တိုက်ပွဲရှောင်များအတွက် လှူဒါန်းသွားမည်ဟု သိန်းတစ်သောင်းခွဲကံထူးရှင်၏ ဖခင်ပြောကြား

0
96

တိုက်ပွဲရှောင်များအတွက် လှူဒါန်းသွားမည်ဟု သိန်းတစ်သောင်းခွဲကံထူးရှင်၏ ဖခင်ပြောကြား

(၁၆)ကြိမ်မြောက် ကျပ်တစ်ထောင်တန် အောင်ဘာလေထီ ကျပ်သိန်းတစ်သောင်းခွဲဆုကို ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ရွာကြီးတောင်ရပ်ကွက်မှာနေတဲ့ တတိယတန်းကျောင်းသူလေး ကဆွတ်ခူးခဲ့ပါတယ်။

ကံထူးရှင် သမီးငယ်ဟာ ဦးအောင်ဆန်းဝင်းနဲ့ ဒေါ်မေကြီးဖြူတို့ရဲ့ သမီး မကြည်ဖြူစင်သိန်းဖြစ်ပြီး (ဃ-၃၁၃၁၀၂)နံပါတ်နဲ့ ကျပ်သိန်းတစ်သောင်းခွဲဆုကို ဆွတ်ခူးခဲ့တာပါ။

ထီပေါက်တဲ့ငွေတွေကို ကလေးတွေရှေ့ရေးအတွက် စုဆောင်းပေးသွားမှာဖြစ်ပြီး တိုက်ပွဲ ရှောင်တွေနဲ့ ဒုက္ခရောက် နေသူတွေကိုလည်း လှူဒါန်းသွားမယ်လို့ သမီးငယ်ရဲ့ဖခင် ဦးအောင်ဆန်းဝင်းကပြောပါတယ်။

လစဉ်ကလေး နှစ်ယောက်နာမည်နဲ့ ထီထိုးပေးနေတာ ဖြစ်ပြီး ငါးစောင်တွဲမင်္ဂလာစုံတွဲကနေပေါက်ခဲ့တာပါ။ အဲဒီထီလက်မှတ်ကို မေ(၁၆)ရက် ကထိုးခဲ့တာဖြစ်ပြီး ထီအရောင်းကိုယ်စားလှယ်ရွေးပေးတဲ့ နံပါတ်ကိုထိုးခဲ့တာလို့ ဆိုပါတယ်။

အဲဒီကံထူးရှင်သမီးငယ်ဟာ ရခိုင်ပြည်နယ်အတွင်း သိန်းတစ်သောင်းခွဲဆု ပေါက်တဲ့ ပထမဆုံးကံထူးရှင်လည်း ဖြစ်ပါတယ်။ (၂၀၁၇)ခုနှစ်၊ ဧပြီ(၁)ရက်က ပထမဆုံး အကြိမ်ဖွင့်လှစ်တဲ့ အောင်ဘာလေထီ ကျပ်သိန်းတစ်သောင်းဆုကိုတော့ ကျောက်ဖြူမြို့က ဆွတ်ခူးခဲ့တာပါ။ သတင်း-စံနုခိုင်၊ကျော်လွင်

#OneNewsMyanmar

တိုက္ပြဲေရွာင္မ်ားအတြက္ လႉဒါန္းသြားမည္ဟု သိန္းတစ္ေသာင္းခြဲကံထူးရွင္၏ ဖခင္ေျပာၾကား

တိုက္ပြဲေရွာင္မ်ားအတြက္ လႉဒါန္းသြားမည္ဟု သိန္းတစ္ေသာင္းခြဲကံထူးရွင္၏ ဖခင္ေျပာၾကား

(၁၆)ႀကိမ္ေျမာက္ က်ပ္တစ္ေထာင္တန္ ေအာင္ဘာေလထီ က်ပ္သိန္းတစ္ေသာင္းခြဲဆုကို ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕၊ ႐ြာႀကီးေတာင္ရပ္ကြက္မွာေနတဲ့ တတိယတန္းေက်ာင္းသူေလး ကဆြတ္ခူးခဲ့ပါတယ္။

ကံထူးရွင္ သမီးငယ္ဟာ ဦးေအာင္ဆန္းဝင္းနဲ႔ ေဒၚေမႀကီးျဖဴတို႔ရဲ႕ သမီး မၾကည္ျဖဴစင္သိန္းျဖစ္ၿပီး (ဃ-၃၁၃၁၀၂)နံပါတ္နဲ႔ က်ပ္သိန္းတစ္ေသာင္းခြဲဆုကို ဆြတ္ခူးခဲ့တာပါ။

ထီေပါက္တဲ့ေငြေတြကို ကေလးေတြေရွ႕ေရးအတြက္ စုေဆာင္းေပးသြားမွာျဖစ္ၿပီး တိုက္ပြဲ ေရွာင္ေတြနဲ႔ ဒုကၡေရာက္ ေနသူေတြကိုလည္း လႉဒါန္းသြားမယ္လို႔ သမီးငယ္ရဲ႕ဖခင္ ဦးေအာင္ဆန္းဝင္းကေျပာပါတယ္။

လစဥ္ကေလး ႏွစ္ေယာက္နာမည္နဲ႔ ထီထိုးေပးေနတာ ျဖစ္ၿပီး ငါးေစာင္တြဲမဂၤလာစုံတြဲကေနေပါက္ခဲ့တာပါ။ အဲဒီထီလက္မွတ္ကို ေမ(၁၆)ရက္ ကထိုးခဲ့တာျဖစ္ၿပီး ထီအေရာင္းကိုယ္စားလွယ္ေ႐ြးေပးတဲ့ နံပါတ္ကိုထိုးခဲ့တာလို႔ ဆိုပါတယ္။

အဲဒီကံထူးရွင္သမီးငယ္ဟာ ရခိုင္ျပည္နယ္အတြင္း သိန္းတစ္ေသာင္းခြဲဆု ေပါက္တဲ့ ပထမဆုံးကံထူးရွင္လည္း ျဖစ္ပါတယ္။ (၂၀၁၇)ခုႏွစ္၊ ဧၿပီ(၁)ရက္က ပထမဆုံး အႀကိမ္ဖြင့္လွစ္တဲ့ ေအာင္ဘာေလထီ က်ပ္သိန္းတစ္ေသာင္းဆုကိုေတာ့ ေက်ာက္ျဖဴၿမိဳ႕က ဆြတ္ခူးခဲ့တာပါ။ သတင္း-စံႏုခိုင္၊ေက်ာ္လြင္

#OneNewsMyanmar