ဖားကန့်တွင်ကမ်းပါးပြိုကျပြီးရေမဆေးသမား ၂ ဦး မြေပိသေဆုံး

0
89

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူအုပ်စု၊ သောင်းကော့ကျေးရွာအနီးမှာ ဒီမနက် ဆယ်နာရီလောက်က သက်တမ်းကုန် လုပ်ကွက်က ကမ်းပါးပြိုကျတာကြောင့် ရေမဆေးရှာဖွေသူ ၂ ဦး သေဆုံးခဲ့တယ်လို့ သက်ဆိုင်ရာ နယ်မြေရဲစခန်းက သိရပါတယ်။

သေဆုံးသွားသူ ရေမဆေးနှစ်ဦးဟာ တနိုင်းမြို့ဇာတိ ကချင်တိုင်းရင်းသားတဦးဖြစ်တဲ့ ဆမားဇော်ကိန် (၂၉)နှစ်နဲ့ ၊ ဆဒုံးမြို့ ရပ်ကွက်(၁) အားဟုတ်(ခ)ရှင်းချန်း (၂၁)နှစ်တို့ ဖြစ်ပြီး ဦးခေါင်းနဲ့ မျက်နှာတွေ ကြေညက်သွားပြီး သေဆုံးသွားခဲ့တာလို့ဆိုပါတယ်။

သောင်းကောင့်ကျေးရွာအနီး အရင်ကျောက်တူးကုမ္ပဏီတခုရဲ့ သက်တမ်းကုန် ကျောက်စိမ်းလုပ်ကွက်ကမ်းပါးခြေမှာ ရေမဆေးကျောက် ရှာဖွေစဉ် အမြင့်ပေ ၃ဝဝ လောက်ကနေ ရုတ်တရက် ကမ်းပါးပြိုကျပြီး မြေစာပိသေဆုံးခဲ့တာလို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။

အဆိုပါ နေရာမှာ ပြီးခဲ့တဲ့ မေလ ၃၀ ရက် ည ၇ နာရီလောက်ကလည်း ဦးရန်အောင် (၃၃)နှစ်ဟာ ယခုပြိုကျမယ့် ကမ်းပါးပေါ်ကနေ ပြုတ်ကျ သေဆုံးသွားခဲ့ပါတယ်။

ဒါ့အပြင် ဒီနေရာမှာပဲ ၂ဝ၁၉ ခုနှစ် နိုဝင်ဘာ ၆ ရက်နေ့ကလည်း ရေမဆေးရှာဖွေသူ တစ်ဦး ကမ်းပါးပြိုကျမှုကြောင့် မြေပိသေဆုံးခဲ့ဖူးပါတယ်။

ဖားကန့်မြို့နယ် ဖားကန့်-လုံးခင် ရတနာနယ်မြေမှာ မြေကမ်းပါးပြိုကျမှုတွေကြောင့် ၂ဝ၁၇ နှစ်ကစပြီး နှစ်စဉ် လူပေါင်း ၅၀ ထက် မနည်းသေဆုံးခဲ့ရပြီးဖြစ်ပါတယ်။

အခု ၂၀၂၀ ပြည့်နှစ် ဇွန်လ ၁ရက်နေ့အထိ ယခုဖြစ်စဉ်အပါအဝင် မြေပြိုကျမှု ၈ ကြိမ် ဖြစ်ပွားခဲ့ပြီး လူပေါင်း ၁၄ ဦး သေဆုံးကာ ၁ ဦး ဒဏ်ရာ ပြင်းထန်စွာရခဲ့တယ်လို့ သက်ဆိုင်ရာ ရဲမှတ်တမ်းနဲ့ မီဒီယာ သတင်းဖော်ပြချက်တွေအရ သိရပါတယ်။

သတင်း- ဇော်မိုးထက် (ဖားကန့် ) DVB TV News

ကခ်င္ျပည္နယ္၊ မိုးညႇင္းခ႐ိုင္၊ ဖားကန႔္ၿမိဳ႕နယ္၊ ဆိပ္မူအုပ္စု၊ ေသာင္းေကာ့ေက်း႐ြာအနီးမွာ ဒီမနက္ ဆယ္နာရီေလာက္က သက္တမ္းကုန္ လုပ္ကြက္က ကမ္းပါးၿပိဳက်တာေၾကာင့္ ေရမေဆးရွာေဖြသူ ၂ ဦး ေသဆုံးခဲ့တယ္လို႔ သက္ဆိုင္ရာ နယ္ေျမရဲစခန္းက သိရပါတယ္။

ေသဆုံးသြားသူ ေရမေဆးႏွစ္ဦးဟာ တႏိုင္းၿမိဳ႕ဇာတိ ကခ်င္တိုင္းရင္းသားတဦးျဖစ္တဲ့ ဆမားေဇာ္ကိန္ (၂၉)ႏွစ္နဲ႔ ၊ ဆဒုံးၿမိဳ႕ ရပ္ကြက္(၁) အားဟုတ္(ခ)ရွင္းခ်န္း (၂၁)ႏွစ္တို႔ ျဖစ္ၿပီး ဦးေခါင္းနဲ႔ မ်က္ႏွာေတြ ေၾကညက္သြားၿပီး ေသဆုံးသြားခဲ့တာလို႔ဆိုပါတယ္။

ေသာင္းေကာင့္ေက်း႐ြာအနီး အရင္ေက်ာက္တူးကုမၸဏီတခုရဲ႕ သက္တမ္းကုန္ ေက်ာက္စိမ္းလုပ္ကြက္ကမ္းပါးေျခမွာ ေရမေဆးေက်ာက္ ရွာေဖြစဥ္ အျမင့္ေပ ၃ဝဝ ေလာက္ကေန ႐ုတ္တရက္ ကမ္းပါးၿပိဳက်ၿပီး ေျမစာပိေသဆုံးခဲ့တာလို႔ မ်က္ျမင္ေတြ႕ရွိသူေတြက ေျပာပါတယ္။

အဆိုပါ ေနရာမွာ ၿပီးခဲ့တဲ့ ေမလ ၃၀ ရက္ ည ၇ နာရီေလာက္ကလည္း ဦးရန္ေအာင္ (၃၃)ႏွစ္ဟာ ယခုၿပိဳက်မယ့္ ကမ္းပါးေပၚကေန ျပဳတ္က် ေသဆုံးသြားခဲ့ပါတယ္။

ဒါ့အျပင္ ဒီေနရာမွာပဲ ၂ဝ၁၉ ခုႏွစ္ ႏိုဝင္ဘာ ၆ ရက္ေန႔ကလည္း ေရမေဆးရွာေဖြသူ တစ္ဦး ကမ္းပါးၿပိဳက်မႈေၾကာင့္ ေျမပိေသဆုံးခဲ့ဖူးပါတယ္။

ဖားကန႔္ၿမိဳ႕နယ္ ဖားကန႔္-လုံးခင္ ရတနာနယ္ေျမမွာ ေျမကမ္းပါးၿပိဳက်မႈေတြေၾကာင့္ ၂ဝ၁၇ ႏွစ္ကစၿပီး ႏွစ္စဥ္ လူေပါင္း ၅၀ ထက္ မနည္းေသဆုံးခဲ့ရၿပီးျဖစ္ပါတယ္။

အခု ၂၀၂၀ ျပည့္ႏွစ္ ဇြန္လ ၁ရက္ေန႔အထိ ယခုျဖစ္စဥ္အပါအဝင္ ေျမၿပိဳက်မႈ ၈ ႀကိမ္ ျဖစ္ပြားခဲ့ၿပီး လူေပါင္း ၁၄ ဦး ေသဆုံးကာ ၁ ဦး ဒဏ္ရာ ျပင္းထန္စြာရခဲ့တယ္လို႔ သက္ဆိုင္ရာ ရဲမွတ္တမ္းနဲ႔ မီဒီယာ သတင္းေဖာ္ျပခ်က္ေတြအရ သိရပါတယ္။

သတင္း- ေဇာ္မိုးထက္ (ဖားကန႔္ ) DVB TV News