ဆရာ စံဇာဏီဘို ရဲ့ (၇) ရက် သားသမီး များ ဆောင်ရန် ရှောင်ရန်နှင့် ဘဝကံကြမ္မာ ဟောစာတမ်း

0
151

ခုနှစ်နေ့ဖွား မိတ်ဆွေများအတွက် မေလ 25 မှ ဇွန်လ 7 အထိ ဆယ့်ငါးရက်အတွင်း ကံကြမ္မာ၊ အဆိုးအကောင်းနှင့် ယတြာများကို ဖော်ပြပေးလိုက်ပါသည်

တနင်္ဂနွေနေ့ ဖွားများ

မကြာခဏ ခရီးထွက်ရတတ်ပါသည် နိုင်ငံခြားသို့ထွက်ခွာရန် ကြိုးစားပါက ယခုအချိန်သည် အကောင်းဆုံးဖြစ်ပါသည် မိမိ၏မိသားစုအတွင်း အပြင်လူမှ ပြဿနာဖြစ်စေရန် အမျိုးမျိုးလှည့်စားခြင်းခံရတတ်ပါသည်။

ခြေလေးချောင်းသား အစားအစာများနှင့်ပတ်သက်၍ မိမိ၏ကျန်းမာရေး ချို့တဲ့စေလိမ့်မည် အစားမှား၊ ဆေးမှား ကြုံရစေတတ်ပါသည်။

အတွင်းလူယုံအား သတိထားရန် လိုအပ်ပါသည် ပညာရေးကိစ္စများတွင် ဝီရိယလွန်ကဲစွာ အားထုတ်မှုပြုရပါလိမ့်မည် ကျန်းမာရေးဂရုစိုက်ပါ။

ချစ်သူသည် တစ်ခါတစ်ခါတွင် နည်းမမှန်သော အနိုင်ယူလိုမှုများအပေါ်တွင် နေတတ်ပါ၏ဟုဆိုသော်လည်း ကျေနပ်စရာမရှိသော ခံစားမှုများဖြင့် စိတ်တိုင်းမကျဖြစ်နေရပါလိမ့်မည် မိတ်ဆွေတစ်ဦးအား မီးခြစ်လက်ဆောင်ပေးလိုက်ပါ။

တနင်္လာနေ့ ဖွားများ

ဘဝရပ်တည်မှု မငြိမ်မသက်ရှိနေမည် စည်းကမ်းကောင်းမည်။ မကောင်းသောအလုပ် အပြုအမူများအတွက် ရှောင်ကြဉ်နိုင်စွမ်းရှိပါလိမ့်မည် ဘာသာရေးဆိုင်ရာကျင့်စဉ်များအား ဆောင်ရွက်နိုင်ပါလိမ့်မည်။

အလှူဒါနပေးကမ်းစွန့်ကြဲမှု ပြုရပါလိမ့်မည် ငွေကြေးကိစ္စအတွက် အခက်အခဲရှိနေပါလိမ့်မည်။ အလုပ်နေရာများစွာ ပြောင်းရွှေ့နေထိုင်ရတတ်ပါသည်။

ခါးနာခြင်း၊ ခါးကိုက်ခြင်း၊ လေနှင့်ဆိုင်သောဝေဒနာများ ဖြစ်ပေါ်ခံစားရတတ်ပါသည် အိပ်ရေးပျက်မခံပါနှင့်။ အချစ်ရေးတွင် ရွေးချယ်စရာနှစ်ဦး၊ နှစ်ယောက် ပေါ်လာစေတတ်ပါသည်။

အကြောင်းသဘော၊ စနစ်တူမည့် ကောင်းသောချစ်သူသည် တနင်္လာဖြစ်ခဲ့ပါလျှင် မိမိအပေါ်တွင် သစ္စာမှန်စွာ အနစ်နာခံကာ လက်တွဲနိုင်သူ ဖြစ်နေပါလိမ့်မည်။

အိမ်ကဘုရားတွင် ဆွမ်းနှင့်အတူ ကြက်ဥပြုတ်ကပ်လှူပေးပါ။

အင်္ဂါနေ့ ဖွားများ

စိတ်ထင်ရာ လုပ်ကိုင်ဆောင်ရွက်မိရာမှ ဒုက္ခများစွာ ကြုံရစေတတ်ပါသည် မအောင်မြင်သောလုပ်ငန်းများအား ဇွတ်လုပ်ကိုင်မိ၍ အချိန်ကုန် လူပင်ပန်းဖြစ်ရတတ်ပါသည်။

မည်သည့်အလုပ်ကိစ္စများတွင်မဆို တစ်ဦးတစ်ယောက်တည်း လုပ်ကိုင်ခြင်းထက် စပ်တူရှယ်ယာအဖြစ် ပူးတွဲ၍ လုပ်ကိုင်ဆောင်ရွက်ခြင်းသည် အကောင်းဆုံးဖြစ်နေပါလိမ့်မည်။

ယခုကာလအတွင်း ဝင်ငွေများစွာ ဝင်လာနိုင်ပါသော်လည်း ငွေပူများဖြစ်နေတတ်ပါသည်။ မိခင်နှင့် အဆင်မပြေမှုများ ဖြစ်စေတတ်ပါသည်။

မြောက်အရပ်မှ လာဘ်လာဘများ ဝင်လာပါလိမ့်မည် အချစ်ရေးတွင် အတူအတိတ် သမိုင်းမသန့်ရှင်းကြခြင်းအပေါ်တွင် အပူစိတ်လှိုင်း အနှံ့ပျံ့နှံ့စွာ စိုးရွံ့စရာ ခံစားနေမိကြပါလိမ့်မည် ဆန်နှင့်ပဲ တတ်နိုင်သမျှ ဒါနပြုပေးပါ။

ဗုဒ္ဓဟူးနေ့ ဖွားများ

သူတစ်ပါး၏အခက်အခဲများစွာအား ဖြေရှင်းပေးနိုင်ပါလိမ့်မည် ဘဝအတွေ့အကြုံနှင့် လောကဓံတရားအား ခံနိုင်ရည်ရှိနေပါလိမ့်မည် ရတနာပစ္စည်းရောင်းဝယ်ခြင်း၊ တူးဖော်ခြင်းများမှ အကျိုးထူးများ ခံစားရပါလိမ့်မည်။

အခက်အခဲနှင့် အကျပ်အတည်းများ ရင်ဆိုင်ရတတ်သည် လျှို့ဝှက်ချက်များအား ဖော်ထုတ်နိုင်စွမ်းရှိမည် မိမိ၏အကြားအမြင် ထင်မြင်ချက်များ မှန်ကန်နေတတ်ပါသည်။

လောကီ၊ လောကုတ္တရာ၊ နှစ်ဖြာသောအကျိုးကို ခံစားရပါလိမ့်မည်။ တစ်ပါးသူအပေါ်တွင် ယုံကြည်မှုလွန်ကဲတတ်ပါသည် သတိပြုပါ။

ဘေးလူ၏အမြင်သဘောတွင် တွေးပူ၍ ရင်မောရစေသော အချစ်ရေးပတ်သက်မှုများနှင့် ကြုံတွေ့နေရပါလိမ့်မည် အယုံလွန်ခြင်းသည် အရံဖြစ်စေတတ်ပါသဖြင့် ယုံကြည်မှုမလွန်ပါစေနှင့် မိတ်ဆွေတစ်ဦးအား လိုင်ချီးဖျော်ရည် ဒါနပြုပေးပါ။

ကြာသပတေးနေ့ ဖွားမျ

ယခုကာလအတွင်း အများနှင့်လိုက်လျောညီထွေ ပြုလုပ်ပြောဆိုဆက်ဆံနိုင်ခြင်းသည် အောင်မြင်ရေးအတွက် သော့ချက်ဖြစ်နေပါလိမ့်မည်။

သူတစ်ပါးအရှုံးပေါ်နေသည့် လုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်ပါက အောင်မြင်မှုရရှိစေတတ်ပါသည်။

တစ်ဖက်လူအပေါ်တွင် စိတ်ဓာတ်စစ်ဆင်ရေးများပြုလုပ်ပြီး မိမိရည်မှန်းချက်ဆီသို့ မရောက်ရောက်အောင် လုပ်ဆောင်နိုင်ပါလိမ့်မည်။

အချို့သောစီးပွားရေးကိစ္စများတွင် တစ်ဖက်လူစီးပွားပြိုင်ဘက်များအား လိုက်လျောညီထွေဖြစ်စေရန် အလျော့ပေး၍ ဆက်ဆံမှုပြုရန် လိုပါလိမ့်မည်။

အချစ်ရေးနှင့်ပတ်သက်၍ စိတ်လွယ်တိမ်းညွတ်စေသော ဆွဲဆောင်မှုများကြားတွင် ကြားချောင်အဖြစ် သားကောင်ဖြစ်ရစေသော ဖြစ်ရပ်များစွာ ရှိနေပါသည် သီလရှင်နှစ်ပါးအတွက် ဆေးဝါးဓာတ်စာလှူပေးပါ။

သောကြာနေ့ ဖွားများ

မိမိ၏ကြိုးစားအားထုတ်မှုများ အရာမထင်ဖြစ်ရစေတတ်ပါသည် ဝမ်းနည်းကြေကွဲစရာကိစ္စများလည်း ဖြစ်ပေါ်ခံစားရတတ်ပါသည် ဖခင်၏ကျန်းမာရေး ချို့တဲ့ခြင်း၊ ဝေဒနာပြင်းထန်စွာခံစားရခြင်းမျိုး ကြုံရတတ်ပါသည်။

ဥပဒေဆိုင်ရာ အခက်အခဲများနှင့် ရင်ဆိုင်မှုပြုရပါလိမ့်မည် ခရီးသွားစရာကိစ္စ ပေါ်ပေါက်လာတတ်ပါသည် မတော်တဆထိခိုက်ဒဏ်ရာ ရရှိစေတတ်သည်။

ဘာသာရေး၊ စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်မှုများနှင့် လျှို့ဝှက်ကျင့်စဉ်တို့ကို ပြုလုပ်နေမိပါလိမ့်မည် ခန္ဓာကိုယ်တွင် အပူနှင့်ဆိုင်သော ဝေဒနာများ ဖြစ်ပေါ်ခံစားရတတ်ပါသည်။

မေတ္တာရေးတွင် အရာရာယုံအောင်ပြော၍ လှည့်စားတတ်သူမျိုးနှင့် ဆုံဆည်းရတတ်ပါသည် သင့်ရုံမျှတစွာဖြင့် ချင့်ယုံကြမှသာ အန္တရာယ်ကင်းစေမည်ဖြစ်ပါသည် မွေးနေ့တွင် ဇီး ၈ ညွှန့်၊ ထန်း ၁၀ ညွှန့်ကပ်လှူပေးပါ။

စနေနေ့ ဖွားများ

စိတ်ကူးကောင်းများဖြင့် အလုပ်များစွာ လုပ်ကိုင်ဆောင်ရွက်မှုပြုရပါလိမ့်မည် အစားအသောက်ကောင်းများနှင့် ပြည့်စုံစွာ စားသောက်ရပါလိမ့်မည် ညအိပ်ညဥ့်နေ ခရီးသွားရတတ်ပါသည်။

ဆနအိမ်အတွင်း မိသားစုအဖွဲ့ဝင်တစ်ဦး တိုးလာပါလိမ့်မည် မိမိပိုင်ပစ္စည်းများထဲမှ ပျက်စီးမှု၊ ပျောက်ဆုံးမှုများ ဖြစ်ပေါ်စေတတ်ပါသည် တစ်ပါးသူမမေးပါဘဲနှင့် ပြောဆိုချင်မိသော၊ နှုတ်မစောင့်စည်းမှုများကြောင့် ပြဿနာဖြေရှင်းရစေတတ်ပါသည်။

လူကြီးမိဘများထံမှ အမွေအနှစ်များ လက်ခံရရှိစေတတ်ပါသည် အချစ်ရေးတွင် ချစ်သူသည် ဇွဲရှိစိတ်မြန်၍ ဝီရိယရှိသူဖြစ်ပါသော်လည်း တွဲကြည့်မိပါမှ သိပ်မဟန်ပေ ။

အားနည်းချက်များနှင့် လိုအပ်ချက်များရှိနေခြင်းအတွက် မိတ်ဆွေချစ်သူအဖြစ်မှ စိတ်အနေလျစ်လျူရှုလိုစိတ် ဖြစ်တည်နေရပါလိမ့်မည် ခို၊ ငှက်များအား အာဟာရဒါနပြုပေးပါ။

Credit