စျေးက ဝယ်လာတဲ့ ဟင်းသီးဟင်းရွက် ကနေ ဗိုင်းရပ်စ် ကူးစက်နိုင်သလား ကူးနိုင်ရင် ဘယ်လို ဘယ်လိုဆေးမလဲ?

0
940

စျေးက ဝယ်လာတဲ့ ဟင်းသီးဟင်းရွက် ကနေ ဗိုင်းရပ်စ် ကူးစက်နိုင်သလား တကယ်လို့ ကူးနိုင်ရင် ဘယ်လို ဘယ်လိုဆေးမလဲ?

အသီးအရွက်တွေကိုဘယ်လိုဆေးမလဲ

စျေးကဝယ်လာတဲ့ ဟင်းသီးဟင်းရွက်တွေအပေါ် v i r u s ကပ်ပါလာမှာ စိုးကြမှာပါ။ တယောက်ယောက်က ချောင်ဆိုးသွားရင်၊ လက်နဲ့ကိုင်သွားရင် ဘယ်လိုလုပ်မလဲ တွေးကြတာပါ။

အခုအချိန်အထိ ပိုးရှိတဲ့ ဟင်းသီးဟင်းရွက်စားမိလို့ ကူးစက်တဲ့ case မရှိသေးပါ။

European Food Safey Authority က ထုတ်ပြန်ထားချက်မှာ အစားအစာက ကူးစက်မှု မတွေ့သေးပါတဲ့။

ဒီကိစ္စနဲ့ပတ်သက်ပြီး Dr Jeffery Vanwingen ဆိုသူက y 0 u t u b e မှာ ဆပ်ပြာနဲ့ဆေးပြတဲ့ တာကို တွေ့ဖူးပါတယ်။

ပြဿနာက ကိုယ်ထင်ရာကိုယ်လုပ်ကြတာပါ။

တကယ်တော့ ဟင်းသီးဟင်းရွက်တွေကို ဆပ်ပြာနဲ့ဆေးခြင်းဟာ ကောင်းကျိုးထက်ဆိုးကျိုးကို ပိုဖြစ်စေပါတယ်။

အသီးအရွက်တွေမှာ အပေါက်ငယ်ကလေးတွေပါပြီး ဆပ်ပြာကို စုပ်ယူပါတယ်။

ဟင်းသီးဟင်းရွက်ဆေးဖို့ အထူးစီမံထားတဲ့ ဆပ်ပြာလိုအရည်မျိုးဆိုရင် ပြဿနာမရှိပါ။

ဟင်းသီးဟင်းရွက်တွေကို ဆပ်ပြာနဲ့ ဆေးခြင်းဖြင့် အန်ခြင်း၊ ဝမ်းပျက်ခြင်း၊ ဗိုက်နာခြင်း စတာတွေ ဖြစ်စေတတ်တာကို သတိပြုပါ။

အရက်ပျံပါတဲ့ ရေမလိုဆေးရည်နဲ့ ပွတ်ဆေးတာလည်း လုံးဝမလုပ်သင့်ပါ။

ရေရောထားတဲ့ အစွန်းချွတ်ဆေး bleach က အန္တရာယ်အလွန်များပါတယ်။ လုံးဝမလုပ်ရပါ။

vinegar ရှာလကာရည်နဲ့ လီမွန် lemon juice တွေကလည်း မထိရောက်ပါ။

ဆပ်ပြာကို မဖြစ်မနေသုံးရမှာက #စဉ်းနှီးတုံး၊ #ဒါး နဲ့ #လက်ပါ။

အားလုံးသတိမထားမိတာက ဟင်းသီးဟင်းရွက်ထက် အန္တရာယ်များတာကလှီးတဲ့ စဉ့်နှီးတုံးပါ။ ပြီးတော့ လှီးတဲ့ဒါး။

အသားလည်း ဒီစဉ့်နှီးတုံးနဲ့လှီး၊ အသီးအရွက်လည်း ဒါနဲ့ပဲလှီးတာ အန္တရာယ်များလှပါတယ်။

အသားလှီးဖို့ သပ်သပ်၊ အသီးအရွက်လှီးဖို့ သပ်သပ် စဉ့်နှီးတုံးနဲ့ ဒါးကို ခွဲထားပါ။

အသားလှီးထားပြီးတော့ ရေဆေးပြီးပေမယ့် သခွားသီးထပ်လှီးခြင်းဟာ အန္တရာယ်များပါတယ်။

ဒါးတွေကို နံရံကြား၊ စားပွဲကြားထိုးခြင်းကိုလည်း ရှောင်ကြဉ်ကြရပါမယ်။ ဒီကာလမှာ အစာအဆိပ်သင့်လို့ ဆေးရုံရောက်ရရင် မချောင်ပါ။

စျေးကပြန်ပြန်လာခြင်း လက်ဆေးပါ။

အသီးအရွက်၊ အသားငါးကို #မကိုင်ခင်နဲ့ကိုင်ပြီးရင် လက်ကိုဆပ်ပြာနဲ့ဆေးပါ။

ဒီ virus အတွက် အဓိကစိုးရိမ်ကြမှာက ကန်ဇွန်းရွက်၊ မြင်းခွာရွက်၊ သခွားသီး စတဲ့ အသီးအရွက်တွေလို့ တွက်မိပါတယ်။

ဒီကိစ္စကို လိုက်ဖတ်ကြည့်တော့ ဆပ်ပြာနဲ့ အသီးအရွက်ကို ဆေးတာကို အားမပေးကြပါ။

ကျနော်တို့ လုပ်သင့်တာက မိရိုးဖလာနည်းဖြစ်တဲ့ ဆား နည်းနည်းထည့်ပြီး ရေနဲ့ဆေးတာပါပဲ။

Centre for Science and Enviroment CSE ရဲ့အဆိုအရ ဆား 2% ပါတဲ့ရေအေးနဲ့ဆေးရင် ဓာတုဓာတ်ကြွင်း 75% ရာနှုန်းကို ဖယ်ရှားနိုင်ပါတယ်တဲ့။

ဆေးနည်း (၂ ) နည်းရှိပါတယ်။

(၁) ရေအေး 4 ခွက်ကို ဆား 2 ဇွန်းနှုန်းနဲ့ ဖျော်ပြီး အသီးအရွက်ကို ရေစိမ်ထားပါ။

(၂) ရေများများရရင် ရေပိုက်ကရေနဲ့ ကြာကြာ ဆေးချတာမျိုးက အကောင်းဆုံးနည်းပါ။

ဘယ်လိုပဲဖြစ်ဖြစ် အဲ့လိုဆေးခြင်းတွေဟာ ပိုးရှိရင် 90% နဲ့ အထက် ဖယ်ပစ်မယ့်နှုန်းက အလွန်များပါတယ်။

ဒါက ကိုယ့်အိမ်မှာ ကိုယ်တတ်နိုင်သမျှ ပိုးသန့်အောင်ဆေးဖို့ပါ။

စားသောက်ဆိုင်တွေ၊ အစားအသောက်ပြင်ဆင်ရသူတွေ အနေနဲ့ ဒီလိုကာလမှာ အထူးဂရုပြုရမှာ ဖြစ်ပါတယ်။

နေမကောင်းသူရှိရင် အလုပ်မှ အနားပေးပြီး အစားအသောက်ကို ထိတွေ့သယ်ယူခြင်းမှ ရှောင်ကြဉ်ရမည်ဖြစ်ပါကြောင်း။

Richard Myo Thant 7-April-2020

ေစ်းက ၀ယ္လာတဲ႔ ဟင္းသီးဟင္းရြက္ ကေန ဗိုင္းရပ္စ္ ကူးစက္ႏုိင္သလား ကူးႏိုင္ရင္ ဘယ္လို ဘယ္လိုေဆးမလဲ?

ေစ်းက ၀ယ္လာတဲ႔ ဟင္းသီးဟင္းရြက္ ကေန ဗိုင္းရပ္စ္ ကူးစက္ႏုိင္သလား တကယ္လို႔ ကူးႏိုင္ရင္ ဘယ္လို ဘယ္လိုေဆးမလဲ?

အသီးအရြက္ေတြကိုဘယ္လိုေဆးမလဲ

ေစ်းကဝယ္လာတဲ့ ဟင္းသီးဟင္းရြက္ေတြအေပၚ v i r u s ကပ္ပါလာမွာ စိုးၾကမွာပါ။ တေယာက္ေယာက္က ေခ်ာင္ဆိုးသြားရင္၊ လက္နဲ႔ကိုင္သြားရင္ ဘယ္လိုလုပ္မလဲ ေတြးၾကတာပါ။

အခုအခ်ိန္အထိ ပိုးရွိတဲ့ ဟင္းသီးဟင္းရြက္စားမိလို႔ ကူးစက္တဲ့ case မရွိေသးပါ။

European Food Safey Authority က ထုတ္ျပန္ထားခ်က္မွာ အစားအစာက ကူးစက္မႈ မေတြ႕ေသးပါတဲ့။

ဒီကိစၥနဲ႔ပတ္သက္ၿပီး Dr Jeffery Vanwingen ဆိုသူက y 0 u t u b e မွာ ဆပ္ျပာနဲ႔ေဆးျပတဲ့ တာကို ေတြ႕ဖူးပါတယ္။

ျပႆနာက ကိုယ္ထင္ရာကိုယ္လုပ္ၾကတာပါ။

တကယ္ေတာ့ ဟင္းသီးဟင္းရြက္ေတြကို ဆပ္ျပာနဲ႔ေဆးျခင္းဟာ ေကာင္းက်ိဳးထက္ဆိုးက်ိဳးကို ပိုျဖစ္ေစပါတယ္။

အသီးအရြက္ေတြမွာ အေပါက္ငယ္ကေလးေတြပါၿပီး ဆပ္ျပာကို စုပ္ယူပါတယ္။

ဟင္းသီးဟင္းရြက္ေဆးဖို႔ အထူးစီမံထားတဲ့ ဆပ္ျပာလိုအရည္မ်ိဳးဆိုရင္ ျပႆနာမရွိပါ။

ဟင္းသီးဟင္းရြက္ေတြကို ဆပ္ျပာနဲ႔ ေဆးျခင္းျဖင့္ အန္ျခင္း၊ ဝမ္းပ်က္ျခင္း၊ ဗိုက္နာျခင္း စတာေတြ ျဖစ္ေစတတ္တာကို သတိျပဳပါ။

အရက္ပ်ံပါတဲ့ ေရမလိုေဆးရည္နဲ႔ ပြတ္ေဆးတာလည္း လုံးဝမလုပ္သင့္ပါ။

ေရေရာထားတဲ့ အစြန္းခၽြတ္ေဆး bleach က အႏၲရာယ္အလြန္မ်ားပါတယ္။ လုံးဝမလုပ္ရပါ။

vinegar ရွာလကာရည္နဲ႔ လီမြန္ lemon juice ေတြကလည္း မထိေရာက္ပါ။

ဆပ္ျပာကို မျဖစ္မေနသုံးရမွာက #စဥ္းႏွီးတုံး၊ #ဒါး နဲ႔ #လက္ပါ။

အားလုံးသတိမထားမိတာက ဟင္းသီးဟင္းရြက္ထက္ အႏၲရာယ္မ်ားတာကလွီးတဲ့ စဉ့္ႏွီးတုံးပါ။ ၿပီးေတာ့ လွီးတဲ့ဒါး။

အသားလည္း ဒီစဉ့္ႏွီးတုံးနဲ႔လွီး၊ အသီးအရြက္လည္း ဒါနဲ႔ပဲလွီးတာ အႏၲရာယ္မ်ားလွပါတယ္။

အသားလွီးဖို႔ သပ္သပ္၊ အသီးအရြက္လွီးဖို႔ သပ္သပ္ စဉ့္ႏွီးတုံးနဲ႔ ဒါးကို ခြဲထားပါ။

အသားလွီးထားၿပီးေတာ့ ေရေဆးၿပီးေပမယ့္ သခြားသီးထပ္လွီးျခင္းဟာ အႏၲရာယ္မ်ားပါတယ္။

ဒါးေတြကို နံရံၾကား၊ စားပြဲၾကားထိုးျခင္းကိုလည္း ေရွာင္ၾကဥ္ၾကရပါမယ္။ ဒီကာလမွာ အစာအဆိပ္သင့္လို႔ ေဆး႐ုံေရာက္ရရင္ မေခ်ာင္ပါ။

ေစ်းကျပန္ျပန္လာျခင္း လက္ေဆးပါ။

အသီးအရြက္၊ အသားငါးကို #မကိုင္ခင္နဲ႔ကိုင္ၿပီးရင္ လက္ကိုဆပ္ျပာနဲ႔ေဆးပါ။

ဒီ virus အတြက္ အဓိကစိုးရိမ္ၾကမွာက ကန္ဇြန္းရြက္၊ ျမင္းခြာရြက္၊ သခြားသီး စတဲ့ အသီးအရြက္ေတြလို႔ တြက္မိပါတယ္။

ဒီကိစၥကို လိုက္ဖတ္ၾကည့္ေတာ့ ဆပ္ျပာနဲ႔ အသီးအရြက္ကို ေဆးတာကို အားမေပးၾကပါ။

က်ေနာ္တို႔ လုပ္သင့္တာက မိရိုးဖလာနည္းျဖစ္တဲ့ ဆား နည္းနည္းထည့္ၿပီး ေရနဲ႔ေဆးတာပါပဲ။

Centre for Science and Enviroment CSE ရဲ့အဆိုအရ ဆား 2% ပါတဲ့ေရေအးနဲ႔ေဆးရင္ ဓာတုဓာတ္ႂကြင္း 75% ရာႏႈန္းကို ဖယ္ရွားနိုင္ပါတယ္တဲ့။

ေဆးနည္း (၂ ) နည္းရွိပါတယ္။

(၁) ေရေအး 4 ခြက္ကို ဆား 2 ဇြန္းႏႈန္းနဲ႔ ေဖ်ာ္ၿပီး အသီးအရြက္ကို ေရစိမ္ထားပါ။

(၂) ေရမ်ားမ်ားရရင္ ေရပိုက္ကေရနဲ႔ ၾကာၾကာ ေဆးခ်တာမ်ိဳးက အေကာင္းဆုံးနည္းပါ။

ဘယ္လိုပဲျဖစ္ျဖစ္ အဲ့လိုေဆးျခင္းေတြဟာ ပိုးရွိရင္ 90% နဲ႔ အထက္ ဖယ္ပစ္မယ့္ႏႈန္းက အလြန္မ်ားပါတယ္။

ဒါက ကိုယ့္အိမ္မွာ ကိုယ္တတ္နိုင္သမၽွ ပိုးသန႔္ေအာင္ေဆးဖို႔ပါ။

စားေသာက္ဆိုင္ေတြ၊ အစားအေသာက္ျပင္ဆင္ရသူေတြ အေနနဲ႔ ဒီလိုကာလမွာ အထူးဂ႐ုျပဳရမွာ ျဖစ္ပါတယ္။

ေနမေကာင္းသူရွိရင္ အလုပ္မွ အနားေပးၿပီး အစားအေသာက္ကို ထိေတြ႕သယ္ယူျခင္းမွ ေရွာင္ၾကဥ္ရမည္ျဖစ္ပါေၾကာင္း။

Richard Myo Thant 7-April-2020