇြန္းတစ္ဇြန္းနဲ႔ ႏို႔တစ္ဇြန္းကိုေရာပါ။ပ်စ္ေနေအာင္ ေမႊၿပီးရင္ေတာ့ လိမ္းေပးပါ။ႏွစ္မိနစ္သုံးမိနစ္ေလာက္ ၾကာရင္ေတာ့ ေရေဆးခ် ပါ။ ဒီနည္းကိုလည္း ေန႔စဥ္လုပ္ေပးရင္ေတာ့ တစ္လအတြင္းမွာပဲ အမည္း ကြက္ေတြ သိသိသာသာသက္သာေစမွာပါ။

( ၆ ) ရွားေစာင္းလက္ပတ္

ရွားေစာင္းလက္ပတ္ကို လိမ္းေပးရမွာပါ။မိနစ္(၂၀)ေလာက္ေျခာက္ေအာင္ ထားၿပီးရင္ေတာ့ ေရေႏြးေႏြးေလးနဲ႔ ေဆးခ်ေပးပါ။ဒီနည္းကိုေတာ့လည္း တစ္ေန႔မွာ တစ္ႀကိမ္(သို႔)ႏွစ္ႀကိမ္လုပ္ေပး႐ုံနဲ႔ တစ္လအတြင္း သိသိသာသာ အက်ိဳးထူးေစမွာပါ။

Credit : homeremedies